စစ္သားနဲ႔ပ်ဴေတြကို အိပ္ေဆးခပ္ၿပီး လက္နက္ေတြ ယူလာတဲ့ ပ်ဴ ၂ ဦး PDF နဲ႔ လာပူးေပါင္း

ပခုကၠဴ၊ ႏိုဝငာၻ ၂၃၊ ၂၀၂၂ ။

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္သားနဲ႔ပ်ဴေတြစားမယ့္ထမင္းေၾကာ္ထဲ အိပ္ေဆးထည့္ေကြၽးၿပီးေနာက္ လက္နက္နဲ႔ခဲယမ္းေတြ ယူေဆာင္လာတဲ့ ပ်ဴ ၂ ဦးဟာ PDF နဲ႔ လာပူးေပါင္းခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္တပ္ရင္း – ၁ ဗိုလ္လက္ယာက ေျမလတ္အသံကို ေျပာပါတယ္

ပခုကၠဴၿမိဳ႕နယ္ ဘုန္းကံလမ္းခြဲ၊ ေကာင္းစက္ဝိုင္းပန႔္ဆိုင္အနီး ခလရ ၂၅၄ စစ္သား ၄ ဦး ႏွင့္ ပ်ဴ ၁၁ ဦး စားမယ့္ထမင္းေၾကာ္ထဲမွာ အိပ္ေဆးထည့္ေကြၽးခဲ့ၿပီး လက္နက္နဲ႔ခဲယမ္းေတြ ယူေဆာင္လာတာလို႔ ယေန႔ ႏိုဝင္ဘာ ၂၃ ရက္ေန႔မွာ ဗိုလ္လက္ယာက ေျပာတာပါ။

“မေန႔ည ၁၂ ေက်ာ္ေလာက္ကတဲ့ကဝင္လာတာ၊ MA4 ၁ လက္ MA3 ၁ လက္ Carbine1 ၁ လက္ က်ည္ေဘာက္ ၅ ခု က်ည္ ၅၈ေတာင့္ Carbine ေဘာက္ ၃ ခု က်ည္ ၅၂ ေတာင့္ ယူလာၿပီးက်ေနာ္တို႔ထံလာပူးေပါင္းတာ၊ ထမင္းေၾကာ္ထဲကို အိပ္ေဆးထည့္ေပးလိုက္တာတဲ့၊

အိပ္ေဆးက သူတို႔ထည့္တာနည္းသြားလို႔ တကယ္ဆိုေသနတ္ ၁၃ လက္လုံးရမွာ၊ အခုဟာက ၃ လက္ပဲရခဲ့တယ္” လို႔ ဗိုလ္လက္ယာက ဆိုပါတယ္

လာေရာက္ပူးေပါင္းခဲ့သူႏွစ္ဦးကိုေတာ့ ေထာက္ပံ့ေၾကး သိန္း ၅၀ ဆီေပးၿပီး စခန္းနဲ႔ေဝးရာကို ပို႔ေဆာင္လိုက္ၿပီလို႔ သိရပါတယ္

သတင္း-ဒိန္းဂ်ား

ေျမလတ္အသံ

စစ်သားနဲ့ပျူတွေကို အိပ်ဆေးခပ်ပြီး လက်နက်တွေ ယူလာတဲ့ ပျူ ၂ ဦး PDF နဲ့ လာပူးပေါင်း

ပခုကၠဴ၊ ႏိုဝင္ဘာ ၂၃၊ ၂၀၂၂ ။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်သားနဲ့ပျူတွေစားမယ့်ထမင်းကြော်ထဲ အိပ်ဆေးထည့်ကျွေးပြီးနောက် လက်နက်နဲ့ခဲယမ်းတွေ ယူဆောင်လာတဲ့ ပျူ ၂ ဦးဟာ PDF နဲ့ လာပူးပေါင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်တပ်ရင်း – ၁ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်

ပခုက္ကူမြို့နယ် ဘုန်းကံလမ်းခွဲ၊ ကောင်းစက်ဝိုင်းပန့်ဆိုင်အနီး ခလရ ၂၅၄ စစ်သား ၄ ဦး နှင့် ပျူ ၁၁ ဦး စားမယ့်ထမင်းကြော်ထဲမှာ အိပ်ဆေးထည့်ကျွေးခဲ့ပြီး လက်နက်နဲ့ခဲယမ်းတွေ ယူဆောင်လာတာလို့ ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဗိုလ်လက်ယာက ပြောတာပါ

“မနေ့ည ၁၂ ကျော်လောက်ကတဲ့ကဝင်လာတာ၊ MA4 ၁ လက် MA3 ၁ လက် Carbine1 ၁ လက် ကျည်ဘောက် ၅ ခု ကျည် ၅၈တောင့် Carbine ဘောက် ၃ ခု ကျည် ၅၂ တောင့် ယူလာပြီးကျနော်တို့ထံလာပူးပေါင်းတာ၊ ထမင်းကြော်ထဲကို အိပ်ဆေးထည့်ပေးလိုက်တာတဲ့၊

အိပ်ဆေးက သူတို့ထည့်တာနည်းသွားလို့ တကယ်ဆိုသေနတ် ၁၃ လက်လုံးရမှာ၊ အခုဟာက ၃ လက်ပဲရခဲ့တယ်” လို့ ဗိုလ်လက်ယာက ဆိုပါတယ်

လာရောက်ပူးပေါင်းခဲ့သူနှစ်ဦးကိုတော့ ထောက်ပံ့ကြေး သိန်း ၅၀ ဆီပေးပြီး စခန်းနဲ့ဝေးရာကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်

သတင်း-ဒိန်းဂျား

မြေလတ်အသံ

 

Leave a Reply

Your email address will not be published. Required fields are marked *