နင္းမိုင္းရန္ေၾကာက္လို႔ ျမစ္ကမ္းပါးေဘးက ကပ္သြားတဲ့ စစ္ေကာင္စီတပ္ RPG နဲ႔အပစ္ခံရၿပီး ထိခိုက္ေသဆုံးသူ မ်ားျပားၿပီး အေလာင္းေတြကို ေမာ္ေတာ္နဲ႔သယ္ယူေနရ

ကိုကိုေလး/ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၂၂ ရက္

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၊ မိုးတာတိုက္နယ္၊ သံပုရာကုန္း နဲ႔ ေရနီၾကားတြင္ ဒီကေန႔ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ မနက္ ၆ နာရီ ၁၅ မိနစ္အခ်ိန္မွာ စစ္ေကာင္စီတပ္သားေတြတိုက္ခိုက္ခံရၿပီး ေသဆုံးမႈမ်ားျပားတယ္လို႔ မိုးတား PDF ထံကသိရပါတယ္

အဆိုပါ စစ္ေကာင္စီတပ္သားေတြဟာ နင္းမိုင္းရန္ေၾကာက္တာေၾကာင့္ ကမ္းပါးေဘးကပ္သြားေနခ်ိန္ သံပုရာကုန္း နဲ႔ ေရနီၾကားအနီးမွာ RPG ၉ ခ်က္၊ ဆြဲမိုင္း ၈ လုံး၊ 79 mm တို႔နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာလို႔ ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ေျပာပါတယ္

“တိုက္ပြဲက အနီးကျဖစ္ေတာ့ ေသခ်ာျမင္ရတယ္။ ႏွစ္ဖက္စလုံးက ကြင္းျပင္မွာျဖစ္ၾကေတာ့ သူတို႔ေတြ ဒဏ္ရာရတဲ့သူေတြနဲ႔ ေသဆုံးတဲ့သူေတြကို သယ္ထုတ္ေနၾကတာ အခါတိုင္းက စစ္သားေတြေသရင္ ျမစ္ကမ္းေဘးက ႐ြာသားေတြကို ေျမျမဳပ္ခိုင္းတာ ခုေတာ့ သူတို႔ကိုယ္တိုင္သယ္ထုတ္ေနတယ္” လို႔ မိုးတာ PDF တပ္ဖြဲ႕ဝင္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္

RPG နဲ႔ အပစ္ခံရလို႔ ေသဆုံးသြားတဲ့ စစ္ေကာင္စီတပ္သားအေလာင္းေတြနဲ႔ ဒဏ္ရာရသူေတြကို ကသာၿမိဳ႕ဘက္ကေန ေမာ္ေတာ္မ်ားနဲ႔ စစ္တပ္ကလာေရာက္သယ္ယူေနတယ္ လို႔ ေဒသခံေတြက ဆိုပါတယ္

အဲဒီတိုက္ပြဲကို ကသာၿမိဳ႕နယ္၊ မိုးတားတိုက္နယ္အတြင္းရွိ ဗိုလ္သာလိကာ ဦးေဆာင္တဲ့ ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုက တိုက္ခိုက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္

လက္ရွိမွာ စစ္ေကာင္စီတပ္ေတြနဲ႔ အၾကားဒီကေန႔ ၁၁ နာရီ ၄၅ မိနစ္ ကစတင္ကာ မင္းလယ္မွာ ထပ္မံတိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကေျပာပါတယ္

စက္တင္ဘာလအတြင္းကလည္း ကသာခ႐ိုင္၊ မိုးတားတိုက္နယ္မွာ ျမစ္ကမ္းပါးေဘးမွ ကပ္ၿပီး စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္သားေတြ RPG နဲ႔ ပစ္ခတ္ခံရကာ ကမ္းပါးၿပိဳက်ၿပီး စစ္တပ္က အစုလိုက္အၿပဳံလိုက္ ေရနစ္ေသဆုံးခဲ့ေသးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ဓာတ္ပုံ-ပုံေဟာင္းျဖစ္သည္။Ayeyarwaddy_Times

နင်းမိုင်းရန်ကြောက်လို့ မြစ်ကမ်းပါးဘေးက ကပ်သွားတဲ့ စစ်ကောင်စီတပ် RPG နဲ့အပစ်ခံရပြီး ထိခိုက်သေဆုံးသူ များပြားပြီး အလောင်းတွေကို မော်တော်နဲ့သယ်ယူနေရ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာတိုက်နယ်၊ သံပုရာကုန်း နဲ့ ရေနီကြားတွင် ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားတယ်လို့ မိုးတား PDF ထံကသိရပါတယ်

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းရန်ကြောက်တာကြောင့် ကမ်းပါးဘေးကပ်သွားနေချိန် သံပုရာကုန်း နဲ့ ရေနီကြားအနီးမှာ RPG ၉ ချက်၊ ဆွဲမိုင်း ၈ လုံး၊ 79 mm တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်

“တိုက်ပွဲက အနီးကဖြစ်တော့ သေချာမြင်ရတယ်။ နှစ်ဖက်စလုံးက ကွင်းပြင်မှာဖြစ်ကြတော့ သူတို့တွေ ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးတဲ့သူတွေကို သယ်ထုတ်နေကြတာ အခါတိုင်းက စစ်သားတွေသေရင် မြစ်ကမ်းဘေးက ရွာသားတွေကို မြေမြုပ်ခိုင်းတာ ခုတော့ သူတို့ကိုယ်တိုင်သယ်ထုတ်နေတယ်” လို့ မိုးတာ PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

RPG နဲ့ အပစ်ခံရလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကသာမြို့ဘက်ကနေ မော်တော်များနဲ့ စစ်တပ်ကလာရောက်သယ်ယူနေတယ် လို့ ဒေသခံတွေက ဆိုပါတယ်

အဲဒီတိုက်ပွဲကို ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်းရှိ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ အကြားဒီကနေ့ ၁၁ နာရီ ၄၅ မိနစ် ကစတင်ကာ မင်းလယ်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောပါတယ်

စက်တင်ဘာလအတွင်းကလည်း ကသာခရိုင်၊ မိုးတားတိုက်နယ်မှာ မြစ်ကမ်းပါးဘေးမှ ကပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ ပစ်ခတ်ခံရကာ ကမ်းပါးပြိုကျပြီး စစ်တပ်က အစုလိုက်အပြုံလိုက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *