Mytel ဝန်ထမ်းမှ စစ်ကောင်စီရောင်းချသည့် ရွှေဝယ်ယူမည့်သူ ပိုက်ဆံအိတ်ကို ကူသယ်ပေးမယ်ဆိုပြီး မ ပြေး

CJ Platform

စစ်ကောင်စီမှ ရောင်းချနေသည့် ရွှေဝယ်ယူမည့် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံကို Mytel ဝန်ထမ်းတစ်ဦးမှ ကူသယ်ပေးမည်ဟုဆိုကာ လုယူ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် နောင်ချိုမြို့နယ်၌ နေထိုင်သည့် မအေးမြတ်မွန်ဆိုသူသည် စစ်ကောင်စီမှ ရောင်းချသည့် ရွှေဝယ်ယူရန် မန္တလေးမြို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးခွဲသို့ နိုဝင်ဘာ ၁၄ ရက်က သွားရောက်ရာတွင် Mytel ရုံးလုံခြုံရေးဝန်ထမ်း(အမျိုးသား)တစ်ဦးမှ ကျပ်ငွေ ၁၈၂ သိန်းထည့်ထားသည့် ကျောပိုးအိတ်ကို ကူသယ်ပေးမည်ဟုဆိုကာ ယူဆောင်သွားခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မအေးမြတ်မွန်မှ စစ်ကောင်စီ ရဲစခန်းတွင် အမှုဖွင့်ထားပြီး သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

“မန္တလေးမြို့၊ ၆၆ လမ်း ကျုံးထောင့်က မြန်မာ့ကျောက်မျက်ရုံးမှာ သူက စစ်ကောင်စီရွှေသွားဝယ်တာ၊ လုံခြုံရေးဝန်ထမ်းကနေပြီးတော့ လိုက်ပို့ပေးမယ်ဆိုပြီး ငွေထုပ်ကိုင်နောက်ကလိုက်တယ်။

အပေါ်ထပ်မရောက်ခင် ငွေထုပ်ယူဆင်းပြေးသွားတာ၊ ချက်ချင်းလိုက်ပေမယ့် မမှီဘူး” ဟု ငွေလုယူခံရသည့် မအေးမြတ်မွန်၏ အသိမိတ်ဆွေတစ်ဦးမှ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

ငွေထုပ်အား လုယူခဲ့သူ အမျိုသား၏ မှတ်ပုံတင် နံပါတ်ကိုသာသိရှိပြီး လက်ရှိအချိန်ထိ နေရပ်လိပ် စာပင် မသိရှိရသေးကြောင်း ယင်းကဆိုထားသည်။

🖋️မွန်လေး

Mytel ဝန်ထမ်းမှ စစ်ကောင်စီရောင်းချသည့် ရွှေဝယ်ယူမည့်သူ ပိုက်ဆံအိတ်ကို ကူသယ်ပေးမယ်ဆိုပြီး မ ပြေး

CJ Platform

Mytel ဝန္ထမ္းမွ စစ္ေကာင္စီေရာင္းခ်သည့္ ေ႐ႊဝယ္ယူမည့္သူ ပိုက္ဆံအိတ္ကို ကူသယ္ေပးမယ္ဆိုၿပီး မ ေျပး

CJ Platform

စစ္ေကာင္စီမွ ေရာင္းခ်ေနသည့္ ေ႐ႊဝယ္ယူမည့္ အမ်ိဳးသမီးတစ္ဦး၏ ပိုက္ဆံကို Mytel ဝန္ထမ္းတစ္ဦးမွ ကူသယ္ေပးမည္ဟုဆိုကာ လုယူ ထြက္ေျပးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္သည္ ေနာင္ခ်ိဳၿမိဳ႕နယ္၌ ေနထိုင္သည့္ မေအးျမတ္မြန္ဆိုသူသည္ စစ္ေကာင္စီမွ ေရာင္းခ်သည့္ ေ႐ႊဝယ္ယူရန္ မႏၲေလးၿမိဳ႕ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း႐ုံးခြဲသို႔ ႏိုဝင္ဘာ ၁၄ ရက္က သြားေရာက္ရာတြင္ Mytel ႐ုံးလုံၿခဳံေရးဝန္ထမ္း(အမ်ိဳးသား)တစ္ဦးမွ က်ပ္ေငြ ၁၈၂ သိန္းထည့္ထားသည့္ ေက်ာပိုးအိတ္ကို ကူသယ္ေပးမည္ဟုဆိုကာ ယူေဆာင္သြားျခင္း ျဖစ္သည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မေအးျမတ္မြန္မွ စစ္ေကာင္စီ ရဲစခန္းတြင္ အမႈဖြင့္ထားၿပီး ေသာ္လည္း လက္ရွိအခ်ိန္ထိ ထူးျခားမႈမရွိေသးေၾကာင္း သိရသည္။

“မႏၲေလးၿမိဳ႕၊ ၆၆ လမ္း က်ဳံးေထာင့္က ျမန္မာ့ေက်ာက္မ်က္႐ုံးမွာ သူက စစ္ေကာင္စီေ႐ႊသြားဝယ္တာ၊ လုံၿခဳံေရးဝန္ထမ္းကေနၿပီးေတာ့ လိုက္ပို႔ေပးမယ္ဆိုၿပီး ေငြထုပ္ကိုင္ေနာက္ကလိုက္တယ္။

အေပၚထပ္မေရာက္ခင္ ေငြထုပ္ယူဆင္းေျပးသြားတာ၊ ခ်က္ခ်င္းလိုက္ေပမယ့္ မမွီဘူး” ဟု ေငြလုယူခံရသည့္ မေအးျမတ္မြန္၏ အသိမိတ္ေဆြတစ္ဦးမွ လူမႈကြန္ယက္စာမ်က္နာတြင္ ေရးသားထားသည္။

ေငြထုပ္အား လုယူခဲ့သူ အမ်ိဳသား၏ မွတ္ပုံတင္ နံပါတ္ကိုသာသိရွိၿပီး လက္ရွိအခ်ိန္ထိ ေနရပ္လိပ္ စာပင္ မသိရွိရေသးေၾကာင္း ယင္းကဆိုထားသည္။

🖋️မြန္ေလး

Mytel ဝန္ထမ္းမွ စစ္ေကာင္စီေရာင္းခ်သည့္ ေ႐ႊဝယ္ယူမည့္သူ ပိုက္ဆံအိတ္ကို ကူသယ္ေပးမယ္ဆိုၿပီး မ ေျပး

CJ Platform

 

Leave a Reply

Your email address will not be published. Required fields are marked *