ျမန္မာအတြက္ဆုေတာင္းေပးေနတယ္လို႔ ေအာင္ပြဲရေအာင္လအန္ဆန္းေျပာ

မဲေခါင္၊ ႏိုဝင္ဘာ ၁၉

ဂ်ပန္ႏိုင္ငံသား အိုကာမီယာရွင္ကို ပထမအခ်ီမွာပဲ ဒိုင္ပြဲရပ္နဲ႔ အႏိုင္ရခဲ့တဲ့ ျမန္မာ့စပါးအုံးေႁမြ “ေအာင္လအန္ဆန္း”က ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးေနတယ္လို႔ ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္

ဒီေန႔ ျမန္မာအခ်ိန္ ၈နာရီေက်ာ္မွာ ထိုးသတ္ခဲ့တဲ့ပြဲမွာ ေအာင္လဟာ ၿပိဳင္ဖက္ ဂ်ပန္ႏိုင္ငံသားကို ပထမအခ်ီမွာပဲ အႏိုင္ထိုးႏိုင္ခဲ့တာျဖစ္ပါတယ္

ေအာင္လရဲ႕ အားပါတဲ့ ဒူးတိုက္ခ်က္ဟာ အိုကာမီယာရွင္ရဲ႕ေခါင္းနဲ႔ မိတ္ဆက္ၿပီးတဲ့ေနာက္မွာ ေအာင္လက ဆက္တိုက္ဖိထိုးတာေၾကာင့္ ဒိုင္ပြဲရပ္ၿပီး ေအာင္လအႏိုင္ရသြားတာျဖစ္ပါတယ္

ပြဲအၿပီးမွာ ေအာင္လက ပြဲစီစဥ္ေပးတဲ့ One Championship နဲ႔ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုပါတယ္။ သူရဲ႕မိခင္ႏိုင္ငံျဖစ္တဲ့ျမန္မာႏိုင္ငံအတြက္လည္း ဆုေတာင္းေပးေနတယ္လို႔ တခုတ္တရထည့္သြင္းေျပာဆိုခဲ့ပါတယ္

“ေနာက္တစ္ခ်က္က ျမန္မာ။ ျမန္မာႏိုင္ငံေရ ငါမင္းအတြက္ ဆုေတာင္းေပးေနပါတယ္ ဒီေနာက္ဆုံး ၂ႏွစ္ဟာ အားလုံးအတြက္ခက္ခဲတဲ့ႏွစ္ေတြျဖစ္တယ္ မင္းတို႔ကို ငါခ်စ္ပါတယ္ ငါတို႔ႏိုင္ငံအတြက္ ခက္ခဲမႈေတြ ရွိခဲ့တယ္။ ဆက္ၿပီးေတာ့ဆုေတာင္းေပးေနပါတယ္ ဘုရားသခင္က ၿငိမ္းခ်မ္းမႈေပးလိမ့္မယ္လို႔ ယုံၾကည္စြာေျပာလိုပါတယ္ အားလုံးကိုခ်စ္တယ္” လို႔ ေအာင္လအန္ဆန္းက ေျပာပါတယ္

ေအာင္လအန္ဆန္းနဲ႔ အိုကာမီယာရွင္တို႔ပြဲဟာ မစ္ဒ္ဝိတ္တန္းအတြက္ ထိုးသတ္ခဲ့ၾကတဲ့ပြဲျဖစ္ပါတယ္

MeKongNews

မြန်မာအတွက်ဆုတောင်းပေးနေတယ်လို့ အောင်ပွဲရအောင်လအန်ဆန်းပြော

မဲခေါင်၊ နိုဝင်ဘာ ၁၉

ဂျပန်နိုင်ငံသား အိုကာမီယာရှင်ကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တဲ့ မြန်မာ့စပါးအုံးမြွေ “အောင်လအန်ဆန်း”က မြန်မာနိုင်ငံအတွက် ဆုတောင်းပေးနေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်

ဒီနေ့ မြန်မာအချိန် ၈နာရီကျော်မှာ ထိုးသတ်ခဲ့တဲ့ပွဲမှာ အောင်လဟာ ပြိုင်ဖက် ဂျပန်နိုင်ငံသားကို ပထမအချီမှာပဲ အနိုင်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်

အောင်လရဲ့ အားပါတဲ့ ဒူးတိုက်ချက်ဟာ အိုကာမီယာရှင်ရဲ့ခေါင်းနဲ့ မိတ်ဆက်ပြီးတဲ့နောက်မှာ အောင်လက ဆက်တိုက်ဖိထိုးတာကြောင့် ဒိုင်ပွဲရပ်ပြီး အောင်လအနိုင်ရသွားတာဖြစ်ပါတယ်

ပွဲအပြီးမှာ အောင်လက ပွဲစီစဉ်ပေးတဲ့ One Championship နဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုပါတယ်။ သူရဲ့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းပေးနေတယ်လို့ တခုတ်တရထည့်သွင်းပြောဆိုခဲ့ပါတယ်

“နောက်တစ်ချက်က မြန်မာ။ မြန်မာနိုင်ငံရေ ငါမင်းအတွက် ဆုတောင်းပေးနေပါတယ် ဒီနောက်ဆုံး ၂နှစ်ဟာ အားလုံးအတွက်ခက်ခဲတဲ့နှစ်တွေဖြစ်တယ် မင်းတို့ကို ငါချစ်ပါတယ် ငါတို့နိုင်ငံအတွက် ခက်ခဲမှုတွေ ရှိခဲ့တယ်။ ဆက်ပြီးတော့ဆုတောင်းပေးနေပါတယ် ဘုရားသခင်က ငြိမ်းချမ်းမှုပေးလိမ့်မယ်လို့ ယုံကြည်စွာပြောလိုပါတယ် အားလုံးကိုချစ်တယ်” လို့ အောင်လအန်ဆန်းက ပြောပါတယ်

အောင်လအန်ဆန်းနဲ့ အိုကာမီယာရှင်တို့ပွဲဟာ မစ်ဒ်ဝိတ်တန်းအတွက် ထိုးသတ်ခဲ့ကြတဲ့ပွဲဖြစ်ပါတယ်

MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *