အင္းစိန္ေထာင္ဝန္ထမ္း(၃၀) နီးပါးထြက္ေျပး

ရန္ကုန္ – ႏိုဝင္ဘာ(၂၂)

ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္မွာရွိတဲ့ အင္းစိန္အက်ဥ္းေထာင္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္း (၃၀) နီးပါးဟာ ႏိုဝင္ဘာလ တတိယပတ္ထဲမွာ ထြက္ေျပးသြားၾကတယ္လို႔ အက်ဥ္းေထာင္ ဝန္ထမ္း တစ္ဦးက သံလြင္တိုင္းမ္ကိုေျပာပါတယ္

သူတို႔ေတြဟာ ထြက္စာတင္ထားတဲ့သူေတြရွိသလို တခ်ိဳ႕ကေတာ့ ေက်ာင္းတက္မယ္ဆိုၿပီး အျပင္ ထြက္သြားခ်ိန္မွာ ျပန္မလာၾကေတာ့တာျဖစ္တယ္လို႔ သိရပါတယ္

“ဝန္ထမ္းမိသားစုနဲ႔ ေရွ႕ေနဝင္ထြက္အေပါက္ဘက္မွာ ထြက္ေျပးသြားသူေတြရဲ႕ စာရင္းကပ္ထားတာ ေတြ႕တယ္။ အဲ့ဒီနားမွာ စစ္တပ္ကလူေတြေစာင့္ေနတာ သူတို႔ထိုင္တဲ့နားဆိုေတာ့ ပုံေတာ့ ႐ိုက္မရဘူး” လို႔ အင္းစိန္ေထာင္ဝန္ထမ္းတစ္ဦးက ေျပာပါတယ္

အင္းစိန္ေထာင္ကေန တာဝန္ မထမ္းေဆာင္လိုေတာ့တဲ့အတြက္ ထြက္ေျပးသြားတဲ့ ဝန္ထမ္းေတြထဲမွာ အမ်ိဳးသမီးဝန္ထမ္းေတြလဲပါဝင္တယ္လို႔ သူက ေျပာပါေသးတယ္

ဝန္ထမ္းထြက္ေျပးတဲ့ စာရင္းေတြကို ႏိုဝင္ဘာလ(၁၉) ရက္ေန႔မွာ စတင္ကပ္ထားတာ ျဖစ္ၿပီး ထြက္ေျပးသြားတဲ့သူေတြ ဝန္ထမ္းအိမ္ယာကိုျပန္လာရင္ အေၾကာင္းၾကားဖို႔လည္း ေထာင္အာဏာပိုင္ေတြနဲ႔ စစ္ေကာင္စီက အသိေပးထားတယ္လို႔ သိရပါတယ္

ျမန္မာႏိုင္ငံကို စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီလက္ေအာက္မွာ တာဝန္မထမ္း ေဆာင္လိုတဲ့ ဝန္ထမ္းေတြဟာ အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM ဝင္လာတာ သိန္းနဲ႔ခ်ီရွိေနၿပီျဖစ္တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ အခ်က္အလက္ေတြအရသိရပါ တယ္

သတင္း – သံလြင္တိုင္းမ္

အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

ရန်ကုန် – နိုဝင်ဘာ(၂၂)

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃၀) နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်

သူတို့တွေဟာ ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်

“ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။ အဲ့ဒီနားမှာ စစ်တပ်ကလူတွေစောင့်နေတာ သူတို့ထိုင်တဲ့နားဆိုတော့ ပုံတော့ ရိုက်မရဘူး” လို့ အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်

အင်းစိန်ထောင်ကနေ တာဝန် မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးသွားတဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးဝန်ထမ်းတွေလဲပါဝင်တယ်လို့ သူက ပြောပါသေးတယ်

ဝန်ထမ်းထွက်ပြေးတဲ့ စာရင်းတွေကို နိုဝင်ဘာလ(၁၉) ရက်နေ့မှာ စတင်ကပ်ထားတာ ဖြစ်ပြီး ထွက်ပြေးသွားတဲ့သူတွေ ဝန်ထမ်းအိမ်ယာကိုပြန်လာရင် အကြောင်းကြားဖို့လည်း ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီက အသိပေးထားတယ်လို့ သိရပါတယ်

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်း ဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်လာတာ သိန်းနဲ့ချီရှိနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက်တွေအရသိရပါ တယ်

သတင်း – သံလွင်တိုင်းမ်

 

Leave a Reply

Your email address will not be published. Required fields are marked *