

၂၁၊ နိုဝင္ဘာ



အဲ့ဒီသတင်းစာရှင်းလင်ပွဲမှာလဲ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ကိုဝင်းဦးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့တဲ့အခါမေးကြည့်ရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတာကိုတော့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ



aamij

ဇော်မဲလုံးတို့ စိတ်ဓါတ်ပဲ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် သွားမယ်အမြဲပြောတယ် အမေစုလို့ ခေါ်မိတာနဲ့သူ့လူအချင်းချင်းတောင် မညှ-ာဘူး ဖ-မ်းတာပဲ

စစ်တပ်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို “အမေစု “လို့ သုံးနှုန်းပြီး လွှတ်ပေးဖို့တောင်းဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာက သတင်းထောက်ကိုဝင်းဦးအဖမ်းခံရ

၂၁၊ ႏိုဝင္ဘာ

နေပြည်တော်မှာ နိုဝင်ဘာ ၁၈ရက်နေ့ က စစ်ကောင်စီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ MHT News က သတင်းထောက်ဆိုသူ ကိုဝင်းဦးက ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေကိုပြန်လွှတ်ပေးဖို စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းခဲ့ပါတယ်

မေးခွန်း မေးမြန်ချိန်မှာ ကိုဝင်းဦး က ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” လို သုံးနှုန်းခဲ့ပြီ မေးမြန်ခဲ့ပါတယ်။ထိုသတင်းစာရှင်းလင်းပွဲအပြီးမှာ ကိုဝင်းဦးကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု”လို သုံးနှုံးတာကြောင့်ဖမ်းဆီးသွားတယ်လို့ AAMIJက စုံစမ်းသိရှိရပါတယ်

အဲ့ဒီသတင်းစာရှင်းလင်ပွဲမှာလဲ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ကိုဝင်းဦးကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်နဲ့ တွေ့တဲ့အခါမေးကြည့်ရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတာကိုတော့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ

လက်ရှိအချိန်အထိ ကိုဝင်းဦးကို ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကို မသိရှိရသေးကြောင်း ကိုဝင်းဦးနဲ့ နီးစပ်တဲ့သူတွေက AAMIJကိုပြောပါတယ်

ဗိုလမချုပ်ဇော်မင်းထွန်းနှင့် ကိုဝင်းဦးတို့အပြန်အလှန် ပြောဆိုကြသည့် videoဖိုင်ကိုအောက်ဆုံး တွင်ကြည့်ရှုနိုင်ပါသည်

aamij

Leave a Reply

Your email address will not be published. Required fields are marked *