စစ္ေကာင္စီအုပ္ခ်ဳပ္ေရးယႏၲရား လုံးဝနီးပါးကို ပ်-က္သု-န္းၿပီျဖစ္တဲ့ ခ်င္းျပည္နယ္စစ္ေရးကေတာ့ အားရစရာပါပဲ

ခ်င္းျပည္နယ္၏ နယ္ေျမ ၇၀ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရား လုံးဝနီးပါးပ်က္သုဥ္းေနၿပီဟု CNF ေျပာေရးဆိုခြင့္ရွိသူ ေျပာ

မဇၩိမ

ခ်င္းျပည္နယ္၏ နယ္ေျမ ၇၀ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရား လုံးဝနီးပါး ပ်က္သုန္းေနၿပီဟု CNF ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက ခိုႏူမ္းသုန္သတင္းဌာနႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာၾကားသည္

“၁၀၀ မွာ ၇၀က က်ေနာ္တို႔ဘက္က စိုးမိုးထားႏိုင္တယ္ ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ က်ေနာ္ေျပာခဲ့ၿပီးၿပီ အခုက သူတို႔က ကိုးၿမိဳ႕နယ္က ၿမိဳ႕ေပၚမွာပဲ စိုးမိုးထားႏိုင္တယ္လို႔ ေျပာလို႔ရတာေပါ့ ၿမိဳ႕ေပၚဆိုတဲ့ ေနရာမွာလည္း က်ေနာ္တို႔က ၿမိဳ႕ထဲထိကို၊ ဥပမာ ခ်င္းျပည္နယ္ၿမိဳ႕ေတာ္က ဟားခါးေပါ့ေနာ္၊ ဟားခါးမွာလည္း ေနစဥ္လိုလို တိုက္ပြဲေတြျဖစ္တာ အဲ့ဒါကေတာ့ သူတို႔က စိုးမိုးသလား ျပည္သူကသိတာေပါ့ေနာ္။ ၿပီးေတာ့ သူတို႔ရဲ႕ အုပ္ခ်ဳပ္ေရးလုပ္တဲ့ ပုံစံကလည္း က်ေနာ္တို႔ေလ့လာရသေလာက္ သူတို႔ရဲ႕ဌာနဆိုင္ရာေတြဆိုတာကလည္း သူဟာသူ ႐ုံးတက္တယ္

သူဟာသူ အိမ္ကေန႐ုံးတက္တာေတြရွိတယ္ ႐ုံးကိုမသြားႏိုင္ဘူး မသြားရဲဘူး အေနထားေတြ ရွိတယ္ သူတို႔ဝန္ထမ္းေတြရဲ႕ လုံၿခဳံေရးေတာင္မွ မယူႏိုင္ဘူးေပါ့၊ အဲ့သလိုအေနထားမွာရွိတယ္ အဲ့ဒါေၾကာင့္ သူရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားဆိုတာကလည္း လုံးဝနီးနီး ပ်က္သုဥ္းေနလို႔ မလည္ပတ္ႏိုင္ဘူးလို႔ ေျပာလို႔ရပါတယ္” ဟု ဆလိုင္းထက္နီက ေျပာသည္

စစ္ေကာင္စီက ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲမွာ ခ်င္းျပည္နယ္တြင္ ေအာင္ျမင္မည္ မဟုတ္ဟု ဆလိုင္း ထက္နီက ဆိုသည္“သူေ႐ြးေကာက္ပြဲလုပ္မယ္ဆိုတာက အဓိကေတာ့ ႏိုင္ငံတကာက အသိမွတ္ျပဳမႈ၊ တရားဝင္မႈရေအာင္ ျပည္သူကိုအသုံးခ်တာ။ အမွန္ဆိုရင္ေတာ့ ခုနကြၽန္ေတာ္ေျပာသလို တစ္ရာမွာ ခုနစ္ဆယ္ကေတာ့ ကြၽန္ေတာ္တို႔က စိုးမိုးထားတာ၊ အဲ့ဒီေနရာကေတာ့ လုပ္ႏိုင္မွာမဟုတ္ဘူး ဒါေပမဲ့ သူ႔အက်င့္ကသိတဲ့အတိုင္းေပါ့ ၊ ၿမိဳ႕ေပၚမွာ မဲဆႏၵတစ္ခုမွာ မဲထည့္ခိုင္း၊ ၿမိဳ႕ေပၚမွာ မဲထည့္ခိုင္း၊ အဲ့တာေတြ ေလွ်ာက္ျပန္လုပ္မွာပဲ၊ သူက မဲ ၁၀ဦးပဲထည့္ထည့္ ၂၀ဦးပဲ ထည့္ထည့္ သုံးေလးရာထည့္တယ္ ေလွ်က္ၿပီးေတာ့ ျပန္ၿပီးေတာ့လိမ္မွာပဲ

ခ်င္းျပည္နယ္မွာေတာ့ ေ႐ြးေကာက္ပြဲကေတာ့ လုံးဝေကာင္းမွာ မဟုတ္ဘူး လုပ္လို႔ရမွာ မဟုတ္ဘူး အသိမွတ္ျပဳမွာမဟုတ္ဘူး၊ ဒီေ႐ြးေကာက္ပြဲကိုလည္း အသိမွတ္မျပဳဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ၂၀၀၈ ဖြဲ႕စည္းပုံ ေအာက္ကေနလုပ္မွာ ငါတို႔က ၂၀၀၈ ဖြဲ႕စည္းပုံ ႐ုပ္သိမ္းၿပီးသား၊ ဖ်က္သိမ္းၿပီးသားျဖစ္တယ္ဘယ္လိုပဲျဖစ္ျဖစ္ ဒီေ႐ြးေကာက္ပြဲကေတာ့ ခ်င္းေတာင္မွာေတာ့ ေအာင္ျမင္မွာမဟုတ္ဘူး” ဟု ဆလိုင္းထက္နီက ေျပာသည္

တူမီးမ်ား ကိုင္ကာ စစ္အာဏာရွင္ကို အေစာဆုံးေတာ္လွန္သည့္ ေဒသတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ ခ်င္းျပည္နယ္တြင္ စစ္ေကာင္စီအား ခ်င္းအမ်ိဳးသားတပ္မေတာ္ (CNA) ႏွင့္ ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႕ (CDF) တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလာသည္မွာ တစ္ႏွစ္ခြဲေက်ာ္လာၿပီျဖစ္သည္

ယင္းကာလအတြင္း ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္မ်ားမွတစ္ဆင့္ ေက်းလက္ေဒသမ်ားကို စစ္ေကာင္စီက စိုးမိုးႏိုင္ရန္ စစ္ေၾကာင္းမ်ားထြက္ေသာ္လည္း ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ၿမိဳ႕ထဲက မထြက္ရန္ ထိန္းခ်ဳပ္ထား ႏိုင္သည္ဟု ဆလိုင္းထက္နီက ဆိုသည္“ဟိုအရင္ျဖစ္တဲ့ပုံစံကေတာ့ ခ်င္းျပည္နယ္မွာအထိုင္တပ္ဆိုတာရွိတယ္။ ဟိုေျမျပန႔္ကေန တက္လာတဲ့ဟာေတြ အလုံးအရင္းနဲ႔ တက္လာတဲ့ဟာေပါ့ တစ္ႏွစ္ေက်ာ္အၾကာမွာ သူတို႔ရဲ႕လုပ္ရွားတဲ့ပုံစံကေတာ့ နယ္ေျမစိုးမိုးေရး အေၾကာင္းျပၿပီးေတာ့ ေက်းလက္ေဒသေတြကို နယ္ေျမစစ္ဆင္ေရးေတြ နယ္ေျမစိုးမိုးေရးအတြက္ လုပ္လာတာေတြေတာ့ ရွိတာေပါ့ေနာ္

ဒါေပမယ့္ က်ေနာ္တို႔ဘက္က ၿမိဳ႕ျပင္ကိုမထြက္ႏိုင္ေအာင္ ထိန္းထားတာေပါ့၊ ဒီေန႔အထိ နယ္ေျမစိုးမိုးေရးဆိုၿပီးေတာ့ ခ်င္းျပည္နယ္ ေက်းလက္ေဒသေတြကို ထိုးစစ္ဆင္ လာဖို႔လုပ္ေပမယ့္ သူတို႔အေနနဲ႔ ေရွ႕ဆက္မတိုးလာႏိုင္တဲ့အေျခအေနေတာ့ရွိတာေပါ့” ဟု ဆလိုင္းထက္နီက ေျပာသည္။စစ္ေကာင္စီက ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္ လက္နက္ႀကီးအသုံးျပဳမႈ ပိုမိုမ်ားျပားလာၿပီး ပြင့္လင္းရာသီ ေရာက္လာသျဖင့္ ေလယာဥ္ကိုပါ အသုံးျပဳႏိုင္ေၾကာင္း၊ ယင္းအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားသည္ဟု ဆလိုင္းထက္နီက ေျပာသည္

“သူတို႔က လက္နက္ႀကီးပဲ ပိုၿပီးေတာ့သုံးလာတယ္ အစကေတာ့ အဲလိုမဟုတ္ဘူး၊ က်ေနာ္တို႔က အနီးကပ္နဲ႔ ေပ ၂၀၊ ၁၅ ေပ အဲလိုနဲ႔ ခ်တာကိုး အခုက အဲလိုအေနအထား မေရာက္ႏိုင္ေတာ့ဘူး၊ လက္နက္ႀကီးက ပိုသုံးလာတယ္ သို႔ေသာ္ ပြင့္လင္းရာသီေရာက္ၿပီဆိုေတာ့ သူတို႔က ဂ်က္ဖိုက္တာေတြေပါ့ေနာ္ လုပ္ေလ့ရွိတယ္၊ ၿပီးခဲ့တဲ့ အဂၤါေန႔ကပဲ ကင္းေထက္ ေလယာဥ္ က်ေနာ္တို႔အေပၚကို လာဝဲတာေပါ့ေနာ္၊ ေလယာဥ္က ပိုၿပီးေတာ့အသုံးျပဳလာႏိုင္တဲ့အလား အလာေတာ့ ရွိတာေပါ့၊ ေျမျပင္ကေန သူတို႔က အင္အားေလွ်ာ့သြားသလား ေပါ့ေနာ္၊ အဲလိုေျပာလို႔ရပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္

စစ္ေကာင္စီ၏ အေနအထားမွာ ဘက္ေပါင္းစုံ ခြၽတ္ၿခဳံက်ေနၿပီျဖစ္ၿပီး ေတာ္လွန္ေရးအဖြဲ႕မ်ားက အားသစ္ေလာင္းကာ အေရးေတာ္ပုံေအာင္ျမင္သည္အထိ ဆက္လက္ေလွ်ာက္လွမ္းႏိုင္ေနသည္ဟု ဆလိုင္း ထက္နီက ေျပာသည္။ “စစ္ေကာင္စီကေတာ့ သူ႔မွာေ႐ြးစရာလမ္း မရွိေတာ့ဘူး အဆုံးစြန္ထိ သူကသြားဖို႔ျပင္ဆင္ေနတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မိုက္မိုက္ကမ္းကမ္းနဲ႔ သူကလုပ္မွာေပါ့ သူလုပ္ေလလုပ္ေလ ျမဳပ္ေလပဲ၊ ဆက္လႈပ္ေလ နစ္ေလျဖစ္သြားမွာပဲ” ဟု ဆလိုင္းထက္နီက ေျပာသည္

စာတည္း။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္။ ။ သန႔္ေဇာ္(သန္လ်င္)

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝနီးပါးကို ပျ-က်သု-န်းပြီဖြစ်တဲ့ ချင်းပြည်နယ်စစ်ရေးကတော့ အားရစရာပါပဲ

ချင်းပြည်နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လုံးဝနီးပါးပျက်သုဉ်းနေပြီဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော

မဇ္ဈိမ

ချင်းပြည်နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လုံးဝနီးပါး ပျက်သုန်းနေပြီဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်

“၁၀၀ မှာ ၇၀က ကျနော်တို့ဘက်က စိုးမိုးထားနိုင်တယ် ထိန်းချုပ်ထားနိုင်တယ်လို့ ကျနော်ပြောခဲ့ပြီးပြီ အခုက သူတို့က ကိုးမြို့နယ်က မြို့ပေါ်မှာပဲ စိုးမိုးထားနိုင်တယ်လို့ ပြောလို့ရတာပေါ့ မြို့ပေါ်ဆိုတဲ့ နေရာမှာလည်း ကျနော်တို့က မြို့ထဲထိကို၊ ဥပမာ ချင်းပြည်နယ်မြို့တော်က ဟားခါးပေါ့နော်၊ ဟားခါးမှာလည်း နေစဉ်လိုလို တိုက်ပွဲတွေဖြစ်တာ အဲ့ဒါကတော့ သူတို့က စိုးမိုးသလား ပြည်သူကသိတာပေါ့နော်။ ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်တဲ့ ပုံစံကလည်း ကျနော်တို့လေ့လာရသလောက် သူတို့ရဲ့ဌာနဆိုင်ရာတွေဆိုတာကလည်း သူဟာသူ ရုံးတက်တယ်

သူဟာသူ အိမ်ကနေရုံးတက်တာတွေရှိတယ် ရုံးကိုမသွားနိုင်ဘူး မသွားရဲဘူး အနေထားတွေ ရှိတယ် သူတို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးတောင်မှ မယူနိုင်ဘူးပေါ့၊ အဲ့သလိုအနေထားမှာရှိတယ် အဲ့ဒါကြောင့် သူရဲ့ အုပ်ချုပ်ရေး ယန္တရားဆိုတာကလည်း လုံးဝနီးနီး ပျက်သုဉ်းနေလို့ မလည်ပတ်နိုင်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် အောင်မြင်မည် မဟုတ်ဟု ဆလိုင်း ထက်နီက ဆိုသည်“သူရွေးကောက်ပွဲလုပ်မယ်ဆိုတာက အဓိကတော့ နိုင်ငံတကာက အသိမှတ်ပြုမှု၊ တရားဝင်မှုရအောင် ပြည်သူကိုအသုံးချတာ။ အမှန်ဆိုရင်တော့ ခုနကျွန်တော်ပြောသလို တစ်ရာမှာ ခုနစ်ဆယ်ကတော့ ကျွန်တော်တို့က စိုးမိုးထားတာ၊ အဲ့ဒီနေရာကတော့ လုပ်နိုင်မှာမဟုတ်ဘူး ဒါပေမဲ့ သူ့အကျင့်ကသိတဲ့အတိုင်းပေါ့ ၊ မြို့ပေါ်မှာ မဲဆန္ဒတစ်ခုမှာ မဲထည့်ခိုင်း၊ မြို့ပေါ်မှာ မဲထည့်ခိုင်း၊ အဲ့တာတွေ လျှောက်ပြန်လုပ်မှာပဲ၊ သူက မဲ ၁၀ဦးပဲထည့်ထည့် ၂၀ဦးပဲ ထည့်ထည့် သုံးလေးရာထည့်တယ် လျှေက်ပြီးတော့ ပြန်ပြီးတော့လိမ်မှာပဲ

ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲကတော့ လုံးဝကောင်းမှာ မဟုတ်ဘူး လုပ်လို့ရမှာ မဟုတ်ဘူး အသိမှတ်ပြုမှာမဟုတ်ဘူး၊ ဒီရွေးကောက်ပွဲကိုလည်း အသိမှတ်မပြုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေလုပ်မှာ ငါတို့က ၂၀၀၈ ဖွဲ့စည်းပုံ ရုပ်သိမ်းပြီးသား၊ ဖျက်သိမ်းပြီးသားဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကတော့ ချင်းတောင်မှာတော့ အောင်မြင်မှာမဟုတ်ဘူး” ဟု ဆလိုင်းထက်နီက ပြောသည်

တူမီးများ ကိုင်ကာ စစ်အာဏာရှင်ကို အစောဆုံးတော်လှန်သည့် ဒေသတွင် တစ်ခုအပါအဝင်ဖြစ်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီအား ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာသည်မှာ တစ်နှစ်ခွဲကျော်လာပြီဖြစ်သည်

ယင်းကာလအတွင်း ချင်းပြည်နယ်၏ မြို့တော်များမှတစ်ဆင့် ကျေးလက်ဒေသများကို စစ်ကောင်စီက စိုးမိုးနိုင်ရန် စစ်ကြောင်းများထွက်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက မြို့ထဲက မထွက်ရန် ထိန်းချုပ်ထား နိုင်သည်ဟု ဆလိုင်းထက်နီက ဆိုသည်“ဟိုအရင်ဖြစ်တဲ့ပုံစံကတော့ ချင်းပြည်နယ်မှာအထိုင်တပ်ဆိုတာရှိတယ်။ ဟိုမြေပြန့်ကနေ တက်လာတဲ့ဟာတွေ အလုံးအရင်းနဲ့ တက်လာတဲ့ဟာပေါ့ တစ်နှစ်ကျော်အကြာမှာ သူတို့ရဲ့လုပ်ရှားတဲ့ပုံစံကတော့ နယ်မြေစိုးမိုးရေး အကြောင်းပြပြီးတော့ ကျေးလက်ဒေသတွေကို နယ်မြေစစ်ဆင်ရေးတွေ နယ်မြေစိုးမိုးရေးအတွက် လုပ်လာတာတွေတော့ ရှိတာပေါ့နော်

ဒါပေမယ့် ကျနော်တို့ဘက်က မြို့ပြင်ကိုမထွက်နိုင်အောင် ထိန်းထားတာပေါ့၊ ဒီနေ့အထိ နယ်မြေစိုးမိုးရေးဆိုပြီးတော့ ချင်းပြည်နယ် ကျေးလက်ဒေသတွေကို ထိုးစစ်ဆင် လာဖို့လုပ်ပေမယ့် သူတို့အနေနဲ့ ရှေ့ဆက်မတိုးလာနိုင်တဲ့အခြေအနေတော့ရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။စစ်ကောင်စီက နောက်ပိုင်းတိုက်ပွဲများတွင် လက်နက်ကြီးအသုံးပြုမှု ပိုမိုများပြားလာပြီး ပွင့်လင်းရာသီ ရောက်လာသဖြင့် လေယာဉ်ကိုပါ အသုံးပြုနိုင်ကြောင်း၊ ယင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားသည်ဟု ဆလိုင်းထက်နီက ပြောသည်

“သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံးလာတယ် အစကတော့ အဲလိုမဟုတ်ဘူး၊ ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၁၅ ပေ အဲလိုနဲ့ ချတာကိုး အခုက အဲလိုအနေအထား မရောက်နိုင်တော့ဘူး၊ လက်နက်ကြီးက ပိုသုံးလာတယ် သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ကင်းထေက် လေယာဉ် ကျနော်တို့အပေါ်ကို လာဝဲတာပေါ့နော်၊ လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလား အလာတော့ ရှိတာပေါ့၊ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလား ပေါ့နော်၊ အဲလိုပြောလို့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်

စစ်ကောင်စီ၏ အနေအထားမှာ ဘက်ပေါင်းစုံ ချွတ်ခြုံကျနေပြီဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက အားသစ်လောင်းကာ အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်လျှောက်လှမ်းနိုင်နေသည်ဟု ဆလိုင်း ထက်နီက ပြောသည်။ “စစ်ကောင်စီကတော့ သူ့မှာရွေးစရာလမ်း မရှိတော့ဘူး အဆုံးစွန်ထိ သူကသွားဖို့ပြင်ဆင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုက်မိုက်ကမ်းကမ်းနဲ့ သူကလုပ်မှာပေါ့ သူလုပ်လေလုပ်လေ မြုပ်လေပဲ၊ ဆက်လှုပ်လေ နစ်လေဖြစ်သွားမှာပဲ” ဟု ဆလိုင်းထက်နီက ပြောသည်

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

 

Leave a Reply

Your email address will not be published. Required fields are marked *