






အောင်လ မြန်မာနိုင်ငံ အလံခြုံပြီး အောင်ပွဲ မခံရတဲ့ နောက်ကွယ်က အကြောင်းရင်း

အောင်လ နိုင်သွားတော့ မြန်မာ အလံ ခြုံမသွားတာ သတိထား မိမယ် ထင်တယ် အရင်က ဂုဏ်ယူစွာ ကိုင်မြှောက်ခဲ့ရတဲ့ မြန်မာ အလံဟာ အခုချိန်မှာ စစ်ခွေးတစ်စုရဲ့ တကိုယ်ကောင်းဆန် ဉာဏ်နည်းမှုကြောင့် စိတ်ပျက်ဝမ်းနည်း ဖွယ်ရာ အမှတ် သင်္ကေတ တစ်ခု ဖြစ်လာခဲ့ပြီ

တဦးချင်း၊ တဖွဲ့ချင်း ဘယ်လို အောင်မြင်မှုပဲ ရရ ဒါဟာ သူတို့ရဲ့ တကိုယ်ရည် အောင်မြင်မှုပဲ ဖြစ်လိမ့်မယ် မစင်ပုံထဲက နိုင်ငံက ဘာမှ ဂုဏ်တက်စရာ မရှိတဲ့အတွက် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့ အောင်မြင်မှု ဆိုတာ မဖြစ်နိုင် တော့ဘူး

အထူးသဖြင့် ဖိုးသော်တို့လို၊ တူးတူးတို့လို၊ ကောင်းစည်သူတို့လို မြန်မာပြည် ကိုယ်စားပြု အားကစား သမားတွေ မတရား ဖမ်းဆီး အကျဉ်းချ ခံထားရတဲ့ အချိန်မှာ ခံယူချက် ရှိတဲ့ ဘယ်လို အားကစား သမားမှ နိုင်ငံ့ လက်ရွေးစင် ဆိုပြီး ဂုဏ်ယူ နိုင်မှာ မဟုတ်ဘူး

ဟိုတလော ကလည်း မြန်မာ့ လက်ရွေးစင် ဘောလုံးသမား တစ်ယောက် အနားယူကြောင်း ကြေညာသွားတာ တွေ့တယ် မဟုတ်လား တိုင်းပြည် အာဏာ ခွေးဆွဲ ခံနေရတာကို ဆန့်ကျင်ရမယ် ဆိုတဲ့ အတွေး ရှိသူတိုင်းဟာလည်း လက်ရွေးစင် ဖြစ်ဖို့ မပြောနဲ့ ကိုယ့်အိမ်မှာ ကိုယ်တောင် အေးအေး ဆေးဆေး နေဖို့ မဖြစ်နိုင်ဘူး

အခုအချိန်မှာ အားကစားကို တကယ် ဝါသနာ ပါလို့ နိုင်ငံရေးတွေ မေ့ထားပြီး မြန်မာ့ လက်ရွေးစင် အဖြစ် ကစားနေတဲ့ သူတွေ ရှိတယ် သူတို့ကို မကစားနဲ့ မပြောဘူး ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ဂုဏ်ယူစရာ မဟုတ်ဘူး ဆိုတာ သိနေဖို့ လိုတယ်

အခုအချိန် အာဆီယံ မပြောနဲ့၊ ကမ္ဘာ့ဖလား တက်ကန်ရင်တောင် စ-စ်ခွေးတွေ အတွက် ကစားနေတဲ့ အသင်းကို အားပေးဖို့ မဖြစ်နိုင်ဘူး အဲ့ဒီလို ဖြစ်လာဖို့လည်း မရှိပါဘူး ဒီခွေးတွေ လက်အောက်မှာ failed state ဖြစ်ဖို့ကလွဲလို့ ဘယ်ကဏ္ဍမှ ဟုတ်တိ ပတ်တိ အောင်မြင်လာမှာမှ မဟုတ်တာ (Zin Thaw Naing)

Leave a Reply

Your email address will not be published. Required fields are marked *