႐ုရွားကာကြယ္ေရးဝန္ႀကီးအား စည္သူဘြဲ႕ခ်ီးျမႇင့္ၿပီး ဂ်ပန္ျမန္မာအသင္းဥကၠ႒အပါအဝင္ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္မ်ား၊တိုင္းရင္းသားပါတီ ေခါင္းေဆာင္မ်ား၊စီးပြားေရးလုပ္ငန္းရွင္မ်ားအားသီရိပ်ံခ်ီဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ားခ်ီးျမႇင့္အပ္ႏွင္း

စကစ အမိန႔္ေၾကာ္ျငာစာအမွတ္ (၂၁၅/၂၀၂၂)ျဖင့္ ႏိုင္ငံေတာ္ဖြံၿဖိဳးတိုးတက္ေရးႏွင့္ၿငိမ္းခ်မ္းသာယာဝ‌ေျပာေရးအတြက္ စြမ္းစြမ္း တမံေဆာင္႐ြက္ခဲ့ၾကသူမ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းခဲ့သည္ကို ႏိုဝင္ ဘာ ၁၉ ရက္ကထုတ္ျပန္ခဲ့သည္

 

ျပည္ေထာင္စုစည္သူသဂၤဟဘြဲ႕ျဖစ္သည့္ စည္သူဘြဲ႕အား ႐ုရွားကာကြယ္ေရးဝန္ႀကီး H.E Army General Sergey Kuzhugetovich Shoigu အားခ်ီးျမႇင့္ခဲ့သည္

ထို႔ျပင္ စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္ဘြဲ႕ျဖစ္သည့္ သီရိပ်ံခ်ီဘြဲ႕အား ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနမွ Colonel General Alexander Vasilyevich Fomin ၊ဂ်ပန္-ျမန္မာအသင္း မွ H.E Mr.Hideo Watanabe ၊ ကရင္ျပည္နယ္၊ေတာ္ပုံေက်း႐ြာ၊ဇြဲကပင္ေက်ာက္းတိုက္ဆရာေတာ္ဦးကဝိဓဇ၊ တိုးတက္ေသာဗုဒၶဘာသာကရင္အမ်ိဳးသားအစည္းအ႐ုံး(DKBA)ဥကၠ႒ ဦးသာထူးေက်ာ္အပါအဝင္ DKBA မွ ၉ ဦးအား ခ်ီးျမႇင့္ခဲ့သည္

ထို႔ျပင္ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ ေဒါက္တာတင္မိုသီအပါအဝင္ ၈ ဦး၊ တိုင္းရင္းသားပါတီ ဥကၠ႒ မ်ားျဖစ္သည့္ ဦးစိုင္းအိုက္ေပါင္း၊ေဒါက္တာေအးေမာင္၊ဦးသုေဝ တို႔အပါအဝင္ ၆ ဦး၊စီးပြားေရးလုပ္ငန္းရွင္မ်ားျဖစ္သည့္ ႐ိုးမဘဏ္ ဥကၠ႒ဦးသိမ္းေဝ အပါအဝင္ ၃ ဦးတို႔ကိုလည္း သီရိပ်ံခ်ီဘြဲ႕မ်ား ခ်ီးျမႇင့္ခဲ့သည္

ဝဏၰေက်ာ္ထင္ဘြဲ႕အား နစက ဥကၠ႒ အႀကံေပးအဖြဲ႕၏ အႀကံေပးပုဂၢိဳလ္ ၉ ဦး၊ စြမ္းေဆာင္မႈဆ္ုင္ရာဂုဏ္ထူးေဆာင္တံဆိပ္ျဖစ္သည့္ စီမံခူးခြၽန္တံဆိပ္(ပထမအဆင့္)အား Mr.Alexander Vladimirovich OSTROVSKY ၊ လူမႈထူးခြၽန္တံဆိပ္(ပထမအဆင့္)အား စာေရးဆရာ/Journalist ဦးရဲမိုး(ခ)ေနရီတို႔အား ခ်ီးျမႇင့္ခဲ့သည္

ရုရှားကာကွယ်ရေးဝန်ကြီးအား စည်သူဘွဲ့ချီးမြှင့်ပြီး ဂျပန်မြန်မာအသင်းဥက္ကဋ္ဌအပါအဝင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၊စီးပွားရေးလုပ်ငန်းရှင်များအားသီရိပျံချီဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်း

စကစ အမိန့်ကြော်ငြာစာအမှတ် (၂၁၅/၂၀၂၂)ဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝ‌ပြောရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်ကို နိုဝင် ဘာ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့အား ရုရှားကာကွယ်ရေးဝန်ကြီး H.E Army General Sergey Kuzhugetovich Shoigu အားချီးမြှင့်ခဲ့သည်

ထို့ပြင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့အား ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ Colonel General Alexander Vasilyevich Fomin ၊ဂျပန်-မြန်မာအသင်း မှ H.E Mr.Hideo Watanabe ၊ ကရင်ပြည်နယ်၊တော်ပုံကျေးရွာ၊ဇွဲကပင်ကျောက်းတိုက်ဆရာတော်ဦးကဝိဓဇ၊ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး(DKBA)ဥက္ကဋ္ဌ ဦးသာထူးကျော်အပါအဝင် DKBA မှ ၉ ဦးအား ချီးမြှင့်ခဲ့သည်

ထို့ပြင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဒေါက်တာတင်မိုသီအပါအဝင် ၈ ဦး၊ တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ များဖြစ်သည့် ဦးစိုင်းအိုက်ပေါင်း၊ဒေါက်တာအေးမောင်၊ဦးသုဝေ တို့အပါအဝင် ၆ ဦး၊စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ရိုးမဘဏ် ဥက္ကဋ္ဌဦးသိမ်းဝေ အပါအဝင် ၃ ဦးတို့ကိုလည်း သီရိပျံချီဘွဲ့များ ချီးမြှင့်ခဲ့သည်

ဝဏ္ဏကျော်ထင်ဘွဲ့အား နစက ဥက္ကဋ္ဌ အကြံပေးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ၉ ဦး၊ စွမ်းဆောင်မှုဆ်ုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် စီမံခူးချွန်တံဆိပ်(ပထမအဆင့်)အား Mr.Alexander Vladimirovich OSTROVSKY ၊ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)အား စာရေးဆရာ/Journalist ဦးရဲမိုး(ခ)နေရီတို့အား ချီးမြှင့်ခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *