မႏၲေလးမွာ အမ်ိဳးသမီးတစ္ဦး အက္ဆစ္နဲ႔ အပက္ခံရၿပီး မ်က္ႏွာ စု-တ္ျပ-တ္သြားတယ္

MFP ၊ ႏိုဝငာၻ – ၂၄

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၃၆)လမ္းႏွင့္ (၇၈)လမ္း အနီးမွာ မေန႔က ညေနပိုင္း အသက္(၃၀)အ႐ြယ္ အမ်ိဳးသမီး တစ္ဦးကို ဆိုင္ကယ္စီး လူႏွစ္ဦးက အက္ဆစ္နဲ႔ ပက္လို႔ မ်က္ႏွာမွာ ဒဏ္ရာရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ႏိုဝင္ဘာ(၂၃)ရက္ ညေန(၅)နာရီခြဲက မဟာေအာင္ေျမၿမိဳ႕နယ္၊ (၃၆)လမ္း၊ (၇၈)လမ္းနဲ႔ (၇၉)လမ္းၾကားမွာ အမ်ိဳးသမီးတစ္ဦးကို ဆိုင္ကယ္စီး အမ်ိဳးသားႏွစ္ဦးက ေနာက္ကေန အက္ဆစ္နဲ႔ ေခါင္းေပၚက ေလာင္းခ် ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္

“ဘာေၾကာင့္ အက္ဆစ္နဲ႔ ပက္သြားတယ္ဆိုတာ မသိရေသးဘူး၊ အပက္ခံရတဲ့ အမ်ိဳးသမီးကေတာ့ မ်က္ႏွာ စုတ္ျပတ္သြားတယ္ “ လို႔ အနီးဝန္းက်င္မွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္

အက္ဆစ္နဲ႔ အပက္ခံရတာေၾကာင့္ အမ်ိဳးသမီးရဲ႕ မ်က္ႏွာနဲ႔ ဦးေခါင္းတို႔မွာ ဒဏ္ရာ ရရွိခဲ့ၿပီး အသက္အႏၲရာယ္ ေဆးကုသမႈ ခံယူေနရၿပီး ေ႐ႊခ်ည္ေစတနာ ရွာေဖြကယ္ဆယ္ေရး အသင္းက ေဆး႐ုံပို႔ေပးခဲ့တာလို႔ ဆိုပါတယ္

မန္တလေးမှာ အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ အပက်ခံရပြီး မျက်နှာ စု-တ်ပြ-တ်သွားတယ်

MFP ၊ ႏိုဝင္ဘာ – ၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်းနှင့် (၇၈)လမ်း အနီးမှာ မနေ့က ညနေပိုင်း အသက်(၃၀)အရွယ် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်စီး လူနှစ်ဦးက အက်ဆစ်နဲ့ ပက်လို့ မျက်နှာမှာ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်

နိုဝင်ဘာ(၂၃)ရက် ညနေ(၅)နာရီခွဲက မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်း၊ (၇၈)လမ်းနဲ့ (၇၉)လမ်းကြားမှာ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက နောက်ကနေ အက်ဆစ်နဲ့ ခေါင်းပေါ်က လောင်းချ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်

“ဘာကြောင့် အက်ဆစ်နဲ့ ပက်သွားတယ်ဆိုတာ မသိရသေးဘူး၊ အပက်ခံရတဲ့ အမျိုးသမီးကတော့ မျက်နှာ စုတ်ပြတ်သွားတယ် “ လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်

အက်ဆစ်နဲ့ အပက်ခံရတာကြောင့် အမျိုးသမီးရဲ့ မျက်နှာနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် ဆေးကုသမှု ခံယူနေရပြီး ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေး အသင်းက ဆေးရုံပို့ပေးခဲ့တာလို့ ဆိုပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *