သုဝဏၰ၊ ဗိုလ္ခ်ဳပ္႐ြာမွ စစ္ေကာင္စီ၏ သတင္းစုေဆာင္းေရးမႉးလည္းျဖစ္၊ ေတာ္ လွန္ေရး ရဲေဘာ္မ်ားကို ဖမ္းဆီးသတ္ျဖတ္ရာတြင္ ဦးေဆာင္သူ လည္း ျဖစ္သူ ဗိုလ္မႉးႀကီးေဟာင္း ေဇာ္ႏိုင္ဝင္း ပစ္ခတ္ခံရၿပီး ေသဆုံး၊ မဆလေခတ္ ဝန္ႀကီး တိုက္စိုး၏ သမက္ေတာ္စပ္

ရန္ကုန္၊ ႏိုဝင္ဘာ ၂၄

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰတြင္ စစ္ေကာင္စီ၏ သတင္း စု ေဆာင္း ေရး မႉးလည္းျဖစ္၊ ေတာ္လွန္ေရးရဲေဘာ္မ်ားကို ဖမ္းဆီးသတ္ျဖတ္ရာ တြင္ ဦးေဆာင္သူလည္းျဖစ္သူ အၿငိမ္းစားဗိုလ္မႉးႀကီး ေဇာ္ႏိုင္ဝင္းကို ေတာ္ လွန္ ေရး ၿမိဳ႕ျပ ေပ်ာက္က်ားတပ္ဖြဲ႕တစ္ခုက ပစ္ခတ္သျဖင့္ ေသဆုံး သြား ေၾကာင္း သိရွိရသည္

ႏိုဝင္ဘာလ ၂၄ ရက္ေန႔ ၊ နံနက္ ၈ နာရီအခ်ိန္ သဃၤန္းကြၽန္းၿမိဳနယ္၊ သုဝဏၰ၊ ၂၃ ရပ္ကြက္၊ ကံ့ေကာ္ၿမိဳင္လမ္းႏွင့္ အင္ၾကင္းၿမိဳင္လမ္းသြယ္ ၄ ေထာင့္ရွိ အၿငိမ္း စား ဗိုလ္မႉးႀကီး ေဇာ္ႏိုင္ဝင္း၏ ေနအိမ္ေရွ႕တြင္ ေတာ္လွန္ေရးတပ္ဖြဲ႕က ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ေသနတ္ ၂ ခ်က္ထိမွန္၍ ေသဆုံးသြားေၾကာင္း သိရွိရ သည္

“သူက စစ္ေကာင္စီရဲ႕ သတင္းတပ္ဖြဲ႕၊ သတင္းစုေဆာင္းေရးမႉး လုပ္ေနတာ။ ေတာ္လွန္ေရးရဲေဘာ္ေတြ ဖမ္းဆီး သတ္ ျဖတ္လုပ္ႀကံခံရတဲ့ေနရာမွာ သူ႔စနက္ ေတြ အမ်ားႀကီးပါတယ္။ သူ႔ေဘးမွာလည္း လုံၿခဳံေရးအေစာင့္ေတြထားတယ္။ စစ္ေကာင္စီက သူ႔ကို ကားေပးထားတယ္။ အာဏာသိမ္းၿပီးတဲ့အခ်ိန္မွာ မင္းေအာင္လႈိင္ရဲ႕ ေနာက္ၿမီးဆြဲ လုပ္ေနတာ။ က်ည္ ၂ ခ်က္နဲ႔ ကိစၥတုံး သြား ပါတယ္” ဟု ၿမိဳ႕ျပေတာ္လွန္ေရးေပ်ာက္က်ားတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္

အၿငိမ္းစား ဗိုလ္မႉးႀကီး ေဇာ္ႏိုင္ဝင္းသည္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီ (မဆလ) ေခတ္ဝန္ႀကီးျဖစ္ခဲ့သူ တိုက္စိုး၏ သားမက္ျဖစ္ၿပီး ယေန႔ ၎ေနထိုင္ ရာ သုဝဏၰဗိုလ္ခ်ဳပ္႐ြာတြင္ ပစ္ခတ္ခံရၿပီး ေသဆုံးျခင္းျဖစ္သည္

အၿငိမ္းစားဗိုလ္မႉးႀကီး ေဇာ္ႏိုင္ဝင္းသည္ စစ္ေကာင္စီထံမွ ကား အေထာက္ အပံ့ရယူထားၿပီး အၾကမ္းဖက္စစ္ေကာင္စီအား အေရးႀကီး သတင္းအခ်က္ အလက္ မ်ား စုေဆာင္းေပးသည့္ Data Center ျဖစ္ကာ စစ္ေကာင္စီ၏ အခ်ိဳ႕ ေသာ ဝါဒျဖန႔္ Channel မ်ားအား စီမံခန႔္ခြဲထိန္းခ်ဳပ္ ေနသူတစ္ဦး ျဖစ္ ေၾကာင္း ၿမိဳ႕ျပေတာ္လွန္ေရးအဖြဲ႕က ေျပာဆိုသည္

သုဝဏ္ဏ၊ ဗိုလ်ချုပ်ရွာမှ စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးလည်းဖြစ်၊ တော် လှန်ရေး ရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာတွင် ဦးဆောင်သူ လည်း ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ မဆလခေတ် ဝန်ကြီး တိုက်စိုး၏ သမက်တော်စပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် စစ်ကောင်စီ၏ သတင်း စု ဆောင်း ရေး မှူးလည်းဖြစ်၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာ တွင် ဦးဆောင်သူလည်းဖြစ်သူ အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို တော် လှန် ရေး မြို့ပြ ပျောက်ကျားတပ်ဖွဲ့တစ်ခုက ပစ်ခတ်သဖြင့် သေဆုံး သွား ကြောင်း သိရှိရသည်

နိုဝင်ဘာလ ၂၄ ရက်နေ့ ၊ နံနက် ၈ နာရီအချိန် သင်္ဃန်းကျွန်းမြိုနယ်၊ သုဝဏ္ဏ၊ ၂၃ ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် ၄ ထောင့်ရှိ အငြိမ်း စား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်း၏ နေအိမ်ရှေ့တွင် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ် ၂ ချက်ထိမှန်၍ သေဆုံးသွားကြောင်း သိရှိရ သည်

“သူက စစ်ကောင်စီရဲ့ သတင်းတပ်ဖွဲ့၊ သတင်းစုဆောင်းရေးမှူး လုပ်နေတာ။ တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီး သတ် ဖြတ်လုပ်ကြံခံရတဲ့နေရာမှာ သူ့စနက် တွေ အများကြီးပါတယ်။ သူ့ဘေးမှာလည်း လုံခြုံရေးအစောင့်တွေထားတယ်။ စစ်ကောင်စီက သူ့ကို ကားပေးထားတယ်။ အာဏာသိမ်းပြီးတဲ့အချိန်မှာ မင်းအောင်လှိုင်ရဲ့ နောက်မြီးဆွဲ လုပ်နေတာ။ ကျည် ၂ ချက်နဲ့ ကိစ္စတုံး သွား ပါတယ်” ဟု မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်

အငြိမ်းစား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆလ) ခေတ်ဝန်ကြီးဖြစ်ခဲ့သူ တိုက်စိုး၏ သားမက်ဖြစ်ပြီး ယနေ့ ၎င်းနေထိုင် ရာ သုဝဏ္ဏဗိုလ်ချုပ်ရွာတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်သည်

အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းသည် စစ်ကောင်စီထံမှ ကား အထောက် အပံ့ရယူထားပြီး အကြမ်းဖက်စစ်ကောင်စီအား အရေးကြီး သတင်းအချက် အလက် များ စုဆောင်းပေးသည့် Data Center ဖြစ်ကာ စစ်ကောင်စီ၏ အချို့ သော ဝါဒဖြန့် Channel များအား စီမံခန့်ခွဲထိန်းချုပ် နေသူတစ်ဦး ဖြစ် ကြောင်း မြို့ပြတော်လှန်ရေးအဖွဲ့က ပြောဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *