ျပည့္တန္ဆာမ်ားႏွင့္ ေပ်ာ္ပါးသည့္ စစ္ေကာင္စီတပ္သားမ်ား ေငြေၾကးလိမ္လည္ခံရသျဖင့္ ေခါင္းျဖစ္သူကို ဖမ္းဆီးရာ ရဲတစ္ဦးျဖစ္ေန

CJ Platform

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ၊ ႏိုဝင္ဘာ ၂၀ ရက္ ညပိုင္းက ျပည့္တန္ဆာေခါင္းတစ္ဦးကို စစ္ေကာင္စီတပ္က ဖမ္းဆီးခဲ့ရာ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္ျဖစ္ေနေၾကာင္း ရဲအသိုင္းအဝိုင္းက သိရသည္

မႏၲေလးတိုင္းအတြင္းရွိ စစ္ေကာင္စီတပ္မ်ားသည္ ျပည့္တန္ဆာမ်ား ေခၚယူေပ်ာ္ပါးရာတြင္ ေငြေၾကး လိမ္လည္မႈမ်ားရွိေနေသာေၾကာင့္ ေခါင္းေဆာင္ျဖစ္သူကို လိုက္လံဖမ္းဆီးခဲ့ရာ ဖမ္းဆီးခံရသူမွာ ရဲတစ္ဦးျဖစ္ေနသည္ဟု ရဲႏွင့္ နီးစပ္သူတစ္ဦးက CJ Platform သို႔ေျပာသည္

“စစ္သားေတြက ျပည့္တန္ဆာေတြကိုေခၚတယ္ ပိုက္ဆံအရင္ယူၿပီး ဟိုတယ္ ဒါမွ မဟုတ္ တည္းခိုခန္းေတြေရာက္ရင္ ေကာင္မေလးေတြက ခဏေလးဆိုၿပီး ျပန္မလာေတာ့ဘူး အေက်ာ္ခံရတယ္ေပါ့ဗ်ာ အဲ့ဒီကေန ျပသနာက စတာ ေဒါသေတြထြက္ၿပီး လိုက္ဖမ္းတာ၊ ေခါင္းကိုမိေတာ့ စစ္လိုက္တဲ့အခါ ရဲျဖစ္ေနတယ္” ဟု ရဲႏွင့္ နီးစပ္သူ တစ္ဦးကရွင္းျပသည္

ဖမ္းဆီးခံရသည့္ ျပည့္တန္ဆာေခါင္းဆိုသူသည္ မႏၲေလးတိုင္း မႈခင္းက်ဆင္းေရးတပ္ဖြဲ႕မွ ရဲတပ္သား ေနေဇာ္လႈိင္ျဖစ္ၿပီး တိုင္းရဲတပ္ဖြဲ႕မႉးမွ အေရးေပးထားသူ တစ္ဦးျဖစ္ေၾကာင္း ရဲဝန္ထမ္းေဟာင္းတစ္ဦးက CJ Platform သို႔ေျပာသည္

“ျဖစ္တာက ၂၀ ရက္ေန႔ည စစ္တပ္က အရာရွိတစ္ဦးက ေကာင္မေလးေခၚတယ္ အဲ့ဒီရဲအဆက္အသြယ္နဲ႔ေခၚတာ ဟိုတယ္ေရာက္ေတာ့ ေကာင္မေလးက ေရသြားခ်ိဳးအုံးမယ္ဆိုၿပီး အဲ့ဒီစစ္တပ္က အရာရွိရဲ႕ အက်ႌရယ္၊ ပိုက္ဆံရယ္၊ ဖုန္းရယ္ယူသြားတာ၊ အဝတ္ဗလာနဲ႔ ျပန္လာၿပီး ျပသနာျဖစ္တာကစၿပီး ေခါင္းကို ဖမ္းေပးဆိုၿပီး ေသာင္းက်န္းရာကေနမိတာ” ဟု ရွင္းျပသည္

လက္ရွိတြင္ ျပည့္တန္ဆာေခါင္းျဖစ္သူ ရဲတပ္သားေနေဇာ္လႈိင္ကို မႏၲေလး နန္းတြင္းစစ္ေၾကာေရး၌ ဖမ္းဆီးထားသည္ဟု စစ္ေကာင္စီတပ္ႏွင့္ နီးစပ္သူမ်ားဆီက သိရသည္

🖋ကိုေပါက္

CjPlatform

ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် စစ်ကောင်စီတပ်သားများ ငွေကြေးလိမ်လည်ခံရသဖြင့် ခေါင်းဖြစ်သူကို ဖမ်းဆီးရာ ရဲတစ်ဦးဖြစ်နေ

CJ Platform

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ၊ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက ပြည့်တန်ဆာခေါင်းတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်ဖြစ်နေကြောင်း ရဲအသိုင်းအဝိုင်းက သိရသည်

မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ပြည့်တန်ဆာများ ခေါ်ယူပျော်ပါးရာတွင် ငွေကြေး လိမ်လည်မှုများရှိနေသောကြောင့် ခေါင်းဆောင်ဖြစ်သူကို လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူမှာ ရဲတစ်ဦးဖြစ်နေသည်ဟု ရဲနှင့် နီးစပ်သူတစ်ဦးက CJ Platform သို့ပြောသည်

“စစ်သားတွေက ပြည့်တန်ဆာတွေကိုခေါ်တယ် ပိုက်ဆံအရင်ယူပြီး ဟိုတယ် ဒါမှ မဟုတ် တည်းခိုခန်းတွေရောက်ရင် ကောင်မလေးတွေက ခဏလေးဆိုပြီး ပြန်မလာတော့ဘူး အကျော်ခံရတယ်ပေါ့ဗျာ အဲ့ဒီကနေ ပြသနာက စတာ ဒေါသတွေထွက်ပြီး လိုက်ဖမ်းတာ၊ ခေါင်းကိုမိတော့ စစ်လိုက်တဲ့အခါ ရဲဖြစ်နေတယ်” ဟု ရဲနှင့် နီးစပ်သူ တစ်ဦးကရှင်းပြသည်

ဖမ်းဆီးခံရသည့် ပြည့်တန်ဆာခေါင်းဆိုသူသည် မန္တလေးတိုင်း မှုခင်းကျဆင်းရေးတပ်ဖွဲ့မှ ရဲတပ်သား နေဇော်လှိုင်ဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးမှ အရေးပေးထားသူ တစ်ဦးဖြစ်ကြောင်း ရဲဝန်ထမ်းဟောင်းတစ်ဦးက CJ Platform သို့ပြောသည်

“ဖြစ်တာက ၂၀ ရက်နေ့ည စစ်တပ်က အရာရှိတစ်ဦးက ကောင်မလေးခေါ်တယ် အဲ့ဒီရဲအဆက်အသွယ်နဲ့ခေါ်တာ ဟိုတယ်ရောက်တော့ ကောင်မလေးက ရေသွားချိုးအုံးမယ်ဆိုပြီး အဲ့ဒီစစ်တပ်က အရာရှိရဲ့ အင်္ကျီရယ်၊ ပိုက်ဆံရယ်၊ ဖုန်းရယ်ယူသွားတာ၊ အဝတ်ဗလာနဲ့ ပြန်လာပြီး ပြသနာဖြစ်တာကစပြီး ခေါင်းကို ဖမ်းပေးဆိုပြီး သောင်းကျန်းရာကနေမိတာ” ဟု ရှင်းပြသည်

လက်ရှိတွင် ပြည့်တန်ဆာခေါင်းဖြစ်သူ ရဲတပ်သားနေဇော်လှိုင်ကို မန္တလေး နန်းတွင်းစစ်ကြောရေး၌ ဖမ်းဆီးထားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများဆီက သိရသည်

🖋ကိုပေါက်

CjPlatform

 

Leave a Reply

Your email address will not be published. Required fields are marked *