
ရန်ကုန်၊ နိုဝင်ဘာ ၂၃






Breaking News- ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို သေဆုံး၊ M 16 သေနတ် ၁ လက် ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၃ ဦးကို သေဆုံးပြီး M 16 သေနတ် ၁ လက် ရရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ အချိန် ရေးမြို့မ ရဲစခန်းမှ စခန်းမှူး နှင့်အဖွဲ့လိုက်ပါသော ကားကို ရေးမြို့နယ် တပ်မ ၁၉ အနီးတွင် ရေးဘီလူး အဖွဲ့ က ပစ်ခတ်တိုက်ခိုက်ရာတွင် ကားပေါ်တွင် လိုက်ပါသော စခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးကြောင်း၊ M16 သေနတ်တစ်လက်ရရှိကြောင်း သိရှိရသည်

“ရေးမြို့နယ် ၁၉တပ်မနဲ့ မီတာ၂၀လောက်မှာ စခန်းမှူးကားကိုဝင်ပစ်ပါတယ် စခန်းမှူးအပါအဝင် ၃ကောင်ကျတယ်။ M16 သေနတ်တစ်လက်ရပါတယ်” ဟု ရေဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်

ရေးမြို့နယ်ဒေသခံတစ်ဦးကမူ ရေးမြို့မစခန်းတွင် ရဲများနှင့်စစ်သားတချို့ ဝရုန်း သုန်း ကားဖြစ်နေပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်မည့် အခြေ အနေ ရှိကြောင်း၊ လူငယ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ဝေးဝေးနေသင့်ကြောင်း ပြောဆိုသည်

“ပစ်ခတ်မှုဖြစ်တာတော့ သတင်းကြားတယ်။ အခု ရဲစခန်းဘက်မှာ ခွေးတွေ လှုပ်လှုပ်ရွရွဖြစ်နေတယ်လူငယ်တွေ အသွားအလာ သတိထားကြပါ။ ခွေး တွေက ယုတ်မာလွန်းလို့” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *