စိန္ဆိုင္ ဒုတိယအႀကိမ္ အႏုၾကမ္းစီးခံရၿပီး လုံၿခဳံေရးတဦး ပစ္ခတ္ခံရ

DeltaNewsAgency

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳနယ္ထဲက ဗဟိုလမ္းမွာရွိတဲ့ TT Diamond စိန္ဆိုင္မွာ ဒီကေန႔ ႏိုဝင္ဘာ ၂၄ ရက္ေန႔လယ္ပိုင္းက အႏုၾကမ္းစီးမႈျဖစ္ခဲ့ၿပီး ပစ္ခတ္မႈေၾကာင့္ဆိုင္ရဲ႕လုံၿခဳံေရးဝန္ထမ္းတဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္

“ဒါနဲ႔ဆိုႏွစ္ႀကိမ္ေျမာက္ေပါ့၊ ဆိုင္ထဲအတင္းတံခါးဖြင့္ဝင္ေတာ့ဆိုင္က လုံၿခဳံေရးအခ်က္ေပးအသံေတြထျမည္တာ။ အဲ့ဒါကိုပစ္ၿပီးေျပးသြားတာ သူတို႔ဆိုင္ထဲေတာ့ မေရာက္လိုက္ဘူး။ ကြၽန္ေတာ္တို႔ဆိုင္က လုံၿခဳံေရးဝန္ထမ္းတေယာက္ ထိသြားတယ္လို႔ ‘’ TT Diamond စိန္ဆိုင္က တာဝန္ရွိသူကေျပာပါတယ္

လက္ရွိမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြလည္း ဆိုင္အနီးစစ္ေဆးမႈေတြလုပ္ေနၿပီး ထိခိုက္ဒဏ္ရာရတဲ့လုံၿခဳံေရးဝန္ထမ္းကိုလည္း လူနာတင္ယာဥ္နဲ႔ ေခၚေဆာင္သြားတယ္လို႔ အနီးအနားကေဒသခံေတြကေျပာပါတယ္

‘’အခုေတာ့ ေအးေအးေဆးေဆးျဖစ္သြားပါၿပီ။ လုံၿခဳံေရးကေတာ့ ကြၽန္ေတာ္တို႔ အၿမဲအသင့္ျပင္ဆင္ထားရတာေပါ့။ CCTV ေရာဘာေရာ အကုန္ျပင္ဆင္ထားလို႔ ဘာမွမျဖစ္သြားတာ။ ပစၥည္းေတြလည္း အရင္လိုခင္းမထားေတာ့ဘူး’’လို႔ ဆိုင္တာဝန္ရွိသူကဆက္ေျပာပါတယ္

ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာလည္း ကမာ႐ြတ္ၿမိဳနယ္ထဲက ဗဟိုလမ္းမွာရွိတဲ့ TT Diamond စိန္ဆိုင္မွာပဲလုယက္မႈျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္သားေတြ နာရီနဲ႔ခ်ီေအာင္ လမ္းပိတ္စစ္ေဆးခဲ့တဲ့ ျဖစ္စဥ္ရွိခဲ့ပါေသးတယ္

ရန္ကုန္ၿမိဳ႕ရဲ႕ လူစည္ကားရာမွာျဖစ္တဲ့ အခုလို လုယက္အႏုၾကမ္းစီးမႈေတြေၾကာင့္ ေဒသခံေတြလည္း စိတ္ပူစိုးရိမ္မႈေတြ ရွိေနၾကတယ္လို႔ ဆိုပါတယ္

စိန်ဆိုင် ဒုတိယအကြိမ် အနုကြမ်းစီးခံရပြီး လုံခြုံရေးတဦး ပစ်ခတ်ခံရ

DeltaNewsAgency

ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်ထဲက ဗဟိုလမ်းမှာရှိတဲ့ TT Diamond စိန်ဆိုင်မှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လယ်ပိုင်းက အနုကြမ်းစီးမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့်ဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်

“ဒါနဲ့ဆိုနှစ်ကြိမ်မြောက်ပေါ့၊ ဆိုင်ထဲအတင်းတံခါးဖွင့်ဝင်တော့ဆိုင်က လုံခြုံရေးအချက်ပေးအသံတွေထမြည်တာ။ အဲ့ဒါကိုပစ်ပြီးပြေးသွားတာ သူတို့ဆိုင်ထဲတော့ မရောက်လိုက်ဘူး။ ကျွန်တော်တို့ဆိုင်က လုံခြုံရေးဝန်ထမ်းတယောက် ထိသွားတယ်လို့ ‘’ TT Diamond စိန်ဆိုင်က တာဝန်ရှိသူကပြောပါတယ်

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း ဆိုင်အနီးစစ်ဆေးမှုတွေလုပ်နေပြီး ထိခိုက်ဒဏ်ရာရတဲ့လုံခြုံရေးဝန်ထမ်းကိုလည်း လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ အနီးအနားကဒေသခံတွေကပြောပါတယ်

‘’အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ လုံခြုံရေးကတော့ ကျွန်တော်တို့ အမြဲအသင့်ပြင်ဆင်ထားရတာပေါ့။ CCTV ရောဘာရော အကုန်ပြင်ဆင်ထားလို့ ဘာမှမဖြစ်သွားတာ။ ပစ္စည်းတွေလည်း အရင်လိုခင်းမထားတော့ဘူး’’လို့ ဆိုင်တာဝန်ရှိသူကဆက်ပြောပါတယ်

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း ကမာရွတ်မြိုနယ်ထဲက ဗဟိုလမ်းမှာရှိတဲ့ TT Diamond စိန်ဆိုင်မှာပဲလုယက်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ နာရီနဲ့ချီအောင် လမ်းပိတ်စစ်ဆေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါသေးတယ်

ရန်ကုန်မြို့ရဲ့ လူစည်ကားရာမှာဖြစ်တဲ့ အခုလို လုယက်အနုကြမ်းစီးမှုတွေကြောင့် ဒေသခံတွေလည်း စိတ်ပူစိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *