ဘုတ္ျပင္းရဲစခန္းအခ်ဳပ္ကထြက္ေျပးတဲ့ အခ်ဳပ္သား ၅ ဦး မွ ၄ ဦးလြတ္ေျမာက္ေနၿပီး ၁ ဦးျပန္လည္ဖမ္းဆီးခံရ၊ ကင္းေစာင့္ရဲနဲ႔ကင္းမႉး အခ်ဳပ္က်ေန

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၂၃ ရက္

တနသၤာရီတိုင္း၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ ဘုတ္ျပင္းၿမိဳ႕မရဲစခန္းအခ်ဳပ္မွ ႏိုဝင္ဘာလ ၂၂ ရက္ မနက္အေစာပိုင္းက ထြက္ေျပးသြားသည့္ အခ်ဳပ္သား ၅ ဦး မွ ၄ ဦးလြတ္ ေျမာက္ေနကာ ၁ ဦးျပန္လည္ဖမ္းဆီးခံခဲ့ရေၾကာင္း ေဒသခံမ်ားထံကသိရသည္

ျပန္လည္ဖမ္းဆီးခံခဲ့ရသူမွာ ဘုတ္ျပင္းေဒသခံမဟုတ္သည့္အသက္ႀကီးပိုင္းအခ်ဳပ္သားျဖစ္ၿပီး ဘုတ္ျပင္း သခ်ႋဳင္း အနီး အိပ္ေပ်ာ္ေနရာမွျပန္လည္ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ကာ က်န္ ၄ ဦးမွာလြတ္ေျမာက္ ေနဆဲျဖစ္သည္ဟု ဆို သည္

”ထြက္ေျပးသြားတဲ့အထဲက အသက္ႀကီးပိုင္းအဖိုးႀကီး ၁ ဦး ျပန္မိလာတယ္၊ သူက ဘုတ္ျပင္းၿမိဳ႕ခံမဟုတ္ဘူးလို႔ သိရတယ္။ ၿမိဳ႕ခံမဟုတ္ေတာ့မေျပးတတ္လို႔ေနမွာ ေျပးတဲ့အခ်ိန္ကလည္း မနက္ ၃ နာရီေလာက္ႀကီးဆိုေတာ့။ ဘုတ္ျပင္း သခ်ႋဳင္းနားမွာ အိပ္ေပ်ာ္ေနတာကိုမိသြားတာ။ သူ႔ကိုစစ္ေဆးၿပီးတျခားသူေတြကိုေမးေတာ့ သူ႔ထြက္ဆိုခ်က္အတိုင္း မေန႔ကတေနကုန္ ေ႐ႊသာေလ်ာင္းဘုရားအေနာက္ရဲ႕ဓနိေတာထဲသဲႀကီးမဲႀကီးလိုက္ရွာေနၾကတာ ဒီေန႔ထိေတာ့မိတယ္မၾကားေသးဘူး” ဟု ဘုတ္ျပင္းၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္

ျပန္လည္ဖမ္းဆီးခံရသူမွာ မူးယစ္ေဆးဝါးမႈႏွင့္ဖမ္းဆီးခံထားရသူဟုသိရၿပီး ေတာ္လွန္ေရးသမား ၁ ဦးႏွင့္ CDM ရဲ ၁ ဦးအပါအဝင္ က်န္ ၄ ဦးမွာလြတ္ေျမာက္ေနဆဲျဖစ္ ေၾကာင္းသိရသည္

ထို႔အျပင္ အခ်ဳပ္သားမ်ား လြတ္ေျမာက္သြားသျဖင့္ ဘုတ္ျပင္းရဲစခန္းမွ ကင္းေစာင့္တာဝန္က်ရဲႏွင့္ ကင္းမႉးတို႔ ဖမ္းဆီးအခ်ဳပ္ခ်ခံထားရၿပီး စစ္ေဆးခံေနရေၾကာင္း အဆိုပါရဲစခန္းႏွင့္နီးစပ္သူမ်ားထံကသိရသည္

”အဲ့ဒီအခ်ဳပ္သားေတြထြက္ေျပးသြားတဲ့ကင္းခ်ိန္မွာတာ ဝန္က်တဲ့ရဲက ရည္စိုး တဲ့ရဲနာမည္က ၊ အဲ့ဒီရဲနဲ႔ အဲ့ဒီကင္း တြဲက ကင္းမႉးကိုအခ်ဳပ္သားလြတ္တဲ့အမႈနဲ႔ အခ်ဳပ္ခ်ၿပီးစ္ေဆးခံေနရတယ္” ဟု ဘုတ္ျပင္းရဲစခန္းႏွင့္နီးစပ္ သည့္ေဒသခံက ဧရာဝတီတိုင္းမ္ကိုေျပာသည္

အခ်ဳပ္သားမ်ားလြတ္ေျမာက္ေနဆဲျဖစ္၍ စစ္ေကာင္စီတပ္မွ ဘုတ္ျပင္းၿမိဳ႕ကိုလုံၿခဳံေရးတင္းၾကပ္ထားၿပီး ၿမိဳ႕အနီးတဝိုက္ႏွင့္ေက်း႐ြာမ်ားအထိပိတ္ဆို႔ရွာေဖြမႈမ်ားျပဳလုပ္ေနေၾကာင္းသိရသည္

Ayeyarwaddy_Times

ဘုတ်ပြင်းရဲစခန်းအချုပ်ကထွက်ပြေးတဲ့ အချုပ်သား ၅ ဦး မှ ၄ ဦးလွတ်မြောက်နေပြီး ၁ ဦးပြန်လည်ဖမ်းဆီးခံရ၊ ကင်းစောင့်ရဲနဲ့ကင်းမှူး အချုပ်ကျနေ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၃ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲစခန်းအချုပ်မှ နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းက ထွက်ပြေးသွားသည့် အချုပ်သား ၅ ဦး မှ ၄ ဦးလွတ် မြောက်နေကာ ၁ ဦးပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်

ပြန်လည်ဖမ်းဆီးခံခဲ့ရသူမှာ ဘုတ်ပြင်းဒေသခံမဟုတ်သည့်အသက်ကြီးပိုင်းအချုပ်သားဖြစ်ပြီး ဘုတ်ပြင်း သင်္ချိုင်း အနီး အိပ်ပျော်နေရာမှပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ကျန် ၄ ဦးမှာလွတ်မြောက် နေဆဲဖြစ်သည်ဟု ဆို သည်

”ထွက်ပြေးသွားတဲ့အထဲက အသက်ကြီးပိုင်းအဖိုးကြီး ၁ ဦး ပြန်မိလာတယ်၊ သူက ဘုတ်ပြင်းမြို့ခံမဟုတ်ဘူးလို့ သိရတယ်။ မြို့ခံမဟုတ်တော့မပြေးတတ်လို့နေမှာ ပြေးတဲ့အချိန်ကလည်း မနက် ၃ နာရီလောက်ကြီးဆိုတော့။ ဘုတ်ပြင်း သင်္ချိုင်းနားမှာ အိပ်ပျော်နေတာကိုမိသွားတာ။ သူ့ကိုစစ်ဆေးပြီးတခြားသူတွေကိုမေးတော့ သူ့ထွက်ဆိုချက်အတိုင်း မနေ့ကတနေကုန် ရွှေသာလျောင်းဘုရားအနောက်ရဲ့ဓနိတောထဲသဲကြီးမဲကြီးလိုက်ရှာနေကြတာ ဒီနေ့ထိတော့မိတယ်မကြားသေးဘူး” ဟု ဘုတ်ပြင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

ပြန်လည်ဖမ်းဆီးခံရသူမှာ မူးယစ်ဆေးဝါးမှုနှင့်ဖမ်းဆီးခံထားရသူဟုသိရပြီး တော်လှန်ရေးသမား ၁ ဦးနှင့် CDM ရဲ ၁ ဦးအပါအဝင် ကျန် ၄ ဦးမှာလွတ်မြောက်နေဆဲဖြစ် ကြောင်းသိရသည်

ထို့အပြင် အချုပ်သားများ လွတ်မြောက်သွားသဖြင့် ဘုတ်ပြင်းရဲစခန်းမှ ကင်းစောင့်တာဝန်ကျရဲနှင့် ကင်းမှူးတို့ ဖမ်းဆီးအချုပ်ချခံထားရပြီး စစ်ဆေးခံနေရကြောင်း အဆိုပါရဲစခန်းနှင့်နီးစပ်သူများထံကသိရသည်

”အဲ့ဒီအချုပ်သားတွေထွက်ပြေးသွားတဲ့ကင်းချိန်မှာတာ ဝန်ကျတဲ့ရဲက ရည်စိုး တဲ့ရဲနာမည်က ၊ အဲ့ဒီရဲနဲ့ အဲ့ဒီကင်း တွဲက ကင်းမှူးကိုအချုပ်သားလွတ်တဲ့အမှုနဲ့ အချုပ်ချပြီးစ်ဆေးခံနေရတယ်” ဟု ဘုတ်ပြင်းရဲစခန်းနှင့်နီးစပ် သည့်ဒေသခံက ဧရာဝတီတိုင်းမ်ကိုပြောသည်

အချုပ်သားများလွတ်မြောက်နေဆဲဖြစ်၍ စစ်ကောင်စီတပ်မှ ဘုတ်ပြင်းမြို့ကိုလုံခြုံရေးတင်းကြပ်ထားပြီး မြို့အနီးတဝိုက်နှင့်ကျေးရွာများအထိပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်းသိရသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *