ျပည္သူ႔ကာကြယ္ေရး မဟာမိတ္တပ္မ်ားက ေတာင္ကေလး ရဲစခန္းကို တက္သိမ္းမႈ ဗီဒီယို

ရန္ကုန္၊ ႏိုဝင္ဘာ ၂၁

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ရွိ ေတာင္ကေလးရဲစခန္းကို တက္သိမ္းခဲ့ သည့္ မဟာမိတ္ပူးေပါင္း တပ္မ်ား တြင္ Lion Battalion Commando – ဗ်ဴဟာ စစ္ေၾကာင္းမွ ရဲေဘာ္မ်ားပါဝင္ခဲ့ၿပီး ေတာင္ကေလး ရဲစခန္း တက္ သိမ္းမႈ ဗီဒီယိုကို မွ်ေဝထားသည္

ယေန႔ နံနက္အေစာပိုင္းမွစတင္ၿပီး ေတာင္ကေလးရဲကင္းကို တိုက္ခိုက္ရာ နံ နက္ ၁၁ နာရီခြဲ အခ်ိန္တြင္ ေအာင္ျမင္စြာတိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး စစ္တပ္ ဘက္မွ ၁၆ ဦးအထိရွိၿပီးလက္နက္ငယ္ ၁၀ လက္ ၊ ၆၀ မမ ၁ လက္ ႏွင့္အတူ က်ည္သီးမ်ားစြာ သိမ္းဆည္းရမိေၾကာင္း Lion Battalion Commando – ဗ်ဴဟာစစ္ေၾကာင္းက သတင္းထုတ္ ျပန္သည္

ႏိုဝင္ဘာလ ၂၁ ရက္ေန႔ နံနက္ ၅ နာရီခြဲအခ်ိန္ KNLA တပ္ရင္း ၁၆၊ အထူး စစ္ ဆင္ေရးတပ္ဖြဲ႕- S.O.F၊ ေကာ္သူးေလအာမီ၊ Saw Dragon Drone Force ႏွင့္ ARMS ဒ႐ုန္းအဖြဲ႕ ေတာင္ကေလးရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္ ခဲ့ ေၾကာင္း၊

ယင္း ေနာက္ နံနက္ ၆ နာရီခြဲမွစတင္၍ စစ္ေကာင္စီတပ္မ်ားက ရ ဟတ္ ယာဥ္ ၃ စီးျဖင့္ ပစ္ခတ္ၿပီး ေခ်ာင္းႏွစ္ခြ နယ္ေျမရဲစခန္းဘက္မွ လက္ နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္ခဲ့ေၾကာင္း၊ စစ္တပ္ႏွင့္ရဲဘက္မွ ေသဆုံး မႈမ်ားၿပီး လက္နက္ ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း သိရွိရသည္

စစ္တပ္ႏွင့္ရဲဘက္မွ ေသဆုံးသူ ၁၆ ဦးတြင္ ရဲဒုတပ္ၾကပ္ ကိုကိုလတ္၊ ရဲဒုတပ္ ၾကပ္ ဇြဲျပည့္ေအာင္၊ ရဲတပ္ၾကပ္ႀကီး ေက်ာ္မ်ိဳးတို႔ပါဝင္ေၾကာင္း သိရွိရသည္

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက တောင်ကလေး ရဲစခန်းကို တက်သိမ်းမှု ဗီဒီယို

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို တက်သိမ်းခဲ့ သည့် မဟာမိတ်ပူးပေါင်း တပ်များ တွင် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော်များပါဝင်ခဲ့ပြီး တောင်ကလေး ရဲစခန်း တက် သိမ်းမှု ဗီဒီယိုကို မျှဝေထားသည်

ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး တောင်ကလေးရဲကင်းကို တိုက်ခိုက်ရာ နံ နက် ၁၁ နာရီခွဲ အချိန်တွင် အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၁၆ ဦးအထိရှိပြီးလက်နက်ငယ် ၁၀ လက် ၊ ၆၀ မမ ၁ လက် နှင့်အတူ ကျည်သီးများစွာ သိမ်းဆည်းရမိကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ် ပြန်သည်

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် KNLA တပ်ရင်း ၁၆၊ အထူး စစ် ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့ တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ ကြောင်း၊

ယင်း နောက် နံနက် ၆ နာရီခွဲမှစတင်၍ စစ်ကောင်စီတပ်များက ရ ဟတ် ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းဘက်မှ လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ သေဆုံး မှုများပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်

စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူ ၁၆ ဦးတွင် ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ ရဲတပ်ကြပ်ကြီး ကျော်မျိုးတို့ပါဝင်ကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *