စစ္ေကာင္စီမွ ဝန္ႀကီးဆိုသူ သက္သက္ခိုင္ ဦးစီးက်င္းပတဲ့ အြန္လိုင္း Zoom အစည္းအေဝးမွာ “မုဒိမ္းစစ္တပ္ အျမတ္ျဖတ္” ၊”လုံး၀ အုပ္ခ်ဳပ္ခြင့္ မရေစရ” စာသားမ်ားျဖင့္ ဝင္ေရာက္ ဆႏၵျပ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၅

အၾကမ္းဖက္စစ္ေကာင္စီမွ ဝန္ႀကီးဆိုသူ သက္သက္ခိုင္ ဦးစီးက်င္းပတဲ့ အြန္လိုင္း Zoom အစည္း အေဝးမွာ “မုဒိမ္းစစ္တပ္ အျမတ္ျဖတ္” ၊”လုံး၀ အုပ္ခ်ဳပ္ခြင့္ မရေစရ” စာသားျဖင့္ ဝင္ေရာက္ ဆႏၵျပ ၾကေၾကာင္း သိရွိရသည္

ႏိုဝင္ဘာလ ၂၅ ရက္ေန႔ နံနက္ ၁၀ နာရီ အခ်ိန္ စစ္ေကာင္စီ၏ လူကယ္ျပန္ဝန္ႀကီးဆိုသူ သက္သက္ ခိုင္ ဦးစီးက်င္းပသည့္ ” အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရး ၁၆ရက္တာ လႈပ္ရွားမႈ အထိမ္းအမွတ္ အခမ္းအနား” ကို အြန္လိုင္းမွတစ္ဆင့္ ေတာ္လွန္ေရးအဖြဲ႕တစ္ခုက ဝင္ေရာက္ ဆႏၵျပခဲ့ျခင္းျဖစ္သည္

“ဒီပြဲဟာ စစ္ေကာင္စီဝန္ႀကီး ေဒၚသက္သက္ခိုင္တက္ေရာက္တယ္။ အခမ္းအနားကို လူကိုယ္တိုင္နဲ႔ အြန္လိုင္း Zoom တက္ေရာက္ျခင္း ပုံစံႏွစ္မ်ိဳးေပါင္းလုပ္ထားတဲ့ Hybrid ပုံစံအခမ္းအနားျဖစ္ၿပီး ေတာ္လွန္ေရးရဲေဘာ္ေတြအေနျဖင့္ စစ္ေကာင္စီ ရဲ႕ Zoom အစည္းအေဝးကိုထဲကို ဝင္ေရာက္ ဆႏၵျပခဲ့တာပါ ZOOM အခမ္းအနားအတြင္းမွာ “လုံးဝအုပ္ခ်ဳပ္ခြင့္မရေစရ” ၊ “မုဒိမ္းစစ္တပ္ အျမစ္ျဖတ္” စာသားႏွစ္ခုပါတဲ့ Zoom ေနာက္ခံပုံေတြ ေျပာင္းကာ ျပသခဲ့တာျဖစ္ပါတယ္

ေတာ္လွန္ ေရး ရဲေဘာ္ေတြအေနနဲ႔ စစ္ေကာင္စီရဲ႕ လူကယ္ျပန္ဌာနထဲက ေတာ္လွန္ ေရးဘက္ေတာ္ သားေတြ ရဲ႕ကူညီမႈနဲ႔ အခမ္းအနားအတြင္းကို ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၅ မိနစ္ၾကာ ဆႏၵျပႏိုင္ခဲ့ပါတယ္ စစ္ေကာင္စီဆန႔္က်င္ေရး ဗီဒီယိုဖြင့္ျခင္း၊ အသံျဖင့္ဆႏၵထုတ္ေဖာ္ျခင္းမ်ားျပဳလုပ္ဖို႔ ရည္႐ြယ္ ထား ေပမယ့္လည္း Zoom Setting မွာ အဲဒီလုပ္ေဆာင္ခ်က္ေတြကို ပိတ္ထားလို႔ စစ္ေကာင္စီ ဆန႔္က်င္ ေရး ေနာက္ခံပုံ ေျပာင္းျခင္းျဖင့္သာ ဆႏၵထုတ္ေဖာ္ႏိုင္ခဲ့တာပါ” ဟု ဆႏၵျပမႈတြင္ပါဝင္သူ ေတာ္လွန္ ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္

ယင္းေနာက္ စစ္ေကာင္စီက အြန္လိုင္း Zoom အစည္းအေဝးထဲအထိ ဝင္ေရာက္ဆႏၵျပသူမ်ားကို ခ်က္ခ်င္း ထုတ္ပယ္ခဲ့ေၾကာင္း၊ သို႔ရာတြင္ ေတာ္လွန္ေရးအဖြဲ႕က အသုတ္လိုက္ ခြဲ၍ အြန္လိုင္း Zoom အစည္းအေဝးထဲသို႔ ဝင္ေရာက္ ဆႏၵျပျခင္းျဖစ္ေၾကာင္း သိရွိရသည္

“ဆႏၵျပတဲ့သူေတြကို သူတို႔က အြန္လိုင္းအစည္းအေဝးထဲက ထုတ္တယ္။ အဲဒီေတာ့ အဖြဲ႕ဝင္ေတြက တဝက္စီ က်န္က်န္ခဲ့ၿပီး ဆႏၵျပတာ။ အစည္းအေဝးထဲကို ၁၀ ဦးေက်ာ္ေလာက္ဝင္ၿပီး ဆႏၵျပတာ။ ပထမ သူတို႔လည္း ေၾကာင္ၾကည့္ ေနေသးတယ္” ဟု ေတာ္လွန္ေရး အဖြဲ႕တာဝန္ရွိ သူကဆက္ လက္ေျပာ ဆိုသည္

စစ္ေကာင္စီက်င္းပသည့္ အြန္လိုင္း Zoom အစည္းအေဝးထဲသို႔ ဝင္ေရာက္ ဆႏၵျပမႈမွာ ယခုပထမဆုံး အႀကိမ္ျဖစ္ၿပီး အေျခအေနေပၚမူတည္၍ စစ္ေကာင္ စီ၏ Zoom အစည္းအေဝးမ်ားကို ထိုးေဖာက္ဝင္ ေရာက္ ဆႏၵျပမည္ ျဖစ္ေၾကာင္း သိရွိရသည္

ဓာတ္ပုံ- ယေန႔ နံနက္ပိုင္း စစ္ေကာင္စီမွ သက္သက္ခိုင္ ဦးစီးက်င္းပသည့္ အြန္လိုင္း Zoom အစည္းအေဝးကို ဝင္ေရာက္ ဆႏၵျပသည့္ျမင္ကြင္းမ်ား

စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်း အဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားဖြင့် ဝင်ရောက် ဆန္ဒပြ ကြကြောင်း သိရှိရသည်

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဆိုသူ သက်သက် ခိုင် ဦးစီးကျင်းပသည့် ” အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား” ကို အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်

“ဒီပွဲဟာ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်တက်ရောက်တယ်။ အခမ်းအနားကို လူကိုယ်တိုင်နဲ့ အွန်လိုင်း Zoom တက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်ထားတဲ့ Hybrid ပုံစံအခမ်းအနားဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအနေဖြင့် စစ်ကောင်စီ ရဲ့ Zoom အစည်းအဝေးကိုထဲကို ဝင်ရောက် ဆန္ဒပြခဲ့တာပါ ZOOM အခမ်းအနားအတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ် အမြစ်ဖြတ်” စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံတွေ ပြောင်းကာ ပြသခဲ့တာဖြစ်ပါတယ်

တော်လှန် ရေး ရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန် ရေးဘက်တော် သားတွေ ရဲ့ကူညီမှုနဲ့ အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅ မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ပါတယ် စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ဖို့ ရည်ရွယ် ထား ပေမယ့်လည်း Zoom Setting မှာ အဲဒီလုပ်ဆောင်ချက်တွေကို ပိတ်ထားလို့ စစ်ကောင်စီ ဆန့်ကျင် ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တာပါ” ဟု ဆန္ဒပြမှုတွင်ပါဝင်သူ တော်လှန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်

ယင်းနောက် စစ်ကောင်စီက အွန်လိုင်း Zoom အစည်းအဝေးထဲအထိ ဝင်ရောက်ဆန္ဒပြသူများကို ချက်ချင်း ထုတ်ပယ်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေးအဖွဲ့က အသုတ်လိုက် ခွဲ၍ အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်

“ဆန္ဒပြတဲ့သူတွေကို သူတို့က အွန်လိုင်းအစည်းအဝေးထဲက ထုတ်တယ်။ အဲဒီတော့ အဖွဲ့ဝင်တွေက တဝက်စီ ကျန်ကျန်ခဲ့ပြီး ဆန္ဒပြတာ။ အစည်းအဝေးထဲကို ၁၀ ဦးကျော်လောက်ဝင်ပြီး ဆန္ဒပြတာ။ ပထမ သူတို့လည်း ကြောင်ကြည့် နေသေးတယ်” ဟု တော်လှန်ရေး အဖွဲ့တာဝန်ရှိ သူကဆက် လက်ပြော ဆိုသည်

စစ်ကောင်စီကျင်းပသည့် အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ စစ်ကောင် စီ၏ Zoom အစည်းအဝေးများကို ထိုးဖောက်ဝင် ရောက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီမှ သက်သက်ခိုင် ဦးစီးကျင်းပသည့် အွန်လိုင်း Zoom အစည်းအဝေးကို ဝင်ရောက် ဆန္ဒပြသည့်မြင်ကွင်းများ

 

Leave a Reply

Your email address will not be published. Required fields are marked *