သာေကတတြင္ ကုန္စုံဆိုင္ အႏုၾကမ္းစီးခံရၿပီး အသက္ ၆၀ အ႐ြယ္ရွိ ဆိုင္ရွင္ ေဒၚေခ်ာခ်ာကို ဓားျဖင့္ ထိုးသ–တ္ကာ ေ႐ႊ၊ ေငြမ်ား လုယက္သြား

ရန္ကုန္၊ ႏိုဝင္ဘာ ၂၁

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ ၄ ေတာင္ရပ္ကြက္၊ ေအာင္ေမတၱာလမ္းရွိ ေခ်ာရတနာကုန္စုံဆိုင္တြင္ ယေန႔ နံနက္ပိုင္း အႏုၾကမ္းစီးမႈ ျဖစ္ပြားၿပီး ဆိုင္ ပိုင္ ရွင္ျဖစ္သူ အသက္ ၆၀ ႏွစ္အ႐ြယ္ ေဒၚေခ်ာေခ်ာကို ဓားျဖင့္ ထိုး သတ္ သြား ေၾကာင္း သိရွိရသည္

ႏိုဝင္ဘာလ ၂၁ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ သာေကတ ၿမိဳ႕နယ္ ၄/ေတာင္ ရပ္ကြက္ ေအာင္ေမတၱာလမ္းတြင္ အိမ္ႏွင့္ဆိုင္ တြဲဖက္ ဖြင့္လွစ္ထားေသာ ကုန္ စုံ ဆိုင္ငယ္ကို ဆိုင္ကယ္ ၂ စီးျဖင့္ လူ ၄ ဦးက ဝင္ေရာက္လာၿပီး အႏုၾကမ္း ဝင္စီးေၾကာင္း၊ နံနက္ ၇ နာရီအခ်ိန္ျဖစ္၍ လမ္းေပၚတြင္ လူသြားလူလာမ်ားရွိ ေန ေၾကာင္း၊ ဆိုင္အတြင္းမွ ေ႐ႊလက္ဝတ္ရတနာ မ်ား၊ ေငြက်ပ္ ၇ သိန္းေက်ာ္ ကို လုယူသြားေၾကာင္း၊အသက္ ၆၀ ႏွစ္အ႐ြယ္ ဆိုင္ပိုင္ရွင္ ေဒၚေခ်ာေခ်ာ ကို လည္း ဓားျဖင့္ ထိုးသတ္သြားေၾကာင္း သိရွိရသည္

“အဲဒီလုယက္တဲ့သူေတြ ျပန္ထြက္သြားၿပီးမွ ရဲကို အေၾကာင္းၾကားရတာ စစ္တပ္ ေရာ ရဲေရာ အကုန္လာစစ္တယ္။ လမ္းခဏပိတ္ၿပီး စစ္တယ္ အႏု ၾကမ္းစီးသြားတဲ့သူေတြေတာ့ မမိေသးဘူး

ျဖစ္သြားတာကလည္း ျမန္ျမန္ ဆန္ဆန္ႀကီး။ လမ္းေပၚမွာလည္း လူေတြရွိေပမယ့္ အမႈမဲ့ အမွတ္မဲ့ပဲ။ ေနာက္ မွ ရဲေတြ ေရာက္လာမွာ အႏုၾကမ္းစီးၿပီး လူသတ္သြားမွန္းသိတာ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္

အၾကမ္းဖက္စစ္ေကာင္စီက စစ္အာဏာသိမ္းၿပီး ယမန္ႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ ေန႔ မွစတင္၍ ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ လုယက္မႈ၊ လူသတ္မႈ၊ ဓားျပတိုက္မႈ မ်ား ဆက္တိုက္ျဖစ္ပြားလ်က္ရွိေၾကာင္း သိရွိရသည္

ဓာတ္ပုံ- သာေကတၿမိဳ႕နယ္တြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေသာ အၾကမ္းဖက္ ရဲမ်ား။ (ပုံအေဟာင္းျဖစ္သည္)

သာကေတတွင် ကုန်စုံဆိုင် အနုကြမ်းစီးခံရပြီး အသက် ၆၀ အရွယ်ရှိ ဆိုင်ရှင် ဒေါ်ချောချာကို ဓားဖြင့် ထိုးသ–တ်ကာ ရွှေ၊ ငွေများ လုယက်သွား

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံဆိုင်တွင် ယနေ့ နံနက်ပိုင်း အနုကြမ်းစီးမှု ဖြစ်ပွားပြီး ဆိုင် ပိုင် ရှင်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်ချောချောကို ဓားဖြင့် ထိုး သတ် သွား ကြောင်း သိရှိရသည်

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် သာကေတ မြို့နယ် ၄/တောင် ရပ်ကွက် အောင်မေတ္တာလမ်းတွင် အိမ်နှင့်ဆိုင် တွဲဖက် ဖွင့်လှစ်ထားသော ကုန် စုံ ဆိုင်ငယ်ကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ဦးက ဝင်ရောက်လာပြီး အနုကြမ်း ဝင်စီးကြောင်း၊ နံနက် ၇ နာရီအချိန်ဖြစ်၍ လမ်းပေါ်တွင် လူသွားလူလာများရှိ နေ ကြောင်း၊ ဆိုင်အတွင်းမှ ရွှေလက်ဝတ်ရတနာ များ၊ ငွေကျပ် ၇ သိန်းကျော် ကို လုယူသွားကြောင်း၊အသက် ၆၀ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဒေါ်ချောချော ကို လည်း ဓားဖြင့် ထိုးသတ်သွားကြောင်း သိရှိရသည်

“အဲဒီလုယက်တဲ့သူတွေ ပြန်ထွက်သွားပြီးမှ ရဲကို အကြောင်းကြားရတာ စစ်တပ် ရော ရဲရော အကုန်လာစစ်တယ်။ လမ်းခဏပိတ်ပြီး စစ်တယ် အနု ကြမ်းစီးသွားတဲ့သူတွေတော့ မမိသေးဘူး

ဖြစ်သွားတာကလည်း မြန်မြန် ဆန်ဆန်ကြီး။ လမ်းပေါ်မှာလည်း လူတွေရှိပေမယ့် အမှုမဲ့ အမှတ်မဲ့ပဲ။ နောက် မှ ရဲတွေ ရောက်လာမှာ အနုကြမ်းစီးပြီး လူသတ်သွားမှန်းသိတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီး ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ မှစတင်၍ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လုယက်မှု၊ လူသတ်မှု၊ ဓားပြတိုက်မှု များ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်

ဓာတ်ပုံ- သာကေတမြို့နယ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေသော အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်သည်)

 

Leave a Reply

Your email address will not be published. Required fields are marked *