ရဲစခန္းလုံၿခဳံေရးကင္းေစာင့္ဖို႔ ေန႔စား ရဲ ေခၚယူေန

ပြင့္ျဖဴ – ႏိုဝင္ဘာ(၂၁)

မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕နယ္မွာ ရဲစခန္းလုံၿခဳံေရးကင္းေစာင့္ဖို႔အတြက္ စစ္ေကာင္စီေထာက္ခံတဲ့သူ ေတြကို အခေၾကးေငြေပးၿပီး ေန႔စားရဲ ေခၚယူေနတယ္လို႔ ေဒသခံေတြက သံလြင္တိုင္းမ္ ကိုေျပာ ပါတယ္

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရဲတပ္ဖြဲ႕ထဲ ဝင္တဲ့သူမရွိေတာ့သလို စစ္ေကာင္စီကလဲ လုံၿခဳံေရး မေပးႏိုင္ေတာ့တဲ့အတြက္ ႀကံ့ခိုင္ေရးပါတီဝင္ေတြနဲ႔ အလုပ္လက္မဲ့ေတြကို စည္း႐ုံးၿပီး ေန႔စားရဲ ေခၚေနရတာပါ

“ကားေတြလာရင္ ေတာင္းတဲ့ ေန႔စားရွိတယ္ ညကင္းေစာင့္ေပးရတဲ့ ေန႔စား ရွိတယ္ပိုက္ဆံေတာ့ သူတို႔ရင္ရသလို ေပးပုံပါ ရဲယူနီေဖာင္းနဲ႔ကင္းေစာင့္ေနတဲ့သူအမ်ားစုက ေန႔စားသမားေတြမ်ား တယ္။ တကယ့္ရဲဝန္ထမ္းေတြကေတာ့ အရပ္ဝတ္နဲ႔ ျပည္သူေတြထဲမွာေရာေနတယ္။” လို႔ ေဒသခံတစ္ဦးက သံလြင္တိုင္းမ္ကိုေျပာပါတယ္

ဒါ့အျပင္ စစ္ေကာင္စီတပ္သားေတြဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ပထမအပတ္က ေက်း႐ြာေပါင္းစုံက လူ(၂၀) ဝန္းက်င္ကို ဝါစိုက္ပ်ိဳးေရးတပ္ထဲစုေဝးၿပီး မင္းဘူး၊စကုၿမိဳ႕နယ္က တပ္စခန္းေတြကို စစ္သင္တန္းေပးဖို႔ ေခၚေဆာင္သြားတာရွိတယ္လို႔ ဝါစိုက္ပ်ိဳးေရးတပ္ နားေနထိုင္သူ တစ္ဦးက ဆိုပါတယ္

လက္ရွိအခ်ိန္မွာေတာ့ စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ စစ္တပ္နဲ႔ ရဲ တပ္ဖြဲ႕ ဝင္ေတြကို အသစ္စုေဆာင္းလို႔ မရေတာ့တဲ့အတြက္ ရပ္ကြက္ထဲက ပ်ဴေစာထီးေတြကို ေခၚၿပီး အသုံး ျပဳတာေတြရွိေနသလို မူးယစ္ေသာက္စားေနသူေတြကို လည္း ေန႔စားခေပးၿပီး ကင္းေစာင့္ခိုင္းတာ ေတြရွိေနတယ္လို႔ မင္းဘူးခ႐ိုင္ပကဖ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္

စစ္ေကာင္စီတပ္ဟာ စစ္မ်က္ႏွာ အစုံဖြင့္လွစ္ထားရတာေၾကာင့္ အင္အားခ်ိနဲ႔ေနသလို ေရွ႕တန္း စစ္မ်က္ႏွာ ျပင္မွာလဲ ေန႔စဥ္ထိခိုက္ေသဆုံးတာေတြရွိေနတဲ့အတြက္ ေနာက္တန္းမွာ အရပ္သား ျပည္သူေတြကို ကင္းေစာင့္ဖို႔ အသုံးျပဳေနတာျဖစ္တယ္လို႔ သူက ေျပာပါေသးတယ္

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူနဲ႔ ပူးေပါင္းခဲ့တဲ့ စစ္သားနဲ႔ရဲ (၂) ေသာင္းေက်ာ္ရွိေနၿပီလို႔ NUG ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္

ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့ နေ့စား ရဲ ခေါ်ယူနေ

ပွင့်ဖြူ – နိုဝင်ဘာ(၂၁)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့အတွက် စစ်ကောင်စီထောက်ခံတဲ့သူ တွေကို အခကြေးငွေပေးပြီး နေ့စားရဲ ခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြော ပါတယ်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ထဲ ဝင်တဲ့သူမရှိတော့သလို စစ်ကောင်စီကလဲ လုံခြုံရေး မပေးနိုင်တော့တဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အလုပ်လက်မဲ့တွေကို စည်းရုံးပြီး နေ့စားရဲ ခေါ်နေရတာပါ

“ကားတွေလာရင် တောင်းတဲ့ နေ့စားရှိတယ် ညကင်းစောင့်ပေးရတဲ့ နေ့စား ရှိတယ်ပိုက်ဆံတော့ သူတို့ရင်ရသလို ပေးပုံပါ ရဲယူနီဖောင်းနဲ့ကင်းစောင့်နေတဲ့သူအများစုက နေ့စားသမားတွေများ တယ်။ တကယ့်ရဲဝန်ထမ်းတွေကတော့ အရပ်ဝတ်နဲ့ ပြည်သူတွေထဲမှာရောနေတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်က ကျေးရွာပေါင်းစုံက လူ(၂၀) ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်ထဲစုဝေးပြီး မင်းဘူး၊စကုမြို့နယ်က တပ်စခန်းတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတာရှိတယ်လို့ ဝါစိုက်ပျိုးရေးတပ် နားနေထိုင်သူ တစ်ဦးက ဆိုပါတယ်

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ ဝင်တွေကို အသစ်စုဆောင်းလို့ မရတော့တဲ့အတွက် ရပ်ကွက်ထဲက ပျူစောထီးတွေကို ခေါ်ပြီး အသုံး ပြုတာတွေရှိနေသလို မူးယစ်သောက်စားနေသူတွေကို လည်း နေ့စားခပေးပြီး ကင်းစောင့်ခိုင်းတာ တွေရှိနေတယ်လို့ မင်းဘူးခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်

စစ်ကောင်စီတပ်ဟာ စစ်မျက်နှာ အစုံဖွင့်လှစ်ထားရတာကြောင့် အင်အားချိနဲ့နေသလို ရှေ့တန်း စစ်မျက်နှာ ပြင်မှာလဲ နေ့စဉ်ထိခိုက်သေဆုံးတာတွေရှိနေတဲ့အတွက် နောက်တန်းမှာ အရပ်သား ပြည်သူတွေကို ကင်းစောင့်ဖို့ အသုံးပြုနေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ စစ်သားနဲ့ရဲ (၂) သောင်းကျော်ရှိနေပြီလို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *