စစ္ကိုင္း-မုံ႐ြာ လမ္းပိုင္းတြင္ စစ္တပ္ ယာဥ္တန္းႏွင့္ ေလယာဥ္ဆီတင္ ေဘာက္ဆာကားမ်ားကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ (႐ုပ္/သံ)

ရန္ကုန္၊ ႏိုဝင္ဘာ ၂၅

စစ္ကိုင္း – မုံ႐ြာ လမ္းပိုင္းတြင္း စစ္ကိုင္းမွ မုံ႐ြာသို႔ ထြက္ခြာလာသည့္ အၾကမ္းဖက္ စစ္တပ္ ယာဥ္တန္းႏွင့္ ေလယာဥ္ဆီတင္ ေဘာက္ဆာကားမ်ားကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း ျမင္းမူလင္းယုန္နက္ တပ္ဖြဲ႕ထံမွ သိရသည္

ႏိုဝင္ဘာလ ၂၅ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၂၅ မိနစ္တြင္ စစ္ကိုင္း မွ မုံ႐ြာသို႔ ေလယာဥ္ဆီ တင္ေဆာင္လာသည့္ ေဘာက္ဆာကား ၂ စီးမွ ေရွ႕ဆုံးကားကို ပေဒသာမိုင္း ၄ လုံးျဖင့္ ၂ ႀကိမ္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး ေနရာတြင္ပင္ ထိုးရပ္သြားေၾကာင္း သိရသည္

မြန္းလြဲ ၁ နာရီ ၄၀ မိနစ္တြင္ စစ္ကိုင္းမွ မုံ႐ြာသြား လာသည့္ စစ္ကား ၁၄ စီးပါ ယာဥ္တန္းမွ ၈ စီးေျမာက္ကားကို ဝမ္းျပည့္ႏွင့္ ျမင္းမူ အၾကားတြင္ ပေဒသာ မိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

မြန္းလြဲ ၁ နာရီ ၄၅ မိနစ္တြင္ အဆိုပါ စစ္ကား ၁၄ စီးသည္ အလႅကပၸႏွင့္ ဝမ္းျပည့္ အၾကား အေရာက္တြင္ ပေဒသာ မိုင္း ၂ လုံး တစ္ဖက္ပြင့္ေျပာင္း ၁ လုံးတို႔ျဖင့္ ထပ္မံ ေဖာက္ခြဲ တိုက္ခိုက္ခံရၿပီး ကား ၁ စီး ထိမွန္ခဲ့ေၾကာင္း သိရသည္

မြန္းလြဲ ၁ နာရီ ၄၇ မိနစ္တြင္ ယင္း စစ္ကား ၁၄ စီး ယာဥ္တန္းမွ ၁ စီးေျမာက္ကားႏွင့္ ၉ စီးေျမာက္ကားအား အလႅကပၸႏွင့္ ဝမ္းျပည့္ အၾကား ပေဒသာမိုင္း ၃ လုံး တစ္ဖက္ပြင့္ေျပာင္း ၃ လုံးတို႔ျဖင့္ ၂ ႀကိမ္ ထပ္မံေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

မြန္းလြဲ ၁ နာရီ ၅၁ မိနစ္တြင္ စစ္ကား ၁၄ စီး ယာဥ္တန္းအတြင္း ပါလာသည့္ ေဘာက္ဆာကား ၁ စီး၊ ၁၃ စီးေျမာက္ႏွင့္ ၁၄ စီးေျမာက္ကား၊ စစ္တပ္ ရိကၡာတင္ ေျခာက္ဘီးကား ၁ စီးတို႔အား အလႅကပၸႏွင့္ ဘိုးမင္းႀကီးကင္း အၾကားတြင္ ပေဒသာမိုင္း ၁၂ လုံးတို႔ျဖင့္ ၆ ႀကိမ္ ထပ္မံ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

” တိုက္ခိုက္မႈ အတြင္းမွာ အၾကမ္းဖက္ စစ္ေကာင္စီကား ၆ စီးနဲ႔ ေဘာက္ဆာကား ၂ စီး၊ ေထာက္ပို႔ကား ၁ စီးတို႔ကို တိုက္ခိုက္ႏိုင္ခဲ့တယ္။ ထိခိုက္မႈေတြရွိတယ္ စစ္ေခြးေတြက ဒ႐ုန္းေတြနဲ႔ပါ ေစာင့္ၾကည့္ေနတာဆိုေတာ့ ေခြးေသစာရင္းနဲ႔ ပ်က္စီးဆုံးရႈံးမႈ အေျခအေနကို ေသခ်ာ အတည္မျပဳႏိုင္ခဲ့ဘူး” ဟု Black Eagle Defence Force-MMU (ျမင္းမူလင္းယုန္နက္ ကာကြယ္ေရးအဖြဲ႕)မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္

