အခ်ဳပ္သား ၅ ဦး အခ်ဳပ္ခန္းေဖာက္ ထြက္ေျပး၊ ေတာ္လွန္ေရးလုပ္ေဆာင္သူ ၁ ဦးႏွင့္ ရဲ CDM ၁ ဦး ပါဝင္ဟုဆို

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၂၂ ရက္

တနသၤာရီတိုင္း၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ ဘုတ္ျပင္းၿမိဳ႕မရဲစခန္းအခ်ဳပ္မွ အခ်ဳပ္သား ၅ ဦး ဒီကေန႔ ႏိုဝင္ဘာလ ၂၂ ရက္ မနက္အေစာပိုင္းက အခ်ဳပ္ခန္းေဖာက္ထြက္ ေျပးသြားတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္

အခ်ဳပ္ခန္းေဖာက္ထြက္ေျပးသြားတဲ့သူေတြထဲမွာအၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆိုခံထားရတဲ့ ေတာ္လွန္ေရးလုပ္ေဆာင္သူ ၁ ဦးပါဝင္ၿပီး ရဲတပ္ဖြဲ႕ကေနစြန႔္ခြာ CDM လုပ္ေဆာင္ရာကေနျပန္လည္ဖမ္းဆီးခံ ထားရသူ ရဲတပ္ဖြဲ႕ဝင္ ၁ ဦးလည္းပါဝင္ကာ စုစုေပါင္း ၅ ဦးထြက္ ေျပးသြားတာလို႔ ဆိုပါတယ္

အခ်ဳပ္သားေတြ အခ်ဳပ္ခန္းေဖာက္ထြက္ေျပးတာေၾကာင့္ စစ္ေကာင္စီအေစာင့္တပ္သားေတြဟာ ေသနတ္နဲ႔ လိုက္ လံပစ္ခတ္တာေတြလုပ္ေဆာင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိလြတ္ေျမာက္ေနတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္

”မနက္အေစာ ၃ နာရီေလာက္ႀကီး ရဲစခန္းထဲက ေသနတ္သံ ၄ ၊ ၅ ခ်က္ေလာက္ၾကားရတာ မနက္က် စုံစမ္းၾကည့္ ေတာ့ ရဲအခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သားေတြထြက္ေျပးတာကို ေသနတ္နဲ႔လိုက္ပစ္တာလို႔သိရတာ။ ၅ ေယာက္ေျပးတာလို႔ေျပာတယ္၊ အခ်ဳပ္ခန္းသံတိုင္ေတြ ဟေအာင္လုပ္ၿပီးေျပးသြားၾကတာလို႔သိရတယ္

အဲ့ဒီထဲမွာအၾကမ္း ဖက္ဥပေဒနဲ႔စြဲထားတဲ့ PDF လား ေထာက္ပံ့တဲ့သူလားေတာ့မသိဘူး ၁ ေယာက္လည္း ပါတယ္လို႔ေျပာတယ္။ ေနာက္ အဲ့ဒီရဲစခန္းကေနဘဲ CDM လုပ္ၿပီးထြက္ေျပးလို႔ အဖမ္းခံရတဲ့တေယာက္လည္းပါတယ္။ လက္ရွိထိေတာ့ ျပန္မိတယ္ေတာ့ မၾကားေသးဘူး” လို႔ ရဲစခန္းအနီးေနထိုင္သူ ဘုတ္ျပင္း ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္

ဘုတ္ျပင္းရဲစခန္းကေန အခ်ဳပ္သားေတြထြက္ေျပးလြတ္ ေျမာက္ေနလို႔ ဒီကေန႔မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြက ဘုတ္ျပင္းၿမိဳ႕ ေပၚအပါအဝင္အနီးတဝိုက္က ေက်း႐ြာ ေတြအထိပိတ္ဆို႔ရွာေဖြစစ္ေဆးတာေတြလုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြကဆိုပါတယ္

Ayeyarwaddy_Times

အချုပ်သား ၅ ဦး အချုပ်ခန်းဖောက် ထွက်ပြေး၊ တော်လှန်ရေးလုပ်ဆောင်သူ ၁ ဦးနှင့် ရဲ CDM ၁ ဦး ပါဝင်ဟုဆို

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၂ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲစခန်းအချုပ်မှ အချုပ်သား ၅ ဦး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းက အချုပ်ခန်းဖောက်ထွက် ပြေးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

အချုပ်ခန်းဖောက်ထွက်ပြေးသွားတဲ့သူတွေထဲမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တော်လှန်ရေးလုပ်ဆောင်သူ ၁ ဦးပါဝင်ပြီး ရဲတပ်ဖွဲ့ကနေစွန့်ခွာ CDM လုပ်ဆောင်ရာကနေပြန်လည်ဖမ်းဆီးခံ ထားရသူ ရဲတပ်ဖွဲ့ဝင် ၁ ဦးလည်းပါဝင်ကာ စုစုပေါင်း ၅ ဦးထွက် ပြေးသွားတာလို့ ဆိုပါတယ်

အချုပ်သားတွေ အချုပ်ခန်းဖောက်ထွက်ပြေးတာကြောင့် စစ်ကောင်စီအစောင့်တပ်သားတွေဟာ သေနတ်နဲ့ လိုက် လံပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိလွတ်မြောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်

”မနက်အစော ၃ နာရီလောက်ကြီး ရဲစခန်းထဲက သေနတ်သံ ၄ ၊ ၅ ချက်လောက်ကြားရတာ မနက်ကျ စုံစမ်းကြည့် တော့ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေထွက်ပြေးတာကို သေနတ်နဲ့လိုက်ပစ်တာလို့သိရတာ။ ၅ ယောက်ပြေးတာလို့ပြောတယ်၊ အချုပ်ခန်းသံတိုင်တွေ ဟအောင်လုပ်ပြီးပြေးသွားကြတာလို့သိရတယ်

အဲ့ဒီထဲမှာအကြမ်း ဖက်ဥပဒေနဲ့စွဲထားတဲ့ PDF လား ထောက်ပံ့တဲ့သူလားတော့မသိဘူး ၁ ယောက်လည်း ပါတယ်လို့ပြောတယ်။ နောက် အဲ့ဒီရဲစခန်းကနေဘဲ CDM လုပ်ပြီးထွက်ပြေးလို့ အဖမ်းခံရတဲ့တယောက်လည်းပါတယ်။ လက်ရှိထိတော့ ပြန်မိတယ်တော့ မကြားသေးဘူး” လို့ ရဲစခန်းအနီးနေထိုင်သူ ဘုတ်ပြင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်

ဘုတ်ပြင်းရဲစခန်းကနေ အချုပ်သားတွေထွက်ပြေးလွတ် မြောက်နေလို့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဘုတ်ပြင်းမြို့ ပေါ်အပါအဝင်အနီးတဝိုက်က ကျေးရွာ တွေအထိပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *