ခင္ရီ ထြက္ရၿပီ

စစ္တပ္၏ အေျခအေန ယိမ္းယိုင္လာေနမႈ ကို ထပ္မံ ျပဆို‌သည့္ အ ေၾကာင္းတခုမွာ စစ္တပ္၏ လက္ပါးေစ အမည္ခံအျဖစ္ ေျဗာင္က်က် ခံယူလိုက္ၿပီ ျဖစ္ေသာ USDP ပါတီဥကၠဌ ခင္ရီ မွ “မိမိတို႔ အေနႏွင့္ မ်က္ရည္သုတ္၊ လက္သီးဆုပ္ၿပီး ေရွ႕သို႔ထြက္ကာ ကာကြယ္သြားရန္ အသင့္ျပင္ထားရမည္” ဟု စစ္ကိုင္းတိုင္း ေဒသႀကီး အတြင္း ကြင္ဆင္း၍ ေဟာေျပာလာေနရျခင္းပင္ ျဖစ္သည္

အားမာန္ အျပည့္ႏွင့္ ထိုသို႔ ေႂကြး ေၾကာ္ေနေသာ္ ျငားလည္း ၎ကိုယ္တိုင္က စစ္ကိုင္းတိုင္းသို႔ ကုန္းလမ္းျဖင့္ မလာရဲဘဲ ေလေၾကာင္းခရီး ျဖင့္ ေရာက္ရွိလာခဲ့ရျခင္းျဖစ္သည္

တဖက္ က မိမိတို႔အေပၚ တသက္လုံး အႏိုင္က်င့္ ဗိုလ္က်ေနသည့္ စစ္ဝါဒကို တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အျမစ္ျဖတ္ ေခ်မႈန္းႏိုင္ရန္ တိုက္ပြဲဝင္ေနၾကသူမ်ားကို ၎တို႔ သက္ဆိုးရွည္ေရး အတြက္ အသက္ အေသခံ ေပးၾကပါရန္ လိုက္လံေဆာ္ဩေနၾကရသည့္ အျဖစ္ဟု မဆိုက အျခား ဘယ္သို႔မ်ား ဆိုႏိုင္ေပဦးမည္နည္း

လာမည့္ အတုအ‌ေယာင္ ေ႐ြးေကာက္ပြဲျဖင့္ အႏိုင္ရရွိရန္ ေသခ်ာေနၿပီ ျဖစ္ေသာ USDP သည္ လူထု၏ ယုံၾကည္ကိုးစားမႈကို ရဖို႔ ေနေနသာသာ လူထု၏ ႐ြံရွာ မုန္းတီးမႈ ခံေနရေသာ စစ္တပ္ ႏွင့္ ပုလင္းတူ ဘူးဆို႔ မဟုတ္ဟု ဟန္ေဆာင္ပန္ေဆာင္ပင္ လုပ္ေနစရာ မလိုေတာ့‌ ေအာင္ ထင္ထင္ရွားရွား လုပ္ေဆာင္လာေနသည္ကို ေတြ႕ရသည္

ျမန္မာ စီးပြားေရးသည္ အဒမ္စမစ္ အား ပန္းပဲဆရာ လားဟု တတ္ေယာင္ကား ေျပာဆိုသူမ်ား၏ လက္ဝယ္ က်ေရာက္‌ ေနၿပီး ျပည္သူမ်ားသည္လည္း ၎တို႔၏ ေပါက္ပန္းေဈး အေတြး အေခၚမ်ား ႏွင့္ စီမံ အုပ္ခ်ဳပ္ခံရမည့္ အျဖစ္သို႔ ဦးတည္ေနေပသည္

ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

Hla Soewai

ခင်ရီ ထွက်ရပြီ

စစ်တပ်၏ အခြေအနေ ယိမ်းယိုင်လာနေမှု ကို ထပ်မံ ပြဆို‌သည့် အ ကြောင်းတခုမှာ စစ်တပ်၏ လက်ပါးစေ အမည်ခံအဖြစ် ဗြောင်ကျကျ ခံယူလိုက်ပြီ ဖြစ်သော USDP ပါတီဥက္ကဌ ခင်ရီ မှ “မိမိတို့ အနေနှင့် မျက်ရည်သုတ်၊ လက်သီးဆုပ်ပြီး ရှေ့သို့ထွက်ကာ ကာကွယ်သွားရန် အသင့်ပြင်ထားရမည်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ကွင်ဆင်း၍ ဟောပြောလာနေရခြင်းပင် ဖြစ်သည်

အားမာန် အပြည့်နှင့် ထိုသို့ ကြွေး ကြော်နေသော် ငြားလည်း ၎င်းကိုယ်တိုင်က စစ်ကိုင်းတိုင်းသို့ ကုန်းလမ်းဖြင့် မလာရဲဘဲ လေကြောင်းခရီး ဖြင့် ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်

တဖက် က မိမိတို့အပေါ် တသက်လုံး အနိုင်ကျင့် ဗိုလ်ကျနေသည့် စစ်ဝါဒကို တိုင်းပြည်နှင့် လူမျိုးအတွက် အမြစ်ဖြတ် ချေမှုန်းနိုင်ရန် တိုက်ပွဲဝင်နေကြသူများကို ၎င်းတို့ သက်ဆိုးရှည်ရေး အတွက် အသက် အသေခံ ပေးကြပါရန် လိုက်လံဆော်ဩနေကြရသည့် အဖြစ်ဟု မဆိုက အခြား ဘယ်သို့များ ဆိုနိုင်ပေဦးမည်နည်း

လာမည့် အတုအ‌ယောင် ရွေးကောက်ပွဲဖြင့် အနိုင်ရရှိရန် သေချာနေပြီ ဖြစ်သော USDP သည် လူထု၏ ယုံကြည်ကိုးစားမှုကို ရဖို့ နေနေသာသာ လူထု၏ ရွံရှာ မုန်းတီးမှု ခံနေရသော စစ်တပ် နှင့် ပုလင်းတူ ဘူးဆို့ မဟုတ်ဟု ဟန်ဆောင်ပန်ဆောင်ပင် လုပ်နေစရာ မလိုတော့‌ အောင် ထင်ထင်ရှားရှား လုပ်ဆောင်လာနေသည်ကို တွေ့ရသည်

မြန်မာ စီးပွားရေးသည် အဒမ်စမစ် အား ပန်းပဲဆရာ လားဟု တတ်ယောင်ကား ပြောဆိုသူများ၏ လက်ဝယ် ကျရောက်‌ နေပြီး ပြည်သူများသည်လည်း ၎င်းတို့၏ ပေါက်ပန်းဈေး အတွေး အခေါ်များ နှင့် စီမံ အုပ်ချုပ်ခံရမည့် အဖြစ်သို့ ဦးတည်နေပေသည်

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

 

Leave a Reply

Your email address will not be published. Required fields are marked *