အဆိုပါ မိုင္းဆြဲ တိုက္ခိုက္မႈကို Black Eagle Defence Force – MMU(ျမင္းမူလင္းယုန္နက္ ကာကြယ္ေရးအဖြဲ႕)မွ ဦးေဆာင္၍ ၊ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးအဖြဲ႕-CDSOM၊ Myinmu Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu – MMU၊ ျမင္းမူလွ်ပ္စီး ေျပာက္က်ားအဖြဲ႕ စသည့္ မဟာမိတ္အဖြဲမ်ားႏွင့္အတူ ျမင္းမူၿမိဳ႕နယ္ ပ.က.ဖ၊ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ စစ္ကိုင္းခ႐ိုင္ တပ္ရင္း (၆) တပ္ခြဲ (၂) တို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းနှင့် လေယာဉ်ဆီတင် ဘောက်ဆာကားများကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်း – မုံရွာ လမ်းပိုင်းတွင်း စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် လေယာဉ်ဆီတင် ဘောက်ဆာကားများကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းမူလင်းယုန်နက် တပ်ဖွဲ့ထံမှ သိရသည်

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်း မှ မုံရွာသို့ လေယာဉ်ဆီ တင်ဆောင်လာသည့် ဘောက်ဆာကား ၂ စီးမှ ရှေ့ဆုံးကားကို ပဒေသာမိုင်း ၄ လုံးဖြင့် ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နေရာတွင်ပင် ထိုးရပ်သွားကြောင်း သိရသည်

မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းမှ မုံရွာသွား လာသည့် စစ်ကား ၁၄ စီးပါ ယာဉ်တန်းမှ ၈ စီးမြောက်ကားကို ဝမ်းပြည့်နှင့် မြင်းမူ အကြားတွင် ပဒေသာ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အဆိုပါ စစ်ကား ၁၄ စီးသည် အလ္လကပ္ပနှင့် ဝမ်းပြည့် အကြား အရောက်တွင် ပဒေသာ မိုင်း ၂ လုံး တစ်ဖက်ပွင့်ပြောင်း ၁ လုံးတို့ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ကား ၁ စီး ထိမှန်ခဲ့ကြောင်း သိရသည်

မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် ယင်း စစ်ကား ၁၄ စီး ယာဉ်တန်းမှ ၁ စီးမြောက်ကားနှင့် ၉ စီးမြောက်ကားအား အလ္လကပ္ပနှင့် ဝမ်းပြည့် အကြား ပဒေသာမိုင်း ၃ လုံး တစ်ဖက်ပွင့်ပြောင်း ၃ လုံးတို့ဖြင့် ၂ ကြိမ် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

မွန်းလွဲ ၁ နာရီ ၅၁ မိနစ်တွင် စစ်ကား ၁၄ စီး ယာဉ်တန်းအတွင်း ပါလာသည့် ဘောက်ဆာကား ၁ စီး၊ ၁၃ စီးမြောက်နှင့် ၁၄ စီးမြောက်ကား၊ စစ်တပ် ရိက္ခာတင် ခြောက်ဘီးကား ၁ စီးတို့အား အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်း အကြားတွင် ပဒေသာမိုင်း ၁၂ လုံးတို့ဖြင့် ၆ ကြိမ် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

” တိုက်ခိုက်မှု အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီကား ၆ စီးနဲ့ ဘောက်ဆာကား ၂ စီး၊ ထောက်ပို့ကား ၁ စီးတို့ကို တိုက်ခိုက်နိုင်ခဲ့တယ်။ ထိခိုက်မှုတွေရှိတယ် စစ်ခွေးတွေက ဒရုန်းတွေနဲ့ပါ စောင့်ကြည့်နေတာဆိုတော့ ခွေးသေစာရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို သေချာ အတည်မပြုနိုင်ခဲ့ဘူး” ဟု Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Black Eagle Defence Force – MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်၍ ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM၊ Myinmu Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu – MMU၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ စသည့် မဟာမိတ်အဖွဲများနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၂) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *