အင္းေတာ္တိုက္ပြဲမွာ မင္းေအာင္လႈိင္မိသားစုရဲ႕ ကိုယ္ရံေတာ္ေဟာင္းတပ္ရင္းမႉးအပါ ၂၀ ေက်ာ္ေသဆုံး

အင္းေတာ္၊ ႏိုဝင္ဘာ ၁၉၊ ၂၀၂၂

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕ေျမာက္ဘက္ေတာအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ KIA-PDFပူးေပါင္းအဖြဲ႕ တို႔ တိုက္ပြဲျပင္းထန္ခဲ့ၿပီး တပ္ရင္းမႉးနဲ႔ ၂ ပြင့္ဗိုလ္အပါအဝင္ ၂၀ ဝန္းက်င္ေသဆုံးခဲ့တယ္လို႔ Indaw Revolution-IR က တဆင့္သိရပါတယ္

ႏိုဝင္ဘာ ၁၈ ရက္ မေန႔က တရက္ထဲ မနက္ ၈ နာရီ၊ ေန႔လည္ ၁၂ နာရီ၊ ညေန ၃ နာရီတို႔မွာ တိုက္ပြဲ ၃ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အင္အား ၁၅၀ ေလာက္ရွိတဲ့ စစ္ေကာင္စီစစ္ေၾကာင္းက ရာထူးႀကီးပိုင္း ေတာ္ေတာ္မ်ားမ်ားလည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္

“သူတို႔ဘက္က ေသတာက တပ္ရင္းမႉးရယ္၊ က်ေတာ္တို႔ လူႀကီးေတြထပ္စုံစမ္းသိရတာက ၂ ပြင့္ဗိုလ္ရယ္ တရစ္ ႏွစ္ရစ္ ၃ ရစ္ အဲ့လိုရာထူးရွိတဲ့ဟာေလးေတြေပါ့ က်ေတာ္တို႔ဘက္ကလည္း KIA ရဲေဘာ္တဦး က်တယ္၊ အေလာင္းလည္း ျပန္ရလို႔ သၿဂိဳလ္ၿပီးၿပီ။” လို႔ သူကေျပာပါတယ္
တပ္ရင္းမႉးအေလာင္းကိုေတာ့ ေလယာဥ္နဲ႔ျမစ္ႀကီးနားဘက္သယ္သြားၿပီး၊ ဒုတပ္ရင္းမႉးနဲ႔ ရာထူးႀကီးပိုင္း တခ်ိဳ႕အေလာင္းကို ရိကၡာကုန္းထဲသယ္သြားကာ တပ္သားအေလာင္းေတြကိုေတာ့ ေတာထဲမွာတင္ ျမႇဳပ္ခဲ့တယ္လို႔ ဆိုပါတယ္

တိုက္ပြဲမွာေသဆုံးခဲ့တဲ့ တပ္ရင္းမႉးဟာ ဟိုပင္သားျဖစ္တဲ့ ထိန္လင္းစံ လို႔သိရၿပီး၊ မင္းေအာင္လႈိင္အိမ္မွာလည္း မိသားစုလုံၿခဳံေရးကိုယ္ရံေတာ္အျဖစ္ ၂၀၁၅ ခုႏွစ္မွစတင္ကာ ၅ ႏွစ္ခန႔္လုပ္ကိုင္ခဲ့ကာ ရာထူးတိုးျဖင့္ ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္တာလို႔ နီးစပ္တဲ့သတင္းရင္းျမစ္ကတဆင့္ သိရပါတယ္

“ရာထူးတိုးနဲ႔ ခုေနာက္ပိုင္းမွအင္းေတာ္ကိုပို႔တာ၊ တပ္ရင္းမႉးက ဆိုးတယ္ဆိုၿပီး သတင္းေတြထြက္ေနတာ မၾကာေသးဘူး သူက ပထမ မပခတိုင္းမွာ ေနတယ္ ၿပီးေတာ့ တ႐ုတ္နယ္စပ္ကန္ပိုင္တီမွာ ဒုရင္းမႉးကိုင္တယ္။ ေနာက္က် မင္းေအာင္လႈိင္အိမ္မွာ မိသားစုလုံၿခဳံေရးကိုယ္ရံေတာ္အျဖစ္နဲ႔ ေရာက္သြားတာၾကာၿပီအခုတပ္ရင္းမႉးအျဖစ္နဲ႔ အင္းေတာ္ပါလာတာ” လို႔ ေျပာပါတယ္

