ပန္ဆယ္လိုပို႔စ္မွာ မွတ္ခ်က္ေပးတာကအစ တိုင္ၿပီးဖမ္းခိုင္းတဲ့ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ပ–စ္သ–တ္ခံရ

ဧရာဝတီတိုင္းမ္

(သုံးဆယ္)၊ ႏိုဝင္ဘာလ ၂၅ ရက္

ပဲခူးတိုင္း(အေနာက္ျခမ္း)၊သာယာဝတီၿမိဳ႕နယ္၊ သုံးဆယ္ ၿမိဳ႕က စစ္ေကာင္စီခန႔္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ၁ ဦး ယေန႔ ႏိုဝင္ဘာလ ၂၅ ရက္ မနက္ ၆ နာရီဝန္း က်င္တြင္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္းေဒသခံမ်ားထံကသိရသည္

ပစ္သတ္ခံရသူမွာ စံေ႐ြးတန္းရပ္ကြက္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ထြန္းထြန္း ဆိုသူျဖစ္ၿပီး သုံးဆယ္ၿမိဳ႕ ေဈးလယ္ေခါင္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး ပြဲခ်င္း ၿပီးေသဆုံးခဲ့ေၾကာင္းသိရသည္

အဆိုပါ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးသည္ လူမႈကြန္ယက္တြင္စစ္ေကာင္စီကိုေဝဖန္ေရးသားမႈ၊ စစ္ေကာင္စီကိုဆန႔္က်င္ၿပီးေရးသားသည့္ လူမႈကြန္ယက္ဆယ္လီမ်ား၏ေအာက္တြင္ မွတ္ခ်က္ေပးမႈ စသည့္ ေရးသားမႈမ်ားျပဳလုပ္သည့္ေဒသခံမ်ားကိုပါ တိုင္ၾကားဖမ္းဆီးခိုင္းသူျဖစ္ေၾကာင္းသိရသည္

သူကႀကံ့ခိုင္ေရးဝန္ႀကီးေဟာင္းျမင့္လြင္ဦးရဲ႕တပည့္ရင္း ၊ သူတို႔လုပ္သမွ်ကသူတို႔ဆရာ ပုံရိပ္ျမင့္ေအာင္လုပ္ေနၾကတာ၊အာဏာစသိမ္းထဲကစစ္တပ္နဲ႔ေပါင္းၿပီးေနတယ္၊ သူ႔႐ုံးမွာ စစ္တပ္ကိုတပ္စြဲခြင့္ျပဳၿပီး တစ္ေန႔ တစ္ေန႔သိန္းခ်ီကုန္ခံၿပီး ေကြၽးေမြးေနတာ၊ ပန္ဆယ္လို ပို႔စ္မွာ ကြန႔္မန႔္ေပးလဲ သူကတိုင္ၿပီးဖမ္းခိုင္းတယ္။ ပ႐ိုဖိုင္ အနီေတြ အနက္ေတြ ခ်ိန္းလဲတိုင္တယ္၊ဖမ္းခိုင္းတယ္” ဟု သာယာဝတီျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တစ္ဦးမွ ဧရာဝတီတိုင္းမ္ကိုေျပာသည္

အဆိုပါအုပ္ခ်ဳပ္ေရးမႉးသည္ အာဏာသိမ္းကာလမွစတင္၍ ၎ရပ္ကြက္႐ုံး၌စစ္တပ္အားတပ္စြဲခြင့္ျပဳၿပီး ယခုအခါတြင္ အတင္းအက်ပ္ဧည့္စာရင္းစစ္ျခင္း၊ လူမႈကြန္ယက္တြင္စစ္ေကာင္စီေပၚေဝဖန္သည့္ သူမ်ားကိုတိုင္ၾကားဖမ္းဆီးျခင္းမ်ားရွိၿပီး ၎ေၾကာင့္ဖမ္းဆီးခံထားရသူမ်ားလည္း ရွိသည္ဟုဆိုသည္

