တရား႐ုံးမွာ အမႈသည္ရဲ႕ ဆိုင္ကယ္ ခိုးယူခံရ

မဲေခါင္၊ ႏိုဝင္ဘာ ၂၅

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္မွာရွိတဲ့ တရား႐ုံးေတြ ေပါင္းၿပီး စုေပါင္း ဖြင့္လွစ္ထားတဲ့ ႐ုံးအေရွ႕မွာ ရပ္ထားတဲ့ ဆိုင္ကယ္တစ္စီး ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္၊ ေန႔လည္ပိုင္းက ခိုးယူခံခဲ့ရတယ္လို႔ သိရပါတယ္

ဒီေန႔ ေနလည္ပိုင္းက တရား႐ုံးမွာ အမႈရင္ဆိုင္ဖို႔လာတဲ့ အမႈသည္ရဲ႕ ဆိုင္ကယ္ ခိုးယူခံခဲ့ရတာ ျဖစ္တယ္လို႔ ဆိုင္ကယ္ ခိုးယူခံရသူက ေျပာပါတယ္

“ဆိုင္ကယ္က ႐ုံးေရွ႕မွာပဲ ရပ္ထားခဲ့တာ ျပန္ထြက္လာေတာ့ မရွိေတာ့ဘူး။ အခိုးခံလိုက္ရတာေပါ့ ဒီလိုေနရာမ်ိဳးမွာေတာင္ ခိုးေနၾကတာဆိုေတာ့ ေတာ္ေတာ္ႀကီးကို ဆိုးေနပါၿပီ” လို႔ သူကေျပာပါတယ္

အလားတူ ဒီေန႔မွာပဲ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္ အနီးမွာ ရပ္နားထားတဲ့ ဆိုင္ကယ္ တစ္စီး ခိုးယူခံခဲ့ရတယ္လို႔ သိရပါတယ္

ျမန္မာ့စီးပြားေရးဘဏ္ကို လာေရာက္သူေတြဟာ ေမာ္ေတာ္ဆိုင္ကယ္ေတြကို ဘဏ္ေရွ႕ မ်က္ႏွာစာ လမ္းမေဘးနဲ႔ ဘဏ္ေတာင္ဘက္ လမ္းၾကားမွာ ရပ္ထားခဲ့ရၿပီး လုံၿခဳံေရး မရွိတဲ့အတြက္ ခိုးယူခံခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္

ဆိုင္ကယ္ ခိုးယူခံခဲ့ရတဲ့ ေနရာ အနီးရွိ ျမန္မာ့စီးပြားေရးဘဏ္ေရွ႕မွာ အာဏာသိမ္း စစ္ေကာင္စီတပ္သားေတြ အခ်ိန္ျပည့္ လုံၿခဳံေရး ယူထားပါတယ္

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕မွာ ေမာ္ေတာ္ဆိုင္ကယ္ ခိုးယူခံရမႈ၊ လက္ကိုင္ဖုန္း လုယက္ခိုးယူခံရမႈေတြ မၾကာခဏ ျဖစ္ပြားေနပါတယ္

MeKongNews

တရားရုံးမှာ အမှုသည်ရဲ့ ဆိုင်ကယ် ခိုးယူခံရ

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်မှာရှိတဲ့ တရားရုံးတွေ ပေါင်းပြီး စုပေါင်း ဖွင့်လှစ်ထားတဲ့ ရုံးအရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီး ဒီနေ့ နိုဝင်ဘာ ၂၅ ရက်၊ နေ့လည်ပိုင်းက ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်

ဒီနေ့ နေလည်ပိုင်းက တရားရုံးမှာ အမှုရင်ဆိုင်ဖို့လာတဲ့ အမှုသည်ရဲ့ ဆိုင်ကယ် ခိုးယူခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုင်ကယ် ခိုးယူခံရသူက ပြောပါတယ်

“ဆိုင်ကယ်က ရုံးရှေ့မှာပဲ ရပ်ထားခဲ့တာ ပြန်ထွက်လာတော့ မရှိတော့ဘူး။ အခိုးခံလိုက်ရတာပေါ့ ဒီလိုနေရာမျိုးမှာတောင် ခိုးနေကြတာဆိုတော့ တော်တော်ကြီးကို ဆိုးနေပါပြီ” လို့ သူကပြောပါတယ်

အလားတူ ဒီနေ့မှာပဲ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် အနီးမှာ ရပ်နားထားတဲ့ ဆိုင်ကယ် တစ်စီး ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်

မြန်မာ့စီးပွားရေးဘဏ်ကို လာရောက်သူတွေဟာ မော်တော်ဆိုင်ကယ်တွေကို ဘဏ်ရှေ့ မျက်နှာစာ လမ်းမဘေးနဲ့ ဘဏ်တောင်ဘက် လမ်းကြားမှာ ရပ်ထားခဲ့ရပြီး လုံခြုံရေး မရှိတဲ့အတွက် ခိုးယူခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်

ဆိုင်ကယ် ခိုးယူခံခဲ့ရတဲ့ နေရာ အနီးရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေ အချိန်ပြည့် လုံခြုံရေး ယူထားပါတယ်

စစ်တပ် အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့မှာ မော်တော်ဆိုင်ကယ် ခိုးယူခံရမှု၊ လက်ကိုင်ဖုန်း လုယက်ခိုးယူခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်

MeKongNews

 

Leave a Reply

Your email address will not be published. Required fields are marked *