အထက္ဂိုဏ္း၏ တုတ္ၿပီး ဓားၿပီးေဆးထိုးထားသည္ဟု ရပ္ကြက္တြင္း နာမည္ႀကီးသူ ရာအိမ္မႉး ဓားျမင့္ေအး ေသနတ္ႏွင့္ပစ္ခံရလို႔ ေ-သဆုံး

မဟာေအာင္ေျမၿမိဳ႕နယ္ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးရွိ အထက္လမ္းဂိုဏ္းတစ္ခု၏ တုတ္ၿပီး ဓားၿပီးေဆးထိုးသည္ဟုဆိုေသာ စစ္ေကာင္စီတပ္၏ အားကိုးရသူ ရာအိမ္မႉး ဓားျမင့္ေအး ယေန႔ နံနက္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ လမ္းမႀကီးေပၚတြင္ ယေန႔ နံနက္ ၁၁ နာရီဝန္းက်င္က ရာအိမ္မႉး ဓားျမင့္ေအးကို အမည္မသိအမ်ိဳးသားမ်ားက ေသနတ္ျဖင့္ပစ္ခတ္ခဲ့တာ ျဖစ္သည္ဟု ရပ္ကြက္ေနသူတစ္ဦးက CJ Platform ကိုေျပာသည္။”သူက သံလွ်က္ေမွာ္အေနာက္မွာ နာမည္ႀကီး၊ ဓားျမင့္ေအးလို႔ ေခၚၾကတာ တစ္ခုခုဆို ဓားနဲ႔ပဲ ေျဖရွင္းတာ စစ္တပ္က သူကိုအေရးေပးထားတာ ဓားအၿမဲပါတယ္၊ ေ႐ႊရင္ေက်ာ္ဘာလား အထက္ဂိုဏ္းက တုတ္ၿပီး ဓားၿပီးေဆးထိုးထားတယ္လို႔ အၿမဲႂကြားတတ္တဲ့သူ၊ ဒီေန႔မနက္ ပစ္ခံရေတာ့ ဓားေတာင္ထုတ္ခ်ိန္မရဘူး ေသနတ္နဲ႔ ပစ္သြားတာ”ဟု ေျပာသည္

သံလွ်က္ေမွာ္အေနာက္ရပ္ကြက္တြင္ ယေန႔ နံနက္ပိုင္းက အမည္မသိအမ်ိဳးသားႏွစ္ဦးကို ေတြ႕ရွိ၍ စစ္တပ္ကို အေၾကာင္းၾကားကာ ဓားျပန္ယူခ်ိန္ ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံးသြားတာျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကိုေျပာသည္။”တုတ္နဲ႔ဓားပဲ ၿပီးတာ ေသနတ္မၿပီးေတာ့ ေသသြားတာေပါ့ ေဆး႐ုံမွာေသတယ္ေျပာတယ္ အခုရပ္ကြက္မွာ စစ္ေဆးေနတယ္”ဟု ေျပာသည္

ရာအိမ္မႉး ပစ္သတ္ခံရတဲ့အတြက္ စစ္ေကာင္စီတပ္ဟာ အခင္းျဖစ္တဲ့ေနရာနားက ျမဧရာ လက္ဖက္ရည္ဆိုင္မွာရွိတဲ့ လူေတြကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေဒသခံတစ္ဦးကေျပာျပပါတယ္။အခင္းျဖစ္တဲ့ေနရာတဝိုက္ကို စစ္ေကာင္စီတပ္က လမ္းပိတ္ထားၿပီး လက္ဖက္ရည္ဆိုင္က သူေတြကို ဖမ္းဆီးထားဆဲလို႔သိရပါတယ္

ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသူမွာ ရာအိမ္မႉး ဦးထြန္းျမင့္ေအးျဖစ္ၿပီး လက္ရွိအေျခအေနတြင္ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္တြင္ စစ္ေကာင္စီတပ္က စစ္ေဆးမႈေတြ ျပဳလုပ္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

🖋ကိုေပါက္-CjPlatform

အထက်ဂိုဏ်း၏ တုတ်ပြီး ဓားပြီးဆေးထိုးထားသည်ဟု ရပ်ကွက်တွင်း နာမည်ကြီးသူ ရာအိမ်မှူး ဓားမြင့်အေး သေနတ်နှင့်ပစ်ခံရလို့ ေ-သဆုံး

မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ အထက်လမ်းဂိုဏ်းတစ်ခု၏ တုတ်ပြီး ဓားပြီးဆေးထိုးသည်ဟုဆိုသော စစ်ကောင်စီတပ်၏ အားကိုးရသူ ရာအိမ်မှူး ဓားမြင့်အေး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်

သံလျှက်မှော်အနောက်ရပ်ကွက် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ရာအိမ်မှူး ဓားမြင့်အေးကို အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာ ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။”သူက သံလျှက်မှော်အနောက်မှာ နာမည်ကြီး၊ ဓားမြင့်အေးလို့ ခေါ်ကြတာ တစ်ခုခုဆို ဓားနဲ့ပဲ ဖြေရှင်းတာ စစ်တပ်က သူကိုအရေးပေးထားတာ ဓားအမြဲပါတယ်၊ ရွှေရင်ကျော်ဘာလား အထက်ဂိုဏ်းက တုတ်ပြီး ဓားပြီးဆေးထိုးထားတယ်လို့ အမြဲကြွားတတ်တဲ့သူ၊ ဒီနေ့မနက် ပစ်ခံရတော့ ဓားတောင်ထုတ်ချိန်မရဘူး သေနတ်နဲ့ ပစ်သွားတာ”ဟု ပြောသည်

သံလျှက်မှော်အနောက်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက အမည်မသိအမျိုးသားနှစ်ဦးကို တွေ့ရှိ၍ စစ်တပ်ကို အကြောင်းကြားကာ ဓားပြန်ယူချိန် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။”တုတ်နဲ့ဓားပဲ ပြီးတာ သေနတ်မပြီးတော့ သေသွားတာပေါ့ ဆေးရုံမှာသေတယ်ပြောတယ် အခုရပ်ကွက်မှာ စစ်ဆေးနေတယ်”ဟု ပြောသည်

ရာအိမ်မှူး ပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဟာ အခင်းဖြစ်တဲ့နေရာနားက မြဧရာ လက်ဖက်ရည်ဆိုင်မှာရှိတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်ကောင်စီတပ်က လမ်းပိတ်ထားပြီး လက်ဖက်ရည်ဆိုင်က သူတွေကို ဖမ်းဆီးထားဆဲလို့သိရပါတယ်

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူမှာ ရာအိမ်မှူး ဦးထွန်းမြင့်အေးဖြစ်ပြီး လက်ရှိအခြေအနေတွင် သံလျှက်မှော်အနောက်ရပ်ကွက်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်

🖋ကိုပေါက်-CjPlatform

 

Leave a Reply

Your email address will not be published. Required fields are marked *