ခင္ဦးမွာ အေျခေနဆိုးသထက္ဆိုးလာပါၿပီ…အသက္ ၈၅ ႏွစ္အ႐ြယ္ အဖြားႀကီးကို လုပ္ရက္လိုက္ၾကတာဗ်ာ

ခင္ဦးမွာ ေဒသခံ ၄ဦးသ–တ္ခံရၿပီး အဖြားအိုတဦး မီးေလာင္ေသဆုံး

ေျမလတ္အသံ၊ ႏိုဝင္ဘာ၂၂၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္နဲ႔ ေ႐ႊဘို ၿမိဳ႕နယ္ေတြက ေဒသခံ ၄ဦးကိုစစ္ေကာင္စီက ႏိုဝင္ဘာ၁၈ရက္၊၂၀ရက္ေတြမွာ ေသနတ္နဲ႔ ပစ္သတ္သြားၿပီး အဖြားအိုတဦးကေတာ့ မီးထဲပါၿပီးေသဆုံးခဲ့တယ္လို႔ သိရပါတယ္

သတ္ခံရသူေတြနဲ႔မီးေလာင္ေသဆုံးသူက ေ႐ႊဘိုၿမိဳ႕နယ္၊ လိပ္ရကုန္းေက်း႐ြာက အမည္မသိရတဲ့႐ြာသား ၄ဦးနဲ႔ ခင္ဦးၿမိဳ႕နယ္ ေပါင္းလဲကုန္းေက်း႐ြာက အသက္ ၈၅ႏွစ္အ႐ြယ္ ေဒၚခ်စ္စုတို႔ျဖစ္ၾကတယ္လို႔ ခင္ဦးၿမိဳ႕နယ္သတင္းမွန္ျပန္ၾကား ေရးအဖြဲ႕ မွ တာဝန္ရွိသူတဦးက ေျပာပါတယ္

“ေပါင္းလဲကုန္း႐ြာကို စစ္ေကာင္စီက ၁၈၊၁၉ရက္ေတြမွာ မီးရႈိ႕တယ္ မီးရႈိ႕တဲ့အထဲမွာ အဖြားတေယာက္လည္းပါသြားတယ္။ ၿပီးေတာ့ အဲစစ္ေၾကာင္းက လိပ္ရကုန္း႐ြာကို ၂၀ရက္မွာဝင္ဖို႔သြားတာ အဲဒီအခ်ိန္မွာေဒသကာကြယ္ ေရးအဖြဲ႕ေတြက မိုင္းဆြဲတိုက္လိုက္တယ္။ စစ္ေကာင္စီက အထိနာသြားေတာ့ ႐ြာကိုဝင္ၿပီးေတာ့ ေနအိမ္၁၅လုံးနဲ႔ ႐ြာသား ၄ေယာက္ကိုသတ္ၿပီးမီးရႈိ႕သြားတာပါ”လို႔ ဆိုပါတယ္

ဒါ့အျပင္ ႏိုဝင္ဘာ ၁၉ရက္မွာ ေပါင္းလဲကုန္းေက်း႐ြာက အသက္၅၃ႏွစ္အ႐ြယ္ ဦးဆန္းဝင္း ေက်း႐ြာကေနထြက္ေျပးတိမ္းေရွာင္ခ်ိန္ စစ္ေကာင္စီရဲ႕ လက္နက္ ႀကီးထိၿပီးေတာ့ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္

ၿပီးခဲ့တဲ့ႏိုဝင္ဘာ ၁၈ရက္ကစတင္ၿပီး ႏိုဝင္ဘာ၂၁ရက္အထိ စစ္ေကာင္စီ မီးရႈိ႕ သြားခဲ့တဲ့ ခင္ဦးၿမိဳ႕နယ္ထဲကေက်း႐ြာေတြကေတာ့ ေပါင္းလဲကုန္း၊ ဆီဆုံေလး၊ ေစာႀကီး ၊ သနပ္စိန္၊ မေဒါင္းႀကီး၊ လက္ပံႀကီး၊ ေ႐ႊကာ၊ လွဲတြင္းစတဲ့ေက်း႐ြာေတြျဖစ္ၿပီး အဲဒီ႐ြာေတြက အိမ္ေျခ ၅၀၀ေက်ာ္ ျပာက်ပ်က္စီးခဲ့တယ္ရ တယ္လို႔ ဆိုပါတယ္

“စစ္ေကာင္စီက ခင္ဦးနယ္က ႐ြာေတြကို ဒီလ၁၈ရက္ကစလို႔ မီးရႈိ႕ေနတာ မေန႔ကဆိုရင္ေတာ့ေသနပ္စိန္နဲ႔ေစာႀကီးကို တ႐ြာ လုံးနီးပါးရႈိ႕ခဲ့တာ။အခုအခ်ိန္ထိေတာ့ ပ်က္စီး စာရင္းေတြမရေသးဘူး။ေခြးေတြက႐ြာနားေတြမွာ ကင္းပုန္းဝပ္လို႔ရွိေနေသးေတာ့ ႐ြာထဲကို ဝင္မရေသးဘူး ခင္ဦးတနယ္ထဲမွာ အခုတေလာမီးရႈိ႕ခံရတာ ၇႐ြာရွိပါၿပီ။ သူတို႔က အိမ္ေတြကိုမီးရႈိ႕တဲ့အျပင္ လူေတြကိုပါသတ္ျဖတ္ေနတာ”လို႔ ဆိုပါတယ္

စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ဒီေန႔အခ်ိန္ထိ ခင္ဦးၿမိဳ႕နယ္မွာ စစ္ေကာင္စီ မီးရႈိ႕ခဲ့တဲ့ေက်း႐ြာ ေပါင္း ၅၅႐ြာနဲ႔ အိမ္ေျခစုစုေပါင္း ၂၅၀၀ေက်ာ္ အထိျပာက်ပ်က္စီးသြားခဲ့ရၿပီလို႔ ခင္ဦးၿမိဳ႕နယ္ သတင္းမွန႔္ျပန္ၾကားေရးအဖြဲ႕ရဲ႕စာရင္းအရသိပါတယ္

စာတည္း – ဇို-ေျမလတ္အသံ

ခင်ဦးမှာ အခြေနေဆိုးသထက်ဆိုးလာပါပြီ…အသက် ၈၅ နှစ်အရွယ် အဖွားကြီးကို လုပ်ရက်လိုက်ကြတာဗျာ

ခင်ဦးမှာ ဒေသခံ ၄ဦးသ–တ်ခံရပြီး အဖွားအိုတဦး မီးလောင်သေဆုံး

မြေလတ်အသံ၊ နိုဝင်ဘာ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘို မြို့နယ်တွေက ဒေသခံ ၄ဦးကိုစစ်ကောင်စီက နိုဝင်ဘာ၁၈ရက်၊၂၀ရက်တွေမှာ သေနတ်နဲ့ ပစ်သတ်သွားပြီး အဖွားအိုတဦးကတော့ မီးထဲပါပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်

သတ်ခံရသူတွေနဲ့မီးလောင်သေဆုံးသူက ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းကျေးရွာက အမည်မသိရတဲ့ရွာသား ၄ဦးနဲ့ ခင်ဦးမြို့နယ် ပေါင်းလဲကုန်းကျေးရွာက အသက် ၈၅နှစ်အရွယ် ဒေါ်ချစ်စုတို့ဖြစ်ကြတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောပါတယ်

“ပေါင်းလဲကုန်းရွာကို စစ်ကောင်စီက ၁၈၊၁၉ရက်တွေမှာ မီးရှို့တယ် မီးရှို့တဲ့အထဲမှာ အဖွားတယောက်လည်းပါသွားတယ်။ ပြီးတော့ အဲစစ်ကြောင်းက လိပ်ရကုန်းရွာကို ၂၀ရက်မှာဝင်ဖို့သွားတာ အဲဒီအချိန်မှာဒေသကာကွယ် ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်လိုက်တယ်။ စစ်ကောင်စီက အထိနာသွားတော့ ရွာကိုဝင်ပြီးတော့ နေအိမ်၁၅လုံးနဲ့ ရွာသား ၄ယောက်ကိုသတ်ပြီးမီးရှို့သွားတာပါ”လို့ ဆိုပါတယ်

ဒါ့အပြင် နိုဝင်ဘာ ၁၉ရက်မှာ ပေါင်းလဲကုန်းကျေးရွာက အသက်၅၃နှစ်အရွယ် ဦးဆန်းဝင်း ကျေးရွာကနေထွက်ပြေးတိမ်းရှောင်ချိန် စစ်ကောင်စီရဲ့ လက်နက် ကြီးထိပြီးတော့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၈ရက်ကစတင်ပြီး နိုဝင်ဘာ၂၁ရက်အထိ စစ်ကောင်စီ မီးရှို့ သွားခဲ့တဲ့ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကတော့ ပေါင်းလဲကုန်း၊ ဆီဆုံလေး၊ စောကြီး ၊ သနပ်စိန်၊ မဒေါင်းကြီး၊ လက်ပံကြီး၊ ရွှေကာ၊ လှဲတွင်းစတဲ့ကျေးရွာတွေဖြစ်ပြီး အဲဒီရွာတွေက အိမ်ခြေ ၅၀၀ကျော် ပြာကျပျက်စီးခဲ့တယ်ရ တယ်လို့ ဆိုပါတယ်

“စစ်ကောင်စီက ခင်ဦးနယ်က ရွာတွေကို ဒီလ၁၈ရက်ကစလို့ မီးရှို့နေတာ မနေ့ကဆိုရင်တော့သေနပ်စိန်နဲ့စောကြီးကို တရွာ လုံးနီးပါးရှို့ခဲ့တာ။အခုအချိန်ထိတော့ ပျက်စီး စာရင်းတွေမရသေးဘူး။ခွေးတွေကရွာနားတွေမှာ ကင်းပုန်းဝပ်လို့ရှိနေသေးတော့ ရွာထဲကို ဝင်မရသေးဘူး ခင်ဦးတနယ်ထဲမှာ အခုတလောမီးရှို့ခံရတာ ၇ရွာရှိပါပြီ။ သူတို့က အိမ်တွေကိုမီးရှို့တဲ့အပြင် လူတွေကိုပါသတ်ဖြတ်နေတာ”လို့ ဆိုပါတယ်

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အချိန်ထိ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီ မီးရှို့ခဲ့တဲ့ကျေးရွာ ပေါင်း ၅၅ရွာနဲ့ အိမ်ခြေစုစုပေါင်း ၂၅၀၀ကျော် အထိပြာကျပျက်စီးသွားခဲ့ရပြီလို့ ခင်ဦးမြို့နယ် သတင်းမှန့်ပြန်ကြားရေးအဖွဲ့ရဲ့စာရင်းအရသိပါတယ်

စာတည်း – ဇို-မြေလတ်အသံ

 

Leave a Reply

Your email address will not be published. Required fields are marked *