အဆိုပါ လုပ္ေဆာင္မႈအား သာယာဝတီဂဠဳန္တပ္ဖြဲ႕က နန္းထိုက္ေအာင္စစ္ဆင္ေရးအျဖစ္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ ၁၄ ရက္တြင္လည္း အိုက္ကဒုန္း႐ြာအုပ္ခ်ဳပ္ေရးမႉးမင္းႏိုင္ႏွင့္ ျမစ္က်ိဳးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႀကီးျမင့္တို႔အား ရွင္းလင္းလုပ္ေဆာင္ ခဲ့ေၾကာင္းသိရသည္

AyeyarwaddyTimes

ပန်ဆယ်လိုပို့စ်မှာ မှတ်ချက်ပေးတာကအစ တိုင်ပြီးဖမ်းခိုင်းတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပ–စ်သ–တ်ခံရ

ဧရာဝတီတိုင်းမ်

(သုံးဆယ်)၊ နိုဝင်ဘာလ ၂၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီမြို့နယ်၊ သုံးဆယ် မြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ယနေ့ နိုဝင်ဘာလ ၂၅ ရက် မနက် ၆ နာရီဝန်း ကျင်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်

ပစ်သတ်ခံရသူမှာ စံရွေးတန်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဆိုသူဖြစ်ပြီး သုံးဆယ်မြို့ ဈေးလယ်ခေါင်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်းသိရသည်

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည် လူမှုကွန်ယက်တွင်စစ်ကောင်စီကိုဝေဖန်ရေးသားမှု၊ စစ်ကောင်စီကိုဆန့်ကျင်ပြီးရေးသားသည့် လူမှုကွန်ယက်ဆယ်လီများ၏အောက်တွင် မှတ်ချက်ပေးမှု စသည့် ရေးသားမှုများပြုလုပ်သည့်ဒေသခံများကိုပါ တိုင်ကြားဖမ်းဆီးခိုင်းသူဖြစ်ကြောင်းသိရသည်

သူကကြံ့ခိုင်ရေးဝန်ကြီးဟောင်းမြင့်လွင်ဦးရဲ့တပည့်ရင်း ၊ သူတို့လုပ်သမျှကသူတို့ဆရာ ပုံရိပ်မြင့်အောင်လုပ်နေကြတာ၊အာဏာစသိမ်းထဲကစစ်တပ်နဲ့ပေါင်းပြီးနေတယ်၊ သူ့ရုံးမှာ စစ်တပ်ကိုတပ်စွဲခွင့်ပြုပြီး တစ်နေ့ တစ်နေ့သိန်းချီကုန်ခံပြီး ကျွေးမွေးနေတာ၊ ပန်ဆယ်လို ပို့စ်မှာ ကွန့်မန့်ပေးလဲ သူကတိုင်ပြီးဖမ်းခိုင်းတယ်။ ပရိုဖိုင် အနီတွေ အနက်တွေ ချိန်းလဲတိုင်တယ်၊ဖမ်းခိုင်းတယ်” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်

အဆိုပါအုပ်ချုပ်ရေးမှူးသည် အာဏာသိမ်းကာလမှစတင်၍ ၎င်းရပ်ကွက်ရုံး၌စစ်တပ်အားတပ်စွဲခွင့်ပြုပြီး ယခုအခါတွင် အတင်းအကျပ်ဧည့်စာရင်းစစ်ခြင်း၊ လူမှုကွန်ယက်တွင်စစ်ကောင်စီပေါ်ဝေဖန်သည့် သူများကိုတိုင်ကြားဖမ်းဆီးခြင်းများရှိပြီး ၎င်းကြောင့်ဖမ်းဆီးခံထားရသူများလည်း ရှိသည်ဟုဆိုသည်

အဆိုပါ လုပ်ဆောင်မှုအား သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်တွင်လည်း အိုက်ကဒုန်းရွာအုပ်ချုပ်ရေးမှူးမင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးကြီးမြင့်တို့အား ရှင်းလင်းလုပ်ဆောင် ခဲ့ကြောင်းသိရသည်

AyeyarwaddyTimes

 

Leave a Reply

Your email address will not be published. Required fields are marked *