မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္းေဒါက္တာရဲလြင္ တိုက္ပိတ္ခံရ

မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္းေဒါက္တာရဲလြင္ အပါအဝင္ အစိုးရအဖြဲ႕ဝင္ေဟာင္း တခ်ိဳ႕ကို အိုးဘိုေထာင္မွာ တိုက္ပိတ္ထားတယ္လို႔ အက်ဥ္းေထာင္နဲ႔နီးစပ္သူေတြက ေျပာပါတယ္

ဘာေၾကာင့္တိုက္ပိတ္ထားရသလဲဆိုတဲ့ အေၾကာင္းရင္းကို အတိအက်မသိရေပမဲ့ မႏၲေလး အိုးဘိုအက်ဥ္းေထာင္ကို ေနျပည္ေတာ္ေကာင္စီဝင္ေဟာင္း ဦးမင္းသူ နဲ႔ ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ေရာက္လာၿပီးတဲ့ေနာက္ အခုလိုတိုက္ပိတ္လိုက္တာလို႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္

“ဒီအပတ္ တနလၤာေန႔က စၿပီး ဆရာတို႔ အကုန္လုံးကို တိုက္ပိတ္ပစ္လိုက္တယ္။ လမ္းေလွ်ာက္ခြင့္ကို တစ္နာရီပဲ ေပးတယ္။ ဆရာတို႔အခန္းေတြကိုလည္း ေမႊေႏွာက္ရွာေဖြတယ္’’ သူက ေျပာပါတယ္

ေဒါက္တာရဲလြင္နဲ႔ မႏၲေလးစည္ပင္ေကာ္မတီဝင္ေဟာင္းဦးေက်ာ္ေဇယ်တို႔ကို ပုဒ္မ ၄၀၉ ႏိုင္ငံပိုင္ပစၥည္း အလြဲသုံးစားမႈနဲ႔ ႏိုဝင္ဘာ ၂၃ ရက္မွာ ႐ုံးထုတ္ခဲ့ပါတယ္

ေဒါက္တာရဲလြင္ တို႔တိုက္ပိတ္ခံရတဲ့ အေၾကာင္းနဲ႔ ပက္သက္လို႔ အက်ဥ္းဦးစီးဌာနကို ဘီဘီစီက ဆက္သြယ္ေမးျမန္းေနေပမဲ့ ႏိုဝင္ဘာ ၂၄ ရက္ ညပိုင္းအထိ အဆက္အသြယ္မရရွိေသးပါဘူး

BBC

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် တိုက်ပိတ်ခံရ

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း တချို့ကို အိုးဘိုထောင်မှာ တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်

ဘာကြောင့်တိုက်ပိတ်ထားရသလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်ကို နေပြည်တော်ကောင်စီဝင်ဟောင်း ဦးမင်းသူ နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရောက်လာပြီးတဲ့နောက် အခုလိုတိုက်ပိတ်လိုက်တာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်

“ဒီအပတ် တနင်္လာနေ့က စပြီး ဆရာတို့ အကုန်လုံးကို တိုက်ပိတ်ပစ်လိုက်တယ်။ လမ်းလျှောက်ခွင့်ကို တစ်နာရီပဲ ပေးတယ်။ ဆရာတို့အခန်းတွေကိုလည်း မွှေနှောက်ရှာဖွေတယ်’’ သူက ပြောပါတယ်

ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်

ဒေါက်တာရဲလွင် တို့တိုက်ပိတ်ခံရတဲ့ အကြောင်းနဲ့ ပက်သက်လို့ အကျဉ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ နိုဝင်ဘာ ၂၄ ရက် ညပိုင်းအထိ အဆက်အသွယ်မရရှိသေးပါဘူး

BBC

 

Leave a Reply

Your email address will not be published. Required fields are marked *