PDF ရဲေဘာ္ ေျခာက္ဦး လက္နက္မ်ားျဖင့္ ထြက္ေျပး

CJ Platform

တနသၤာရီတိုင္းအတြင္းရွိ Launglon People Defence Force မွ ရဲေဘာ္ ေျခာက္ဦး လက္နက္မ်ားျဖင့္ ထြက္ေျပးခဲ့ေၾကာင္း ယင္းအဖြဲ႕က ႏိုဝင္ဘာ ၂၄ ရက္တြင္ ထုတ္ျပန္ထားသည္

ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္ရွိ ေလာင္းလုံးၿမိဳ႕နယ္၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ရဲေဘာ္ဗိုက္ကေလး၊ ရဲေဘာ္ခ်ီးဖိုင္၊ ရဲေဘာ္တုတ္ႀကီး၊ ရဲေဘာ္ဒီးေလာင္ဂီး၊ ရဲေဘာ္တာဇံႏွင့္ ရဲေဘာ္ဗိုက္ကေလး တို႔သည္ ႏိုဝင္ဘာ ၂၁ ရက္ ညအခ်ိန္တြင္ စခန္းအ နီး ေသနတ္တစ္ခ်က္ပစ္ေဖာက္ကာ ႏိုဝင္ဘာ ၂၂ ရက္ နံနက္ ၄နာရီ မိနစ္ ၃၀တြင္ စခန္းမွ ထြက္ေျပးခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္

ထိုကဲ့သို႔ ထြက္ေျပးခဲ့သည့္ ရဲေဘာ္ ေျခာက္ဦးသည္ ေလာင္းလုံ ပကဖမွ ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ကာ ကာကြယ္ေရးပစၥည္းအခ်ိဳ႕ႏွင့္ အတူ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ၿပီး၊ ထြက္ေျပးခဲ့သည့္ ရဲေဘာ္မ်ားကို လက္ခံထားသည့္ အဖြဲ႕အ စည္းမ်ားအေနျဖင့္ အျမန္ဆုံး အေၾကာင္းၾကားေပးရန္ ေမတၱာရပ္ခံ ထားသည္

အထက္ပါ ကိစၥႏွင့္ ပတ္သက္ၿပီး ျပည္သူတစ္ဦးက “လက္ခုပ္ တဖက္ထဲတီးလို႔ အသံမထြက္တတ္ပါဘူး။ ညီကိုတို႔ အေျခအေနမွန္ကို အတည္ျဖစ္မွ စဥ္းစားဆုံးျဖတ္ၾကပါ ထင္ေရာင္ထင္မွားလိုရာဆြဲေျပာမလုပ္ၾကပါနဲ႔၊ ကိုယ့္ရဲဆႏၵဦးစားမေပးမိပါေစနဲ႔ ဘက္ေပါင္းစုံအတြက္ၾကည့္ၿပီးစားကိုေျပာၾကပါ ညီကိုတို႔”ဟု ေလာင္းလုံ PDF လူမႈကြန္ယက္စာမ်က္ႏွာတြင္ မွတ္ခ်က္ျပဳေရးသားထားသည္

🖋️မြန္ေလး

ဓာတ္ပုံ-ေလာင္းလုံးPDF

PDF ရဲဘော် ခြောက်ဦး လက်နက်များဖြင့် ထွက်ပြေး

CJ Platform

တနင်္သာရီတိုင်းအတွင်းရှိ Launglon People Defence Force မှ ရဲဘော် ခြောက်ဦး လက်နက်များဖြင့် ထွက်ပြေးခဲ့ကြောင်း ယင်းအဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဗိုက်ကလေး၊ ရဲဘော်ချီးဖိုင်၊ ရဲဘော်တုတ်ကြီး၊ ရဲဘော်ဒီးလောင်ဂီး၊ ရဲဘော်တာဇံနှင့် ရဲဘော်ဗိုက်ကလေး တို့သည် နိုဝင်ဘာ ၂၁ ရက် ညအချိန်တွင် စခန်းအ နီး သေနတ်တစ်ချက်ပစ်ဖောက်ကာ နိုဝင်ဘာ ၂၂ ရက် နံနက် ၄နာရီ မိနစ် ၃၀တွင် စခန်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်

ထိုကဲ့သို့ ထွက်ပြေးခဲ့သည့် ရဲဘော် ခြောက်ဦးသည် လောင်းလုံ ပကဖမှ ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ကာ ကာကွယ်ရေးပစ္စည်းအချို့နှင့် အတူ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး၊ ထွက်ပြေးခဲ့သည့် ရဲဘော်များကို လက်ခံထားသည့် အဖွဲ့အ စည်းများအနေဖြင့် အမြန်ဆုံး အကြောင်းကြားပေးရန် မေတ္တာရပ်ခံ ထားသည်

အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူတစ်ဦးက “လက်ခုပ် တဖက်ထဲတီးလို့ အသံမထွက်တတ်ပါဘူး။ ညီကိုတို့ အခြေအနေမှန်ကို အတည်ဖြစ်မှ စဉ်းစားဆုံးဖြတ်ကြပါ ထင်ရောင်ထင်မှားလိုရာဆွဲပြောမလုပ်ကြပါနဲ့၊ ကိုယ့်ရဲဆန္ဒဦးစားမပေးမိပါစေနဲ့ ဘက်ပေါင်းစုံအတွက်ကြည့်ပြီးစားကိုပြောကြပါ ညီကိုတို့”ဟု လောင်းလုံ PDF လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်

🖋️မွန်လေး

ဓာတ်ပုံ-လောင်းလုံးPDF

 

Leave a Reply

Your email address will not be published. Required fields are marked *