ဝီဝီ သီရိပ်ံခ်ီဘြဲ႕ရလို႔ အရက္ေသာက္ေအာင္ပြဲခံသည့္ ဦးဇင္းတစ္ပါး အဖမ္းခံရ

CJ Platform

ဗဟန္းၿမိဳ႕နယ္တြင္ က်ိဳကၠစံရပ္ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ လူငယ္တစ္ဦးႏွင့္ အရက္အတူတူေသာက္ေနသည့္ ဦးဇင္းတစ္ပါးကို စစ္ေကာင္စီတပ္က ဝင္ေရာက္ဖမ္းဆီးခဲ့ရာ ဝီဝီ တပည့္ျဖစ္ေန၍ ခံဝန္ထိုးၿပီး ျပန္လႊတ္လိုက္သည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

က်ိဳကၠစံရပ္ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ ယမန္ေန႔ ညပိုင္းက ရဲသတင္းေပးတစ္ဦးေၾကာင့္ စစ္ေကာင္စီတပ္က အရက္ထိုင္ေသာက္ေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ ဦးဇင္းတစ္ပါးကို ဝင္ေရာက္ဖမ္းဆီးခဲ့တာ ျဖစ္သည္ဟု ရပ္ကြက္ေနသူတစ္ဦးက CJ Platform ကိုေျပာသည္

“စစ္တပ္က မိသြားေတာ့ သူက ဝီဝီ သီရိပ်ံခ်ီဘြဲ႕ရလို႔ ဝမ္းသာၿပီး ေသာက္တာတဲ့ ျပန္ၿပီး အာပတ္ေျဖလို႔ရတယ္ဆိုၿပီး လုပ္တယ္ စစ္တပ္က ဆက္သြယ္ၾကည့္ေတာ့ ဟုတ္ေနလို႔ သံဃာေတာ္ေတြဆီ အပ္လိုက္တယ္”ဟု ေျပာသည္

ဖမ္းဆီးခံရသည့္ဦးဇင္းမွာ ရွင္နႏၵပုညျဖစ္ၿပီး တပ္ေထာက္ခံပြဲမ်ားတြင္ ပါဝင္သည့္ ဦးဇင္းတစ္ပါးျဖစ္ၿပီး ဝီဝီႏွင့္ ရင္းႏွီးသည့္ တပည့္တစ္ဦးလည္းျဖစ္သည္ဟု သာသနာေရးဦးစီးဌာနႏွင့္နီးစပ္သူတစ္ဦးက CJ Platform ကိုေျပာသည္

“ေျပာလို႔လဲမေကာင္းဘူး လူနဲ႔တြဲၿပီးအရက္ေသာက္တာ အဆင္မေျပဘူး စစ္တပ္က လႊတ္ေပးတယ္ဆိုေတာ့ မေကာင္းဘူး”ဟု ေျပာသည္

ဖမ္းဆီးရမိသူ ရွင္နႏၵပုညကို စစ္ေကာင္စီတပ္မ်ားမွ မ်ိဳးခ်စ္ျမန္မာ ရဟန္းေတာ္မ်ားသမဂၢ (ရန္ကုန္)ကို အပ္ႏွံလိုက္သည္ဟု သာသနာေရးဦးစီးဌာနႏွင့္ နီးစပ္သူေတြဆီက သိရသည္

ၿပီးခဲ့သည့္လကလည္း ျမဝတီၿမိဳ႕နယ္တြင္ အရက္မူးေနသည့္ မ်ိဳးခ်စ္ဦးဇင္းတစ္ပါးကို စစ္ေကာင္စီတပ္က ဖမ္းဆီးရမိခဲ့ၿပီး ျပန္လႊတ္ေပးခဲ့သည့္ ျဖစ္စဥ္လည္းရွိသည္

🖋ကိုေပါက္

CJ Platform

ဝီဝီ သီရိပျံချီဘွဲ့ရလို့ အရက်သောက်အောင်ပွဲခံသည့် ဦးဇင်းတစ်ပါး အဖမ်းခံရ

CJ Platform

ဗဟန်းမြို့နယ်တွင် ကျိုက္ကစံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦးနှင့် အရက်အတူတူသောက်နေသည့် ဦးဇင်းတစ်ပါးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဝီဝီ တပည့်ဖြစ်နေ၍ ခံဝန်ထိုးပြီး ပြန်လွှတ်လိုက်သည်ဟု မြို့ခံတွေဆီက သိရသည်

ကျိုက္ကစံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ညပိုင်းက ရဲသတင်းပေးတစ်ဦးကြောင့် စစ်ကောင်စီတပ်က အရက်ထိုင်သောက်နေသည့် အမျိုးသားတစ်ဦးနှင့် ဦးဇင်းတစ်ပါးကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်

“စစ်တပ်က မိသွားတော့ သူက ဝီဝီ သီရိပျံချီဘွဲ့ရလို့ ဝမ်းသာပြီး သောက်တာတဲ့ ပြန်ပြီး အာပတ်ဖြေလို့ရတယ်ဆိုပြီး လုပ်တယ် စစ်တပ်က ဆက်သွယ်ကြည့်တော့ ဟုတ်နေလို့ သံဃာတော်တွေဆီ အပ်လိုက်တယ်”ဟု ပြောသည်

ဖမ်းဆီးခံရသည့်ဦးဇင်းမှာ ရှင်နန္ဒပုညဖြစ်ပြီး တပ်ထောက်ခံပွဲများတွင် ပါဝင်သည့် ဦးဇင်းတစ်ပါးဖြစ်ပြီး ဝီဝီနှင့် ရင်းနှီးသည့် တပည့်တစ်ဦးလည်းဖြစ်သည်ဟု သာသနာရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်

“ပြောလို့လဲမကောင်းဘူး လူနဲ့တွဲပြီးအရက်သောက်တာ အဆင်မပြေဘူး စစ်တပ်က လွှတ်ပေးတယ်ဆိုတော့ မကောင်းဘူး”ဟု ပြောသည်

ဖမ်းဆီးရမိသူ ရှင်နန္ဒပုညကို စစ်ကောင်စီတပ်များမှ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကို အပ်နှံလိုက်သည်ဟု သာသနာရေးဦးစီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်

ပြီးခဲ့သည့်လကလည်း မြဝတီမြို့နယ်တွင် အရက်မူးနေသည့် မျိုးချစ်ဦးဇင်းတစ်ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်လည်းရှိသည်

🖋ကိုပေါက်

CJ Platform

 

Leave a Reply

Your email address will not be published. Required fields are marked *