BreakingNews- လူငယ္ ၃၀ ေက်ာ္ မေန႔ညက ဖမ္းဆီးခံရၿပီး ရင္းႏွီးသူေတြကို Video callေခၚၿပီး ေနာက္ေယာင္ခံလိုက္ေန

AAMIJ

ႏိုဝငာၻ ၂၃

ယမန္ေန႔ညပိုင္းက ရန္ကုန္ၿမိဳ႕နယ္အတြင္းရွိ လူငယ္ ၃၀ေက်ာ္ကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္ထားေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ဝင္မ်ားထံမွ စုံစမ္းသိရွိရသည္

အဆိုပါလူငယ္မ်ားသည္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းၿမိဳနယ္တို႔တြင္ေနထိုင္သည့္ အသက္ ၂၀ ဝန္က်င္ရွိလူငယ္မ်ားျဖစ္ေၾကာင္းသိရသည္

“”သဃၤန္းကြၽန္း UPCကြန္ဒိုမွာလဲ လူငယ္ဆယ္ဦးနီးပါးအဖမ္းခံရတယ္။ ဘယ္သူ ဘယ္ဝါေတြလည္းဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔လည္းေသခ်ာမသိဘူး”ဟု ရဲအရာရွိတစ္ဦးက AAMIJကို ေျပာသည္

ယင္းကဲ့သို႔ ဖမ္းဆီးခံထားရသည့္လူငယ္မ်ားကို ေ႐ႊျပည္သာစစ္ေၾကာေရးတြင္ စစ္ေဆးေနၿပီး ၎တို႔ႏွင့္ ဆက္စပ္သူမ်ားကိုလည္း လိုက္လံ ရွာေဖြဖမ္းဆီးေနေၾကာင္း ၎ကဆိုသည္

ထို႔အျပင္ ဖမ္းဆီးခံထားရသူမ်ားက ၎တို႔ႏွင့္ ရင္းႏွီးပတ္သက္သူမ်ားကို Video call ေခၚၿပီး လိုက္လံဆက္သြယ္ေနေၾကာင္း အဆက္သြယ္ခံရသူ အသက္၃၀ေက်ာ္ လူလတ္ပိုင္းအမ်ိဴးသားတစ္ဦးက AAMIJကိုေျပာသည္

ဖမ္းဆီးခံထားရသည့္ လူငယ္မ်ားႏွင့္ပတ္သက္သည့္အခ်က္အလက္မ်ားကိုမူ AAMIJအေနျဖင့္ သီးျခားစုံစမ္းသိရွိရျခင္းမရွိေသးေပ

aamij

BreakingNews- လူငယ် ၃၀ ကျော် မနေ့ညက ဖမ်းဆီးခံရပြီး ရင်းနှီးသူတွေကို Video callခေါ်ပြီး နောက်ယောင်ခံလိုက်နေ

AAMIJ

ႏိုဝင္ဘာ ၂၃

ယမန်နေ့ညပိုင်းက ရန်ကုန်မြို့နယ်အတွင်းရှိ လူငယ် ၃၀ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်

အဆိုပါလူငယ်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ် ၊ ကြည့်မြင်တိုင်မြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ သင်္ဃန်းကျွန်းမြိုနယ်တို့တွင်နေထိုင်သည့် အသက် ၂၀ ဝန်ကျင်ရှိလူငယ်များဖြစ်ကြောင်းသိရသည်

“”သင်္ဃန်းကျွန်း UPCကွန်ဒိုမှာလဲ လူငယ်ဆယ်ဦးနီးပါးအဖမ်းခံရတယ်။ ဘယ်သူ ဘယ်ဝါတွေလည်းဆိုတာကိုတော့ ကျွန်တော်တို့လည်းသေချာမသိဘူး”ဟု ရဲအရာရှိတစ်ဦးက AAMIJကို ပြောသည်

ယင်းကဲ့သို့ ဖမ်းဆီးခံထားရသည့်လူငယ်များကို ရွှေပြည်သာစစ်ကြောရေးတွင် စစ်ဆေးနေပြီး ၎င်းတို့နှင့် ဆက်စပ်သူများကိုလည်း လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း ၎င်းကဆိုသည်

ထို့အပြင် ဖမ်းဆီးခံထားရသူများက ၎င်းတို့နှင့် ရင်းနှီးပတ်သက်သူများကို Video call ခေါ်ပြီး လိုက်လံဆက်သွယ်နေကြောင်း အဆက်သွယ်ခံရသူ အသက်၃၀ကျော် လူလတ်ပိုင်းအမျိူးသားတစ်ဦးက AAMIJကိုပြောသည်

ဖမ်းဆီးခံထားရသည့် လူငယ်များနှင့်ပတ်သက်သည့်အချက်အလက်များကိုမူ AAMIJအနေဖြင့် သီးခြားစုံစမ်းသိရှိရခြင်းမရှိသေးပေ

aamij

 

Leave a Reply

Your email address will not be published. Required fields are marked *