မ်က္ရည္ကိုသုတ္ ဓားကိုဆုပ္ကိုင္ကာ ေရွ႕တစ္လွမ္းတိုး၍ PDF မ်ားကို တိုက္ခိုက္သြားမည္ဟု ဦးခင္ရီ ႀကိမ္းဝါး

CJ Platform

အေျခအေနေပးလာပါက ဓါးကိုဆုပ္ကိုင္၍ ေရွ႕တစ္လွမ္းတိုးကာ PDF မ်ားကို တိုက္ခိုက္သြားမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးခင္ရီ၏ မိန႔္ခြန္းေၾကာင့္ စစ္ကိုင္းတိုင္းရွိ ပါတီဝင္မ်ား ေၾကာက္လန႔္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕နယ္ခရီးစဥ္တြင္ ႏိုဝင္ဘာလ ၂၁ ရက္ေန႔က ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီက ႀကိမ္းဝါးေျပာဆိုခဲ့တာျဖစ္သည္ဟု ပါတီဝင္တစ္ဦးက CJ Platform ကိုေျပာသည္

“သူကေျပာၿပီးျပန္မွာ ဒီမွာက PDF ေတြ လာသတ္ရင္ေတာင္ ဘယ္အဖြဲ႕အစည္းမွ အေလာင္း သြားမေကာက္ရဲဘူး”ဟု ေျပာသည္

ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးခင္ရီ မုံ႐ြာသို႔ေရာက္ရွိစဥ္ ပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး USDP ပါတီဝင္မ်ား အသက္ေသဆုံးမႈမ်ားရွိေနသျဖင့္ လုံၿခဳံေရးအစီအမံမ်ား လုပ္ေဆာင္ထားသည္ဟု ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္သည္ဟု ပါတီဝင္တစ္ဦးက CJ Platform ကိုေျပာသည္

“ဒီလိုသတ္ျဖတ္မႈ႕ေတြကို ေျဖရွင္းဖို႔ ကြၽန္ေတာ္လာခဲ့တာပါ။ အခ်ိန္တစ္ခုေရာက္လာတဲ့အခါမွာ မ်က္ရည္ကိုသုတ္၊ ဓားကိုဆုပ္ကိုင္ကာ ပါတီဝင္ေတြေရွ႕က က်ေနာ္တိုက္ခိုက္သြားမယ္”ဟု ေျပာဆိုခဲ့တာ ျဖစ္သည္ဟု ရွင္းျပသည္

ျပည္ခိုင္ၿဖိဳးဥကၠဌ ေျပာဆိုၿပီးေနာက္ စစ္ကိုင္းတိုင္းရွိပါတီဝင္အခ်ိဳ႕မွာ မိမိတို႔၏ ေနအိမ္မ်ားတြင္ မေနရဲေတာ့ဘဲ အျခားအရပ္ေဒသသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ေနၾကသည္ဟု ပါတီဝင္အခ်ိဳ႕ဆီက သိရသည္

စစ္တပ္ အာဏာသိမ္းႏိုင္ေအာင္ ကူညီေပးခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီသည္ အာဏာသိမ္းၿပီးေနာက္ ပါတီဝင္ ၂၆၀၀ နီးပါး ရွင္းလင္းခံထားရသည္ဟု ပါတီမွတ္တမ္းမ်ားအရ သိရသည္

🖋ကိုေပါက္

မျက်ရည်ကိုသုတ် ဓားကိုဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုး၍ PDF များကို တိုက်ခိုက်သွားမည်ဟု ဦးခင်ရီ ကြိမ်းဝါး

CJ Platform

အခြေအနေပေးလာပါက ဓါးကိုဆုပ်ကိုင်၍ ရှေ့တစ်လှမ်းတိုးကာ PDF များကို တိုက်ခိုက်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီ၏ မိန့်ခွန်းကြောင့် စစ်ကိုင်းတိုင်းရှိ ပါတီဝင်များ ကြောက်လန့်နေသည်ဟု မြို့ခံတွေဆီက သိရသည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ခရီးစဉ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ကြိမ်းဝါးပြောဆိုခဲ့တာဖြစ်သည်ဟု ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်

“သူကပြောပြီးပြန်မှာ ဒီမှာက PDF တွေ လာသတ်ရင်တောင် ဘယ်အဖွဲ့အစည်းမှ အလောင်း သွားမကောက်ရဲဘူး”ဟု ပြောသည်

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီ မုံရွာသို့ရောက်ရှိစဉ် ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး USDP ပါတီဝင်များ အသက်သေဆုံးမှုများရှိနေသဖြင့် လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားသည်ဟု ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်သည်ဟု ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်

“ဒီလိုသတ်ဖြတ်မှု့တွေကို ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်ကိုင်ကာ ပါတီဝင်တွေရှေ့က ကျနော်တိုက်ခိုက်သွားမယ်”ဟု ပြောဆိုခဲ့တာ ဖြစ်သည်ဟု ရှင်းပြသည်

ပြည်ခိုင်ဖြိုးဥက္ကဌ ပြောဆိုပြီးနောက် စစ်ကိုင်းတိုင်းရှိပါတီဝင်အချို့မှာ မိမိတို့၏ နေအိမ်များတွင် မနေရဲတော့ဘဲ အခြားအရပ်ဒေသသို့ ရွှေ့ပြောင်းနေထိုင်နေကြသည်ဟု ပါတီဝင်အချို့ဆီက သိရသည်

စစ်တပ် အာဏာသိမ်းနိုင်အောင် ကူညီပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် အာဏာသိမ်းပြီးနောက် ပါတီဝင် ၂၆၀၀ နီးပါး ရှင်းလင်းခံထားရသည်ဟု ပါတီမှတ်တမ်းများအရ သိရသည်

🖋ကိုပေါက်

 

Leave a Reply

Your email address will not be published. Required fields are marked *