ကမၻ့ာဖလားအဖြင့္ပြဲ မၾကည့္လိုက္ရတဲ့ ပရိတ္သတ္ေတြအတြက္ အစ/ဆုံး ႐ုပ္သံ

ဆယ္စုႏွစ္တစ္ခုေက်ာ္ အျငင္းပြားမႈမ်ားေနာက္ ကာတာကမာၻ႔ေဘာလုံးပြဲစတင္

အာရွတိုက္အေနာက္ပိုင္း အာေရဗ်ကြၽန္းဆြယ္ေပၚမွ လူဦးေရသုံးသန္းနီးပါးရွိ ကာတာႏိုင္ငံတြင္ ၂၂ ႀကိမ္ေျမာက္ ကမာၻ႔ဖလား ေဘာလုံးပြဲ စတင္က်င္းပေနၿပီျဖစ္သည္

ေလးႏွစ္တစ္ႀကိမ္ ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲကို ၁၉၃၀ ျပည့္ႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ကာ ကာတာကမာၻ႔ဖလားမွာ အာရပ္ကမာၻ တြင္ ပထမဆုံးအႀကိမ္ က်င္းပသည့္ ၿပိဳင္ပြဲျဖစ္သည္

ကာတာႏိုင္ငံက အိမ္ရွင္ႏိုင္ငံအျဖစ္ ကမာၻ႔ဖလား လက္ခံက်င္းပေရးႏွင့္ ပတ္သက္၍ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အျငင္းပြားမႈမ်ားရွိခဲ့သည္။ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ႂကြယ္ဝသည့္ ကမာၻ႔အခ်မ္းသာ ဆုံးစာရင္းဝင္ ကာတာႏိုင္ငံသည္ ကမာၻ႔ဖလားေဘာလုံးၿပိဳင္ပြဲ အိမ္ရွင္ျဖစ္ေရးအတြက္ အေမရိကန္ ေဒၚလာ ၂၂၀ ဘီလ်ံ အသုံးျပဳခဲ့သည္

အစၥလာလမ္ႏိုင္ငံတစ္ခုျဖစ္ၿပီး ဘုရင္စနစ္က်င့္သုံးသည့္ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကစားကြင္းသစ္မ်ား အလ်င္အျမန္တည္ေဆာက္ရာ၌ ႏိုင္ငံတကာေ႐ႊ႕ေျပာင္းလုပ္သား ၆၅၀၀ ထက္မနည္း ေသဆုံးခဲ့သည္ဆိုကာ ၿပိဳင္ပြဲစတင္ခ်ိန္အထိ ေဝဖန္ကန႔္ကြက္မႈမ်ားလည္း ျဖစ္ေပၚ ေနသည္

ဘာသာေရးလႊမ္းမိုးသည့္ ဥပေဒႏွင့္ ဓေလ့ထုံးတမ္းမ်ား က်င့္သုံးသည့္ ကာတာႏိုင္ငံတြင္ ကမာၻ႔ ဖလားေဘာလုံးၿပိဳင္ပြဲ က်င္းပစဥ္အတြင္း အရက္ဘီယာ ေသာက္သုံးခြင့္မွအစ လိင္မႈကိစၥႏွင့္ လိင္တူခ်င္းခ်စ္ႀကိဳက္ခြင့္ဆိုင္ရာ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ႏိုင္ငံတကာ ပရိတ္သတ္မ်ား၏ ျပစ္တင္ေဝဖန္မႈလည္းရွိေနသည္

ထိုသို႔ေသာ အျငင္းပြားမႈမ်ားႏွင့္အတူ ကာတာႏိုင္ငံၿမိဳ႕ေတာ္ ဒိုဟာရွိ Al Bayt အားကစားကြင္းႀကီးတြင္ ကမာၻ႔ဖလားေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (ႏိုဝင္ဘာ ၂၀) တြင္ ခမ္းခမ္းနားနား က်င္းပျပဳလုပ္ခဲ့သည္

ပုံမွန္အားျဖင့္ ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲမ်ားကို ေႏြရာသီတြင္သာ က်င္းပေလ့ရွိေသာ္လည္း အာရပ္ကမာၻရွိ ကာတာႏိုင္ငံ၏ အပူခ်ိန္ေၾကာင့္ ေဆာင္းရာသီတြင္ က်င္းပျခင္းျဖစ္သည္ ကမာၻ႔ဖလားၿပိဳင္ပြဲ သမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ အေျပာင္းအလဲျဖစ္သည္

အဖြင့္ပြဲစဥ္အျဖစ္ အိမ္ရွင္ ကာတာအသင္းႏွင့္ ေတာင္အေမရိကမွ အီေကြေဒါအသင္း ယွဥ္ၿပိဳင္ ကစားၾကရာ အိမ္ရွင္အသင္းက ႏွစ္ဂိုး၊ ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့သည္။ အိမ္ရွင္အသင္းအတြက္ မ်က္ႏွာ ပ်က္စရာျဖစ္သည့္အျပင္ ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲသမိုင္းတေလွ်ာက္ အိမ္ရွင္အသင္းမ်ား အဖြင့္ပြဲစဥ္ မရႈံးဖူးေသးသည့္ မွတ္တမ္းလည္း က်ိဳးပ်က္သြားသည္

ယေန႔ (ႏိုဝင္ဘာ ၂၁) တြင္ အုပ္စု (ခ) မွ နာမည္ႀကီး အဂၤလန္ႏွင့္ အာရွမွ အီရန္၊ အေမရိကန္ႏွင့္ ေဝးလ္စ္၊ အုပ္စု (က) မွ ဆီနီေဂါႏွင့္ နယ္သာလန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္သည္

ကမ္ဘ့ာဖလားအဖွင့်ပွဲ မကြည့်လိုက်ရတဲ့ ပရိတ်သတ်တွေအတွက် အစ/ဆုံး ရုပ်သံ

ဆယ်စုနှစ်တစ်ခုကျော် အငြင်းပွားမှုများနောက် ကာတာကမ္ဘာ့ဘောလုံးပွဲစတင်

အာရှတိုက်အနောက်ပိုင်း အာရေဗျကျွန်းဆွယ်ပေါ်မှ လူဦးရေသုံးသန်းနီးပါးရှိ ကာတာနိုင်ငံတွင် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ကျင်းပနေပြီဖြစ်သည်

လေးနှစ်တစ်ကြိမ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ကာတာကမ္ဘာ့ဖလားမှာ အာရပ်ကမ္ဘာ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်

ကာတာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကမ္ဘာ့ဖလား လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်တစ်ခုကျော်ကြာ အငြင်းပွားမှုများရှိခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် ကမ္ဘာ့အချမ်းသာ ဆုံးစာရင်းဝင် ကာတာနိုင်ငံသည် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်ဖြစ်ရေးအတွက် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလျံ အသုံးပြုခဲ့သည်

အစ္စလာလမ်နိုင်ငံတစ်ခုဖြစ်ပြီး ဘုရင်စနစ်ကျင့်သုံးသည့် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားကွင်းသစ်များ အလျင်အမြန်တည်ဆောက်ရာ၌ နိုင်ငံတကာရွှေ့ပြောင်းလုပ်သား ၆၅၀၀ ထက်မနည်း သေဆုံးခဲ့သည်ဆိုကာ ပြိုင်ပွဲစတင်ချိန်အထိ ဝေဖန်ကန့်ကွက်မှုများလည်း ဖြစ်ပေါ် နေသည်

ဘာသာရေးလွှမ်းမိုးသည့် ဥပဒေနှင့် ဓလေ့ထုံးတမ်းများ ကျင့်သုံးသည့် ကာတာနိုင်ငံတွင် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ကျင်းပစဉ်အတွင်း အရက်ဘီယာ သောက်သုံးခွင့်မှအစ လိင်မှုကိစ္စနှင့် လိင်တူချင်းချစ်ကြိုက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်မှုလည်းရှိနေသည်

ထိုသို့သော အငြင်းပွားမှုများနှင့်အတူ ကာတာနိုင်ငံမြို့တော် ဒိုဟာရှိ Al Bayt အားကစားကွင်းကြီးတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့သည်

ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို နွေရာသီတွင်သာ ကျင်းပလေ့ရှိသော်လည်း အာရပ်ကမ္ဘာရှိ ကာတာနိုင်ငံ၏ အပူချိန်ကြောင့် ဆောင်းရာသီတွင် ကျင်းပခြင်းဖြစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ် အပြောင်းအလဲဖြစ်သည်

အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ကာတာအသင်းနှင့် တောင်အမေရိကမှ အီကွေဒေါအသင်း ယှဉ်ပြိုင် ကစားကြရာ အိမ်ရှင်အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ အိမ်ရှင်အသင်းအတွက် မျက်နှာ ပျက်စရာဖြစ်သည့်အပြင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် အိမ်ရှင်အသင်းများ အဖွင့်ပွဲစဉ် မရှုံးဖူးသေးသည့် မှတ်တမ်းလည်း ကျိုးပျက်သွားသည်

ယနေ့ (နိုဝင်ဘာ ၂၁) တွင် အုပ်စု (ခ) မှ နာမည်ကြီး အင်္ဂလန်နှင့် အာရှမှ အီရန်၊ အမေရိကန်နှင့် ဝေးလ်စ်၊ အုပ်စု (က) မှ ဆီနီဂေါနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *