သွ်မ္းျပည္ ေျမာက္ပိုင္း ေလာက္ကိုင္ၿမိဳ႕တြင္
17 mins agoAdd Commentby admin

ေလာက္ကိုင္ၿမိဳ႕တြင္ ေငြလဲဆိုင္ကို ဓားျပဝင္တိုက္သည့္ စစ္ေကာင္စီတပ္သားမ်ား ပစ္ခတ္ခံရၿပီးေသဆုံး

မဇၩိမ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕နယ္တြင္ ယမန္ေန႔ ႏိုဝင္ဘာလ ၂၁ ရက္ေန႔ညပိုင္းက ေငြလဲဆိုင္ကို အႏုၾကမ္းဝင္စီးသည့္ စစ္ေကာင္စီတပ္သားမ်ားကို ေလာက္ကိုင္ေဒသခံ ျပည္သူ႔စစ္အဖြဲ႕က ပစ္ခတ္သျဖင့္ ႏွစ္ဦးေသဆုံးသြားေၾကာင္း သိရသည္

ယမန္ေန႔ည ၇နာရီဝန္းက်င္အခ်ိန္တြင္ စစ္ေကာင္စီတပ္သား ငါးဦးသည္ ေလာက္ကိုင္ျပည္သူ႔စစ္႐ုံး အေရွ႕ရွိ အရပ္သားပိုင္ေငြလဲဆိုင္တစ္ခုအား ဝင္ေရာက္ အႏုၾကမ္းစီးရာ ျပည္သူ႔စစ္ဘက္မွစတင္ပစ္ခတ္ခဲ့ၿပီး ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားကာ စစ္ေကာင္စီတပ္ဘက္မွ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ေလာက္ကိုင္ေဒသခံတစ္ဦးကေျပာသည္

“မေန႔ညက သူတို႔ကအခ်င္းခ်င္းပစ္က်တာဗ်။ တုံခ်ိန္နားက ေငြလဲအိမ္ကို စကစ(စစ္ေကာင္စီတပ္)က ဓားျပဝင္တိုင္တယ္။ အေရွ႕မွာကျပည္သူ႔စစ္ေနတာ၊ ျပည္သူ႔စစ္ေတြကလည္း ဓားျပတိုက္တယ္ၾကားေတာ့ လွမ္းပစ္ၾကရင္း အခ်င္းခ်င္းပစ္ၾကတာ။ အဲ့ဒီမွာ စကစ(စစ္ေကာင္စီတပ္) ဘက္က ႏွစ္ေယာက္က်တယ္။ ေနာက္ေတာ့မွ သူတို႔အခ်င္းခ်င္းမွန္းသိတာ” ဟုေဒသခံက ေျပာသည္

ပစ္ခတ္မႈသည္ ၁၅ မိနစ္ခန႔္ၾကာျမင့္ခဲ့ၿပီး ေဒသခံအခ်ိဳ႕၏ ေနအိမ္မ်ား ထိခိုက္ပ်က္စီးမႈရွိခဲ့ေၾကာင္းသိရသည္။ေလာက္ကိုင္တြင္ စစ္ေကာင္စီလက္ေအာက္ခံျပည္သူ႔စစ္

အမ်ားအျပားရွိၿပီး ယခုပစ္ခတ္မႈ ျဖစ္ပြါးသည့္ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ားမွာ စစ္ေကာင္စီလက္ေအာက္ခံမ်ား ျဖစ္သည္ဟု သိရသည္

စာတည္း။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မြို့တွင်
17 mins agoAdd Commentby admin

လောက်ကိုင်မြို့တွင် ငွေလဲဆိုင်ကို ဓားပြဝင်တိုက်သည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးသေဆုံး

မဇၩိမ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းက ငွေလဲဆိုင်ကို အနုကြမ်းဝင်စီးသည့် စစ်ကောင်စီတပ်သားများကို လောက်ကိုင်ဒေသခံ ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးသွားကြောင်း သိရသည်

ယမန်နေ့ည ၇နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်သား ငါးဦးသည် လောက်ကိုင်ပြည်သူ့စစ်ရုံး အရှေ့ရှိ အရပ်သားပိုင်ငွေလဲဆိုင်တစ်ခုအား ဝင်ရောက် အနုကြမ်းစီးရာ ပြည်သူ့စစ်ဘက်မှစတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း လောက်ကိုင်ဒေသခံတစ်ဦးကပြောသည်

“မနေ့ညက သူတို့ကအချင်းချင်းပစ်ကျတာဗျ။ တုံချိန်နားက ငွေလဲအိမ်ကို စကစ(စစ်ကောင်စီတပ်)က ဓားပြဝင်တိုင်တယ်။ အရှေ့မှာကပြည်သူ့စစ်နေတာ၊ ပြည်သူ့စစ်တွေကလည်း ဓားပြတိုက်တယ်ကြားတော့ လှမ်းပစ်ကြရင်း အချင်းချင်းပစ်ကြတာ။ အဲ့ဒီမှာ စကစ(စစ်ကောင်စီတပ်) ဘက်က နှစ်ယောက်ကျတယ်။ နောက်တော့မှ သူတို့အချင်းချင်းမှန်းသိတာ” ဟုဒေသခံက ပြောသည်

ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေသခံအချို့၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရသည်။လောက်ကိုင်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်

အများအပြားရှိပြီး ယခုပစ်ခတ်မှု ဖြစ်ပွါးသည့် ပြည်သူ့စစ်အဖွဲ့ဝင်များမှာ စစ်ကောင်စီလက်အောက်ခံများ ဖြစ်သည်ဟု သိရသည်

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Leave a Reply

Your email address will not be published. Required fields are marked *