မရမ္းကုန္း ၃ ရပ္ကြက္ရွိ ေနအိမ္ရာေပါင္းမ်ားစြာကို က်ဴးေက်ာ္အမည္တပ္၍ စစ္တပ္က ဘူဒိုဇာ၊ ေျမေကာ္စက္မ်ားျဖင့္ ဖ်က္ဆီးသြားၿပီးေနာက္ ညဘက္ အိပ္စရာမရွိဘဲ ဒုကၡေရာက္ေနၾက

ရန္ကုန္၊ ႏိုဝင္ဘာ ၁၉

ႏွစ္ေပါင္း ၆၀ေက်ာ္ ၇၀ ေက်ာ္ ေနလာတဲ့ ရန္ကုန္တိုင္း၊ မရမ္းကုန္း ၃ ရပ္ကြက္၊ ကံသာေဇယ်ဳံလမ္းရွိ အိမ္ေျခ ၁၀၀ ေက်ာ္ ကို က်ဴးေက်ာ္ဟု ဆိုကာ ယေန႔ နံနက္ပိုင္းတြင္ အၾကမ္းဖက္စစ္တပ္၊ စည္ပင္ ႏွင့္ ေထြ/အုပ္က လက္နက္ကိုင္မ်ားျဖင့္ ဖ်က္ဆီးသြားၿပီး ဓာတ္ပုံ႐ိုက္ သူ၊ အိမ္ ထဲသို႔ ပစၥည္းဝင္ယူသူ ျပည္သူတခ်ိဳ႕ကို ဖမ္းဆီးသြားေၾကာင္း သိရွိရသည္

“ဒီမနက္ဗ်ာ ေသနတ္ေတြနဲ႔ စစ္တပ္ေရာ၊ ရဲေရာ အိမ္ေတြကို ဘူဒိုဇာနဲ႔ ထိုးခ် တာ ဗ်ာ မညႇာမတာ ဘာပစၥည္းမွ ဝင္အယူမခံဘူး အကုန္လုံး ဖ်က္ပစ္တာ ပစၥည္းဝင္ယူသူေတြ အဖမ္းခံရတယ္။ ေကာင္မေလး ၂ ဦး၊ ေနာက္ၿပီး ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္တဲ့သူကို စစ္ဖိနပ္ေတြ၊ ေျခေထာက္ေတြနဲ႔ ေဆာင့္ကန္ၿပီး ႐ိုက္ႏွက္ ဖမ္းသြားတယ္ အိမ္အဖ်က္မခံတဲ့သူ ေတြလည္း အဖမ္းခံရတယ္ တကယ့္ကို ကမာၻပ်က္တာပါပဲ” ဟု ေဒသခံတစ္ဦးက ေျပာသည္

ယေန႔ နံနက္ပိုင္းတြင္ အိမ္ေျခ ၅၀ ႏွင့္ ၁၀၀ အၾကားကို စစ္တပ္က ေျမေကာ္ စက္ မ်ား ၊ ဘူဒိုဇာမ်ားျဖင့္ ထိုးခ်သြားၿပီး ဖ်က္ဆီးထား သည့္ေျမေနရာတြင္ ထပ္မံ၍ အိမ္၊ တဲမ်ား တည္ေဆာက္ျခင္းမျပဳရန္ သတိေပးသြားေၾကာင္း သိရွိရ သည္

ယေန႔ ညေနပိုင္းတြင္ အိမ္ဖ်က္ဆီးခံရသည့္ ျပည္သူတခ်ိဳ႕က ၎တို႔ ပိုင္ဆိုင္ ေသာ ပစၥည္းမ်ား ရလိုရျငား ျပန္လည္ အပ်က္အစီးမ်ားၾကားတြင္ လိုက္လံ ရွာေဖြ ေနၾကရေၾကာင္း သိရွိရသည္

“ယေန႔ညထိ ရပ္ကြက္ေန႔ျပည္သူေတြေသာကေတြေရာက္ေနပါတယ္ ေန႔စရာ အိမ္မရွိ ေတာ့လို ေသာကမ်ားေနပါတယ္ အိမ္ေတြက ႏွစ္ေျခာက္ ဆယ္ေက်ာ္ ေနလာတဲ့အိမ္ေတြပါ လူမဆန္ဘူးဗ်ာ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ စုၿပီဝယ္ထား တဲ့အိမ္ေတြပါ

အခုလုပ္ေတာ့အားလုံး ေသာကေရာက္ၿပီ ေသြးတိုး၊ ဆီးခ်ိဳ သ မား ေတြလည္း ပါပါတယ္ ေနာက္ ထပ္လည္း ေနရာေတြဖ်က္ ဖို႔ရွိပါေသး တယ္ အခုက အိမ္ဖ်က္ခံရတဲ့ ျပည္သူေတြက ေသာကေနမ်ားေနလို႔ အိမ္ လည္း ရွာမရ အိမ္ငွားေတြေဈးေတြတက္ အခုေတာ့ ဥပေဒမဲ့ ႏိုင္ငံျဖစ္ေနပါၿပီ” ဟု ေဒသခံတစ္ဦးက ေျပာသည္

မရမ်းကုန်း ၃ ရပ်ကွက်ရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်အမည်တပ်၍ စစ်တပ်က ဘူဒိုဇာ၊ မြေကော်စက်များဖြင့် ဖျက်ဆီးသွားပြီးနောက် ညဘက် အိပ်စရာမရှိဘဲ ဒုက္ခရောက်နေကြ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

နှစ်ပေါင်း ၆၀ကျော် ၇၀ ကျော် နေလာတဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်း ၃ ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော် ကို ကျူးကျော်ဟု ဆိုကာ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၊ စည်ပင် နှင့် ထွေ/အုပ်က လက်နက်ကိုင်များဖြင့် ဖျက်ဆီးသွားပြီး ဓာတ်ပုံရိုက် သူ၊ အိမ် ထဲသို့ ပစ္စည်းဝင်ယူသူ ပြည်သူတချို့ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်

“ဒီမနက်ဗျာ သေနတ်တွေနဲ့ စစ်တပ်ရော၊ ရဲရော အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချ တာ ဗျာ မညှာမတာ ဘာပစ္စည်းမှ ဝင်အယူမခံဘူး အကုန်လုံး ဖျက်ပစ်တာ ပစ္စည်းဝင်ယူသူတွေ အဖမ်းခံရတယ်။ ကောင်မလေး ၂ ဦး၊ နောက်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့သူကို စစ်ဖိနပ်တွေ၊ ခြေထောက်တွေနဲ့ ဆောင့်ကန်ပြီး ရိုက်နှက် ဖမ်းသွားတယ် အိမ်အဖျက်မခံတဲ့သူ တွေလည်း အဖမ်းခံရတယ် တကယ့်ကို ကမ္ဘာပျက်တာပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်

ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၅၀ နှင့် ၁၀၀ အကြားကို စစ်တပ်က မြေကော် စက် များ ၊ ဘူဒိုဇာများဖြင့် ထိုးချသွားပြီး ဖျက်ဆီးထား သည့်မြေနေရာတွင် ထပ်မံ၍ အိမ်၊ တဲများ တည်ဆောက်ခြင်းမပြုရန် သတိပေးသွားကြောင်း သိရှိရ သည်

ယနေ့ ညနေပိုင်းတွင် အိမ်ဖျက်ဆီးခံရသည့် ပြည်သူတချို့က ၎င်းတို့ ပိုင်ဆိုင် သော ပစ္စည်းများ ရလိုရငြား ပြန်လည် အပျက်အစီးများကြားတွင် လိုက်လံ ရှာဖွေ နေကြရကြောင်း သိရှိရသည်

“ယနေ့ညထိ ရပ်ကွက်နေ့ပြည်သူတွေသောကတွေရောက်နေပါတယ် နေ့စရာ အိမ်မရှိ တော့လို သောကများနေပါတယ် အိမ်တွေက နှစ်ခြောက် ဆယ်ကျော် နေလာတဲ့အိမ်တွေပါ လူမဆန်ဘူးဗျာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စုပြီဝယ်ထား တဲ့အိမ်တွေပါ

အခုလုပ်တော့အားလုံး သောကရောက်ပြီ သွေးတိုး၊ ဆီးချို သ မား တွေလည်း ပါပါတယ် နောက် ထပ်လည်း နေရာတွေဖျက် ဖို့ရှိပါသေး တယ် အခုက အိမ်ဖျက်ခံရတဲ့ ပြည်သူတွေက သောကနေများနေလို့ အိမ် လည်း ရှာမရ အိမ်ငှားတွေဈေးတွေတက် အခုတော့ ဥပဒေမဲ့ နိုင်ငံဖြစ်နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်

 

Leave a Reply

Your email address will not be published. Required fields are marked *