
နိုဝင္ဘာ ၂၄


“သူ့ယောက်ျားက ကလေးကျောင်း သွားကြိုနေတာ အမျိုးသမီး တစ်ယောက်ထဲ ရှိနေတုန်း Mask တပ်ထားသူ ၂ ယောက် ရောက်လာတယ်




ယုန်လေးဖုန်းဆိုင် လုယက်ခံရ

ႏိုဝင္ဘာ ၂၄

တောင်ကြီးမြို၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ယုန်လေးဖုန်းဆိုင်ကို လူငယ် ၂ ဦး လာရောက်ကာ တစ်ဦးက ဆိုင်ကယ်ပေါ်မှာ စောင့်နေပြီး တစ်ဦးက ဖုန်းဝယ်ဟန်ဆောင်ကာ လုယက် ထွက်‌ပြေးသွားတယ်လို ဆိုပါတယ်

“သူ့ယောကျ်ားက ကလေးကျောင်း သွားကြိုနေတာ အမျိုးသမီး တစ်ယောက်ထဲ ရှိနေတုန်း Mask တပ်ထားသူ ၂ ယောက် ရောက်လာတယ်

တစ်‌ယောက်က ဆိုင်ကယ်စက်နှိးပြီး အသင့်စောင့်နေတယ်။ တစ်‌ယောက်က ဝယ်မလိုလိုနဲ့ လုပြေးသွားတာ” လို နီးစပ်သူတစ်က ပြောပါတယ်

အဲဒီ ဖြစ်စဉ်မှာ Redmi Note 10 5G အမျိုးအစား အပြာရောင်ဖုန်း တစ်လုံး လုယက်ခံလိုက်ရပြီး တောင်ကြီးက တပတ်ရစ် ဖုန်းဆိုင်တွေကို လာရောက် ရောင်းချပါက ဆက်သွယ်ပေးဖို ယုန်လေးဖုန်းဆိုင်က မေတ္တာရပ်ခံ ထားပါတယ်

တောင်ကြီးမြိုမှာ ဆိုင်ကယ်ခိုးယူ လုယက်ခံရမှု၊ လုယက်ဓားပြတိုက်မှု၊ ဖောက်ထွင်းခိုးယူခံရ‌မှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်တပ်နဲ့ ရဲက အရေးမယူတာကြောင့် ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်သာ အားကိုး နေရတယ်လို ဒေသခံတွေ‌က ဝေဖန်နေကြပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *