က်ိဳက္မေရာ၊ ေတာင္ကေလးရဲစခန္းကို KNLA၊ KTLA ႏွင့္ PDF ပူးေပါင္း တပ္မ်ား တိုက္ ခိုက္မႈ စစ္တပ္ႏွင့္ရဲဘက္မွ ၁၀ ဦးက်ဆုံးၿပီး လက္နက္ခဲယမ္း အေျမာက္ အျမား သိမ္းဆည္းရမိ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၁

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ရွိ ေတာင္ကေလးရဲစခန္းကို KNLA၊ KTLA ၊PDF မဟာမိတ္ ပူးေပါင္းတပ္မ်ားက ယေန႔ နံနက္ပိုင္းတြင္ ဝင္ေရာက္ တိုက္ ခိုက္ သိမ္းပိုက္ခဲ့ၿပီး စစ္တပ္ႏွင့္ရဲဘက္မွ ၁၀ ဦးေသဆုံးေၾကာင္း၊ လက္နက္ ခဲယမ္း အေျမာက္ အျမား သိမ္းဆည္းရမိေၾကာင္းPDF သတင္းရင္းျမစ္မ်ားက ရန္ကုန္ ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုၾကသည္

ႏိုဝင္ဘာလ ၂၁ ရက္ေန႔ နံနက္ ၅ နာရီခြဲအခ်ိန္KTLA၊ KNLA ႏွင့္ PDF တပ္မ်ား က ေတာင္ကေလးရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္ ခဲ့ ေၾကာင္း၊ ယင္း ေနာက္ နံနက္ ၆ နာရီခြဲမွစတင္၍ စစ္ေကာင္စီတပ္မ်ားက ရဟတ္ယာဥ္ ၃ စီးျဖင့္ ပစ္ခတ္ၿပီး ေခ်ာင္းႏွစ္ခြ နယ္ေျမရဲစခန္းဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္ခဲ့ေၾကာင္း၊ စစ္တပ္ႏွင့္ရဲဘက္မွ ၁၀ ဦးေသဆုံးၿပီး လက္နက္ ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း သိရွိရသည္

စစ္တပ္ႏွင့္ရဲဘက္မွ ေသဆုံးသူ ၁၀ ဦးတြင္ ရဲဒုတပ္ၾကပ္ ကိုကိုလတ္၊ ရဲဒုတပ္ ၾကပ္ ဇြဲျပည့္ေအာင္၊ ရဲတပ္ၾကပ္ႀကီး ေက်ာ္မ်ိဳးတို႔ပါဝင္ေၾကာင္း သိရွိရသည္

“ဒီမနက္ ၅ ခြဲမွာ ေတာင္ကေလးရဲကင္းစခန္းကို ပူးေပါင္းတပ္ေတြ ဝင္သိမ္း တယ္။ မနက္ ၆ ခြဲေလာက္ကစၿပီး ရဟတ္ယာဥ္ေတြနဲ႔လာပစ္ ေခ်ာင္း ႏွစ္ခြ ႐ြာကေန စစ္ေခြးေတြက လက္နက္ႀကီးနဲ႔ကူပစ္ေနတယ္ ႐ြာခ်င္း ကပ္ လ်က္ ႀကံေတာ႐ြာမွာလည္း ပစ္ခတ္မႈမ်ားရွိေနပါတယ္။ တိုက္ပြဲ ျပင္းထန္ ၾကာျမင့္ ေနၿပီးေတာ့ ဂ်က္တိုက္ေလယာဥ္ႏွင့္ ဗုံး ၂ လုံးက်ဲခ်သြားပါတယ္ ႐ြာ သား ေတြ အကုန္ ထြက္ေျပးေနရၿပီး ေတာထဲမွာ ပုန္းေနရတယ္” ဟု ရန္ကုန္ ေခတ္ သစ္၏ သတင္းရင္းျမစ္က ေျပာသည္

လက္ရွိ သတင္းေရးသားေဖာ္ျပေနခ်ိန္အထိ အၾကမ္းဖက္စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ေတာင္ကေလးရဲစခန္း ပတ္ဝန္းက်င္ ေနရာေပါင္းစုံကို ရမ္းသမ္းပစ္ခတ္လ်က္ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္

ကျိုက်မရော၊ တောင်ကလေးရဲစခန်းကို KNLA၊ KTLA နှင့် PDF ပူးပေါင်း တပ်များ တိုက် ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို KNLA၊ KTLA ၊PDF မဟာမိတ် ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက် ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးကြောင်း၊ လက်နက် ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိကြောင်းPDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်KTLA၊ KNLA နှင့် PDF တပ်များ က တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ ကြောင်း၊ ယင်း နောက် နံနက် ၆ နာရီခွဲမှစတင်၍ စစ်ကောင်စီတပ်များက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်

စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူ ၁၀ ဦးတွင် ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ ရဲတပ်ကြပ်ကြီး ကျော်မျိုးတို့ပါဝင်ကြောင်း သိရှိရသည်

“ဒီမနက် ၅ ခွဲမှာ တောင်ကလေးရဲကင်းစခန်းကို ပူးပေါင်းတပ်တွေ ဝင်သိမ်း တယ်။ မနက် ၆ ခွဲလောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့လာပစ် ချောင်း နှစ်ခွ ရွာကနေ စစ်ခွေးတွေက လက်နက်ကြီးနဲ့ကူပစ်နေတယ် ရွာချင်း ကပ် လျက် ကြံတောရွာမှာလည်း ပစ်ခတ်မှုများရှိနေပါတယ်။ တိုက်ပွဲ ပြင်းထန် ကြာမြင့် နေပြီးတော့ ဂျက်တိုက်လေယာဉ်နှင့် ဗုံး ၂ လုံးကျဲချသွားပါတယ် ရွာ သား တွေ အကုန် ထွက်ပြေးနေရပြီး တောထဲမှာ ပုန်းနေရတယ်” ဟု ရန်ကုန် ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်

လက်ရှိ သတင်းရေးသားဖော်ပြနေချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောင်ကလေးရဲစခန်း ပတ်ဝန်းကျင် နေရာပေါင်းစုံကို ရမ်းသမ်းပစ်ခတ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *