
ရန်ကုန်၊ နိုဝင်ဘာ ၂၀





စစ်ကိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကား ၂၀ စီး ကို မိုင်းဆွဲ တိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသည့် စစ်ကား ၂၀ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသည့် စစ်ကား ၂၀ စီးပါ ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

” တပ်မ ၃၃ က ထွက်လာတဲ့ စစ်ခွေး ယာဉ်တန်း ၂၀ စီးကို မိုင်းဆွဲ တိုက်ခိုက်တာ ၁၁ စီးမြောက်ကားနဲ့ ၁၃ စီးမြောက်ကားကို ထိမှန်ခဲ့တယ်။ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု မုံရွာခရိုင် တပ်ရင်း ၁၂ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း-(၁၂)မှ ဦးဆောင်ပြီး Chaung U Local Defence(CLDF)မှ ရဲဘော်များက ပူးပေါင်းပါဝင်ကာ ပဒေသာ မိုင်း ၆ လုံးတွဲဖြင့် ၂ နေရာခွဲ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်


ရန်ကုန်၊ နိုဝင်ဘာ ၂၀





Leave a Reply

Your email address will not be published. Required fields are marked *