
ရန်ကုန်၊ နိုဝင်ဘာ ၂၃










ပျူစောထီး ဟု သတ်မှတ်ခံရသည့် လင်မယား ဖမ်းဆီး စစ်ဆေးခံရ စဉ် သေဆုံး၊ မြစ်ငယ်မြို့ တွင် စစ်တပ် သတင်းပေးဟု သတ် မှတ် ခံရသူ ၁ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာတွင် နေထိုင်သည့် ပျူစောထီး လင်းမယားကို PDF တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေစဉ် ရေသီးပြီး သေဆုံး သွား ကြောင်း Area 71 people defense force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပုရစ်ကုန်း တောင်ရွာ တွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် ချစ်မိုး ဆိုသူနှင့် ၎င်း၏ ဇနီးသည် ပျူ စောထီး အဖွဲ့ဝင်တို့ကို Area 71 people defense force ရဲဘော်များက သွား ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည်

ပျူစောထီး လင်မယားကို ဖမ်းဆီး ခေါ်ဆောင်လာသည့် လမ်းခရီး တစ်နေရာ တွင် Area 71 PDF တပ်ဖွဲ့မှ ရဲဘော်များက စစ်ဆေးမေးမြန်းမှု ပြုလုပ်နေစဉ် ချစ်မိုးသည် ရေသောက်ချင်ကြောင်း ပြောဆိုသောကြောင့် ရေတိုက်နေစဉ် အ ကြောက် လွန်ပြီး အမောတကောဖြင့် ရေသောက်ရာမှ ရေသီးပြီး သေဆုံး ခဲ့ ကြောင်း၊ ဇနီးဖြစ်သူ ပျူစောထီးညအဖွဲ့ဝင်လည်း ယင်းဖြစ်စဉ်ကို တွေ့မြင် ခဲ့ပြီး နှလုံးရောဂါ အခံရှိသောကြောင့် Heart attack ဖြစ် နေရာမှာပင် အသက်ဆုံး ရှုံးသွားကြောင်း သိရသည်

သေဆုံးသွားသော ပျူစောထီးအဖွဲ့ဝင် ချစ်မိုးသည် တောပု ကျေးရွာ ပျူစောထီး ခေါင်းဆောင် ချစ်သင်း၏ ညီအရင်းဖြစ်ပြီး PDF တပ်ဖွဲ့များ၏ သွားလာမှု နှင့် မိုင်း ထောင်သည့်နေရာများကို တောပု ပျူခေါင်းဆောင် အကိုဖြစ်သူ ချစ်သင်း ထံသို့ သူ၏ဇနီးသည်မှ တစ်ဆင့် ဖုန်းသတင်းပေးမှုပြုလုပ်ခြင်း၊ ချစ်မိုး၏ လက် ထောက်လူယုံများကို အိမ်သို့ခေါ်ဆောင်၍ သတင်းပေး သတင်းယူမှုများ အဓိ က လုပ်ဆောင်ပေးနေသူများ ဖြစ်သည်ဟု Areab71 PDF အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောဆိုသည်

အလားတူ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် စစ်တပ် သတင်း ပေး ဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၄ မိနစ်တွင် သရက်တန်းကျေးရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံထားရသော ဒလန် မင်းဆွေ (ခ) မင်းမင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေ နတ် ကျည် ၁၀ ချက် ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်

သေဆုံးသွားသော စစ်တပ် သတင်းပေး မင်းဆွေသည် Non CDM ဖြစ်ပြီး စစ် သားများနှင့် ပူးပေါင်းကာ CDM တစ်ဦးကိုဖမ်း ဆီးခြင်း၊ ဆန္ဒပြကာလတွင် အသုံး ပစ္စည်းများနှင့် ကာကွယ်ရေးသုံးပစ္စည်း သိမ်းဆည်း ထား သော နေရာ များကို စစ် တပ်ထံ သတင်းပေးတိုင် ကြားရုံမက မင်းဆွေ၏ အစ်မ ဖြစ်သူ ကိုယ်တိုင် စစ်တပ်မနှင့်အတူ ရှာဖွေ သိမ်းဆည်းပေးခြင်း၊ မင်းဆွေ သတင်း ပေးတိုင်ကြားမှုကြောင့် အပြစ်မရှိ ရွာသူရွာသား ၃ ဦးလည်း ဖမ်းဆီးခံထားရခြင်း၊

မြစ်ငယ်မြို့အတွင်းရှိ တပ်ထောက်ခံသူများကို ဦး ဆောင် ပြီး လိုက်လံ စည်း ရုံးကာ MDY တပ်ထောက်ခံပွဲသို့ အင်အားဖြည့်ခဲ့ သူဖြစ် ကြောင်း၊ MN PDF အဖွဲ့ဝင်များ ရှိသောနေရာများကို လိုက်လံစုံစမ်းပြီး သတင်း ပေးတိုင် ကြား ခြင်းတို့ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း Myitnge – People Defense Force က ထုတ်ပြန်ထားသည်

အဆိုပါ တိုက်ခိုက်မှုကို Myitnge – People Defense Force MN PDF MN PDF အမျိုးသမီးတပ်ဖွဲ့ ၊နောင်ရိုးအထူးပျောက်ကျားတပ် နှင့် ဇာမဏီ အဖွဲ့တို့ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

 

 

Leave a Reply

Your email address will not be published. Required fields are marked *