
ရန်ကုန်၊ နိုဝင်ဘာ ၁၉







သရက်ချောင်းမြို့နယ်တွင် လေတပ် အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး နှင့် နောက်လိုက် ၂ ဦး သေဆုံးမှု မရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီ လေ တပ် ၏ အမောင်းသင်လေယာဉ်တစ်စီး ပျက်ကျသွားပြီး လေယာဉ်မှူး နှင့် နောက် လိုက် ၂ ဦး သေဆုံးမှု မရှိကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်

ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လေယာဉ်ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်သည် လယ်ကွင်းထဲတွင် ရှိနေကြောင်း၊ လေယာဉ်သည် အမောင်းသင် လေယာဉ် အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးနှင့်နောက်လိုက် ၂ ဦးပါဝင်ကြောင်း၊လက်ရှိ တွင် စစ်တပ်က ယင်းနေရာကို ပိတ်ဆို့ထားပြီး ကယ်ဆယ်ရေးများလာရောက် လုပ်ဆောင်နေကြောင်း၊ လေယာဉ်မှူးနှင့် နောက်လိုက် ၂ ဦး ထိခိုက်မှု မရှိ ကြောင်း သိရှိရသည်

“ဒီနေ့မနက်၁၀နာရီခန့် ထား၀ယ်ခရိုင် သရက်ချောင်း မြို့နယ် ကျွဲဇပ် ရွာနဲ့‌ ချောင်း ၀ ပြင်ရွာကြား မှာ ၃ ယောက်စီး မောင်းသင်တိုက် လေယာဉ်ငယ် တစ်စီး ပျက် ကျသွား‌ပါတယ် လေယာဉ်မှုးနဲ့နောက်လိုက် နှစ်ဦးစလုံးမသေဘူး လို့သိရ ပါတယ် လေယာဉ်က ၃ယောက်စီးမောင်းသင်လေယာဉ်ပါဗျ

အခု လယ် ကွင်း ထဲမှာပါ လူတွေ မသေဘူးလို့ပဲပြောပါတယ်ဗျ နောက်ဆက် တွဲ မသိရသေးဘူး စစ်ကောင် စီဘက် ကအဲဒီနေရာကို အရေးပေါ် သွားနေ ပါ တယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်

အဆိုပါ အမောင်းသင်လေယာဉ်သည် မြိတ်လေတပ်စခန်းဌာနချုပ်မှ ဖြစ် ကြောင်း သိရှိရသည်

ဓာတ်ပုံ- ယနေ့ ပျက်ကျနေသည့် မြိတ်လေတပ်စခန်းမှ အမောင်းသင် လေယာဥ်

 

Leave a Reply

Your email address will not be published. Required fields are marked *