တိုက္ပြဲျဖစ္ပြားၿပီး မေန႔ကညေနပိုင္းထဲက ေတာထဲကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနၿပီး အခုလက္ရွိအခ်ိန္ထိ ရိကၡာကုန္းထဲကေန ပစ္ခတ္ေနတုန္းပဲလို႔လည္း သိရပါတယ္

ပုံစာ – ေသဆုံးသြားတဲ့တပ္ရင္းမႉးနဲ႔ အေလာင္းသယ္ေနတဲ့ ရဟတ္ယာဥ္ကို ေတြ႕ရစဥ္

သတင္း-ခ်ယ္ရီ

ေျမလတ္အသံ – Myaelatt Athan

အင်းတော်တိုက်ပွဲမှာ မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ရံတော်ဟောင်းတပ်ရင်းမှူးအပါ ၂၀ ကျော်သေဆုံး

အင်းတော်၊ နိုဝင်ဘာ ၁၉၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက်တောအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA-PDFပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်ရင်းမှူးနဲ့ ၂ ပွင့်ဗိုလ်အပါအဝင် ၂၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ Indaw Revolution-IR က တဆင့်သိရပါတယ်

နိုဝင်ဘာ ၁၈ ရက် မနေ့က တရက်ထဲ မနက် ၈ နာရီ၊ နေ့လည် ၁၂ နာရီ၊ ညနေ ၃ နာရီတို့မှာ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ရာထူးကြီးပိုင်း တော်တော်များများလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်

“သူတို့ဘက်က သေတာက တပ်ရင်းမှူးရယ်၊ ကျတော်တို့ လူကြီးတွေထပ်စုံစမ်းသိရတာက ၂ ပွင့်ဗိုလ်ရယ် တရစ် နှစ်ရစ် ၃ ရစ် အဲ့လိုရာထူးရှိတဲ့ဟာလေးတွေပေါ့ ကျတော်တို့ဘက်ကလည်း KIA ရဲဘော်တဦး ကျတယ်၊ အလောင်းလည်း ပြန်ရလို့ သဂြိုလ်ပြီးပြီ။” လို့ သူကပြောပါတယ်
တပ်ရင်းမှူးအလောင်းကိုတော့ လေယာဉ်နဲ့မြစ်ကြီးနားဘက်သယ်သွားပြီး၊ ဒုတပ်ရင်းမှူးနဲ့ ရာထူးကြီးပိုင်း တချို့အလောင်းကို ရိက္ခာကုန်းထဲသယ်သွားကာ တပ်သားအလောင်းတွေကိုတော့ တောထဲမှာတင် မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်

တိုက်ပွဲမှာသေဆုံးခဲ့တဲ့ တပ်ရင်းမှူးဟာ ဟိုပင်သားဖြစ်တဲ့ ထိန်လင်းစံ လို့သိရပြီး၊ မင်းအောင်လှိုင်အိမ်မှာလည်း မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ် ၂၀၁၅ ခုနှစ်မှစတင်ကာ ၅ နှစ်ခန့်လုပ်ကိုင်ခဲ့ကာ ရာထူးတိုးဖြင့် ပြောင်းရွေ့တာဝန်ထမ်းဆောင်တာလို့ နီးစပ်တဲ့သတင်းရင်းမြစ်ကတဆင့် သိရပါတယ်

“ရာထူးတိုးနဲ့ ခုနောက်ပိုင်းမှအင်းတော်ကိုပို့တာ၊ တပ်ရင်းမှူးက ဆိုးတယ်ဆိုပြီး သတင်းတွေထွက်နေတာ မကြာသေးဘူး သူက ပထမ မပခတိုင်းမှာ နေတယ် ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်။ နောက်ကျ မင်းအောင်လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီအခုတပ်ရင်းမှူးအဖြစ်နဲ့ အင်းတော်ပါလာတာ” လို့ ပြောပါတယ်

တိုက်ပွဲဖြစ်ပွားပြီး မနေ့ကညနေပိုင်းထဲက တောထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး အခုလက်ရှိအချိန်ထိ ရိက္ခာကုန်းထဲကနေ ပစ်ခတ်နေတုန်းပဲလို့လည်း သိရပါတယ်

ပုံစာ – သေဆုံးသွားတဲ့တပ်ရင်းမှူးနဲ့ အလောင်းသယ်နေတဲ့ ရဟတ်ယာဉ်ကို တွေ့ရစဉ်

သတင်း-ချယ်ရီ

မြေလတ်အသံ – Myaelatt Athan

 

Leave a Reply

Your email address will not be published. Required fields are marked *