ရဲစခန္းကို ကိုယ္တိုင္မီးျပန္ရႈိ႕တဲ့ စစ္ေကာင္စီတပ္ေတြ

ၿမိဳင္ၿမိဳ႕နယ္၊ ဗဟင္း ရဲစခန္းကို စစ္တပ္က မီးရႈိ႕ဖ်က္ဆီးၿပီး ရဲမ်ား ႏွင့္ မိသားစု ဝင္မ်ားကို ေခၚေဆာင္ကာ စခန္း စြန႔္ခြာသြား၊ ေလျဖတ္ ေန သည့္ ရဲဒုတပ္ၾကပ္ ဝင္းကိုကိုေအာင္ကို ေငြ ၁၀၀၀၀ ျဖင့္ ခ်န္ထားခဲ့မႈ PDF က ျပန္ေစာင့္ ေရွာက္ ထားရ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၂

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ဗဟင္း ရဲစခန္းကို အၾကမ္းဖက္ စစ္ေကာင္စီ တပ္ သား မ်ားက မီးျပန္ရႈိ႕ၿပီး စခန္းမွ စြန႔္ခြာသြားေၾကာင္း ၿမိဳင္ျပည္သူ႔ ကာကြယ္ ေရးတပ္ဖြဲ႕ႏွင့္ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ႏိုဝင္ဘာလ ၂၁ ရက္ေန႔ နံနက္ ပိုင္းတြင္ ဗဟင္း ရဲစခန္းမွ စစ္သားႏွင့္ရဲမ်ားက ရဲစခန္းကို မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ ညေနပိုင္းတြင္ ေက်း႐ြာအတြင္းမွ ျပည္သူပိုင္ ေနအိမ္ ၅၂ လုံးကို ထပ္မံ မီးရႈိ႕ဖ်က္ဆီးၿပီးမွ ရဲစခန္းကို စြန႔္ခြာ ထြက္ေျပး သြား ေၾကာင္း သိရသည္။

” စစ္ေခြးေတြက တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ဗဟင္းေက်း႐ြာက ရဲစခန္းနဲ႔ ျပည္သူ ပိုင္ ေနအိမ္ ၅၂ လုံးကို မီးရႈိ႕ဖ်က္စီးသြားၿပီး ဒီေန႔ နံနက္ ၈ နာရီေလာက္မွာ စခန္း ကေန ထြက္ခြာသြားတယ္

စစ္ေခြးေတြက မေန႔က နံနက္ပိုင္းတည္းက ဗဟင္းရဲစခန္းကို စတင္မီးရႈိ႕ဖ်က္စီးကာ ျပည္သူပိုင္ေနအိမ္မ်ားကိုလည္း လိုက္ လံမီးရႈိ႕ဖ်က္ဆီးခဲ့တာပါ” ဟု ၿမိဳင္ၿမိဳ႕ ေႏြဦးေတာ္လွန္ေရး အဖြဲ႕မွ တာဝန္ ရွိသူ တစ္ဦးကေျပာဆိုသည္

စစ္တပ္ႏွင့္ရဲမ်ားက ဗဟင္းရဲစခန္းကို စြန႔္ခြာသြားခ်ိန္ တုတ္ေကာက္ျဖင့္ သြားလာေနရေသာ ေလျဖတ္လူနာ ရဲဒုတပ္ၾကပ္ ဝင္းကိုကိုေအာင္ကို ေခၚ ေဆာင္ သြာျခင္းမရွိဘဲ ေငြ ၁၀၀၀၀ ျဖင့္ ခ်န္ထားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ PDF တပ္မ်ားက ေကာင္းမြန္စြာ ေခၚယူ ေစာင့္ေရွာက္ထားေပးေၾကာင္း သိရွိရသည္

“က်ေနာ့္က ေလျဖတ္ေနေတာ့ လမ္းမေလွ်ာက္ႏိုင္ေတာ့ ေငြ ၁၀၀၀၀ နဲ႔ထားခဲ့တာ။ လမ္းမွာ တိုက္ပြဲျဖစ္မွာဆိုၿပီး ထားပစ္ခဲ့တာ စိတ္နာပါတယ္” ဟု ေလျဖတ္ေနသည့္ ဒုရဲတပ္ၾကပ္ဝင္းကိုကိုေအာင္က ေျပာဆိုထားသည္

ရဲစခန်းကို ကိုယ်တိုင်မီးပြန်ရှို့တဲ့ စစ်ကောင်စီတပ်တွေ

မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရဲများ နှင့် မိသားစု ဝင်များကို ခေါ်ဆောင်ကာ စခန်း စွန့်ခွာသွား၊ လေဖြတ် နေ သည့် ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့မှု PDF က ပြန်စောင့် ရှောက် ထားရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို အကြမ်းဖက် စစ်ကောင်စီ တပ် သား များက မီးပြန်ရှို့ပြီး စခန်းမှ စွန့်ခွာသွားကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ် ၅၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးပြီးမှ ရဲစခန်းကို စွန့်ခွာ ထွက်ပြေး သွား ကြောင်း သိရသည်

” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာက ရဲစခန်းနဲ့ ပြည်သူ ပိုင် နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်စီးသွားပြီး ဒီနေ့ နံနက် ၈ နာရီလောက်မှာ စခန်း ကနေ ထွက်ခွာသွားတယ်

စစ်ခွေးတွေက မနေ့က နံနက်ပိုင်းတည်းက ဗဟင်းရဲစခန်းကို စတင်မီးရှို့ဖျက်စီးကာ ပြည်သူပိုင်နေအိမ်များကိုလည်း လိုက် လံမီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်

စစ်တပ်နှင့်ရဲများက ဗဟင်းရဲစခန်းကို စွန့်ခွာသွားချိန် တုတ်ကောက်ဖြင့် သွားလာနေရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ခေါ် ဆောင် သွာခြင်းမရှိဘဲ ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့ကြောင်း၊ ထို့ကြောင့် PDF တပ်များက ကောင်းမွန်စွာ ခေါ်ယူ စောင့်ရှောက်ထားပေးကြောင်း သိရှိရသည်

“ကျနော့်က လေဖြတ်နေတော့ လမ်းမလျှောက်နိုင်တော့ ငွေ ၁၀၀၀၀ နဲ့ထားခဲ့တာ လမ်းမှာ တိုက်ပွဲဖြစ်မှာဆိုပြီး ထားပစ်ခဲ့တာ စိတ်နာပါတယ်” ဟု လေဖြတ်နေသည့် ဒုရဲတပ်ကြပ်ဝင်းကိုကိုအောင်က ပြောဆိုထားသည်

 

Leave a Reply

Your email address will not be published. Required fields are marked *