ေ႐ႊဘို – ျမစ္ႀကီးနားလမ္း၌ စစ္ကားသုံးစီးမိုင္းထိ တစ္စီးမီးေလာင္ကာ
ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ ေ႐ႊဘို – ျမစ္ႀကီးနားလမ္းမႀကီးေပၚတြင္ စစ္ေကာင္စီယာဥ္တန္း သုံးစီးအား မိုင္းဆြဲတိုက္ခိုက္ရာ တစ္စီးမီးေလာင္ပ်က္စီးၿပီး ထိခိုက္ေသဆုံးမႈအမ်ားအျပားရွိေၾကာင္း Northern Tigers Group (NTG)အဖြဲ႕ တာဝန္ခံက ေျပာ သည္။
ႏိုဝင္ဘာ၂၉ ရက္က ေ႐ႊဘို – ျမစ္ႀကီးနားလမ္းမႀကီး၊ လမ္းပိုင္းတစ္ေနရာတြင္ စစ္ေကာင္စီ ယာဥ္သုံးစီးအား မိုင္းဆြဲခဲ့ျခင္းျဖစ္ၿပီး တစ္စီးမီးေလာင္ပ်က္စီးကာ ႏွစ္စီးမွာလည္း ထိခိုက္ပ်က္ စီးသြားေၾကာင္း Northern Tigers Group (NTG)အဖြဲ႕ တာဝန္ခံက ေျပာသည္။
“၁၂ ေကာင္ေသတယ္။ ဒဏ္ရာျပင္းထန္ ေလးဦး။ ဖရဲသီး(စစ္ေကာင္စီသတင္းေပး)ေျပာစကားပါ”ဟု Northern Tigers Group (NTG)အဖြဲ႕ တာဝန္ခံက ေျပာသည္။
သို႔ေသာ္ စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈအား ထပ္မံအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
စစ္ေကာင္စီဘက္က ပစ္ခတ္ေသာ္လည္းမဟာမိတ္အဖြဲ႕မ်ား အထိခိုက္မရွိ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း၊ ထိုစစ္ဆင္ေရးကို Northern Tigers Group (NTG)ႏွင့္အတူ နဂါးညီေနာင္ Twin Dragons ၊ေမာ္ကြန္းညီေနာင္ အဖြဲ႕မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း အသိေပးထားသည္။
အာဏာသိမ္းစစ္တပ္ကို ဆက္လက္ေတာ္လွန္ရန္ ဖ်က္အားျပင္း မိုင္းမ်ား ျပဳလုပ္ရန္အတြက္ ကူညီေထာက္ပံ့ေပးရန္ Northern Tigers Group (NTG)အဖြဲ႕က ေမတၱာရပ္ခံထားသည္။
႐ုပ္သံ-Northern Tigers
Group (NTG)
============
ရွှေဘို – မြစ်ကြီးနားလမ်း၌ စစ်ကားသုံးစီးမိုင်းထိ တစ်စီးမီးလောင်ကာ
အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်း သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးမီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးမှုအများအပြားရှိကြောင်း Northern Tigers Group (NTG)အဖွဲ့ တာဝန်ခံက ပြော သည်။
နိုဝင်ဘာ၂၉ ရက်က ရွှေဘို – မြစ်ကြီးနားလမ်းမကြီး၊ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ယာဉ်သုံးစီးအား မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး တစ်စီးမီးလောင်ပျက်စီးကာ နှစ်စီးမှာလည်း ထိခိုက်ပျက် စီးသွားကြောင်း Northern Tigers Group (NTG)အဖွဲ့ တာဝန်ခံက ပြောသည်။
“၁၂ ကောင်သေတယ်။ ဒဏ်ရာပြင်းထန် လေးဦး။ ဖရဲသီး(စစ်ကောင်စီသတင်းပေး)ပြောစကားပါ”ဟု Northern Tigers Group (NTG)အဖွဲ့ တာဝန်ခံက ပြောသည်။
သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်က ပစ်ခတ်သော်လည်းမဟာမိတ်အဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို Northern Tigers Group (NTG)နှင့်အတူ နဂါးညီနောင် Twin Dragons ၊မော်ကွန်းညီနောင် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အာဏာသိမ်းစစ်တပ်ကို ဆက်လက်တော်လှန်ရန် ဖျက်အားပြင်း မိုင်းများ ပြုလုပ်ရန်အတွက် ကူညီထောက်ပံ့ပေးရန် Northern Tigers Group (NTG)အဖွဲ့က မေတ္တာရပ်ခံထားသည်။
ရုပ်သံ-Northern Tigers
Group (NTG)