

ဒီနေ့ဆို ဒီလူမျိုး ‌‌ဗီဇ စိတ်ထားမျိုးရှိတဲ့ နိုင်ငံ လူမျိုးဂုဏ်ဆောင် အောင်လတယောက်က လက်ခမောင်းခတ်တဲ့ ရိုးရာလက်ဝှေ့ မူလသက်တေအမှတ်သားကို ကမ္ဘာသိအောင် ပြသထားသည့်အပြင်

ယခုအခါ လူမျိုးသက်တေဖြစ်တဲ့ ကချင်ရိုးရာ ၀တ်စုံအပြင် ခါးတောင်းကျိုက်စိန်ခေါ်မှု အမှတ်သားကိုပါ နောက်ထပ် ကမ္ဘာမြင်အောင် ချပြ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပြန်သည်










#မင်းတော်ဝင် Ⓜ️

” ရိုးဂုဏ်ရဲ့ မြင့်မြတ်မှု ”

ကိုယ်ကတော့ ရိုးသား အားနာတတ်တဲ့ ရိုးဂုဏ်ဗီဇရှိတဲ့ မြန်မာလူမျိုးဖြစ်ရတာပဲ ဂုဏ်ယူနေမိတယ် မချမ်းသာလည်း

ဒီနေ့ဆို ဒီလူမျိုး ‌‌ဗီဇ စိတ်ထားမျိုးရှိတဲ့ နိုင်ငံ လူမျိုးဂုဏ်ဆောင် အောင်လတယောက်က လက်ခမောင်းခတ်တဲ့ ရိုးရာလက်ဝှေ့ မူလသက်ေတအမှတ်သားကို ကမ္ဘာသိအောင် ပြသထားသည့်အပြင်

ယခုအခါ လူမျိုးသက်ေတဖြစ်တဲ့ ကချင်ရိုးရာ ၀တ်စုံအပြင် ခါးတောင်းကျိုက်စိန်ခေါ်မှု အမှတ်သားကိုပါ နောက်ထပ် ကမ္ဘာမြင်အောင် ချပြ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပြန်သည်

ဒါ့အပြင် စိတ်ထားနဲ့ လုပ်ဆောင်မှုကိုပါ ရိုးဂုဏ်က အထင်သားထင်ဟပ်မှုမှာ စိန်ခေါ်လာသူ ဂျပန်ဖိုက်တာမှာ သူ့ရဲ့ စီနီယာ အားပေး လေးစားကြိုက်ခဲ့ရသူဟု ဆိုရုံမကပဲ

သူအားပေးနှစ်သက်ခဲ့သူက အခုလိုစိန်ခေါ်လာတော့ (ထိုးသတ်မှုကို)

၀မ်းမြောက် ဂုဏ်ယူမိကြောင်းနဲ့ ပွဲကိုတော့ အနိုင်ရအောင် စွမ်းဆောင်သွားမှာဖြစ်ကြောင်းပြောကြားပြီး

ပွဲမစခင် ယူရှင်အိုကာမိကို ကချင်ရိုးရာ အထိန်းမှတ် လွယ်အိပ်လက်ဆောင်လေးပေးပြီး ရိုသေစွာ လက်ကိုဆုပ်ကိုင်နှုတ်ဆက်ရုံမဟုတ်ပဲ စိန်ခေါ်လာသူ လေးစားရသူက လက်သီးဟန်ရေးပြပြီး ယှဉ်ဆိုင်ပြိုင်သော ပုံစံကို (ပရိုဆန်ခြင်းဖြင့်သည်)

အောင်လမှ လေးစား ကြိုက်နှစ် အားပေးခဲ့ရသူဆိုသော စိတ်အခံဖြင့် ပြိုင်ဘက်ဂျပန်ကြီး‌ရဲ့ရှေ့မှာ လက်သီးဟန်ရေးမပြပဲ ရှေ့မှာလက်ကလေးပစ်ချ အရိုသေးပေး ယှဉ်ဆိုင်နေပုံကို ကြည့်ခြင်းအားဖြင့် အောင်လရဲ့ ဒီလိုလူမျိုး စိတ်ထားရဲ့ ကောင်းခြင်းသော မဂ်လာတပါးနဲ့ မြင့်မြတ်သော အပြုမူ ပြယုဒ်ပဲဆိုတာ

( အင်မတန် လေးစား ချစ်စရာကောင်းသော မြင့်မြတ်သော လူမျိုးစိတ်ထား ပြယုဒ်ပါပဲ )

ဒါကြောင့် အောင်လ ပြောဖူးခဲ့သည် အနောက် UFC နဲ့ အရှေ့တိုင်းက One ရဲ့ ပွဲစဉ်တွေဟာ ယဉ်ကျေးမှု ဆက်ဆံမှု အနေထားတွေက မတူညီပါဘူး ဒါကြောင့် မိမိတို့နဲ့ ကိုက်ညီတဲ့ One မှာ ထိုးရတာ အဆင်ပြေ ဂုဏ်ယူပါတယ်ဆိုတာ ဒီလို ပြယုဒ်တွေက အသေချာမို့

ကျနော်ကတော့ အောင်လရဲ့ ယခုပြမူ လုပ်ရက်ကို အင်မတန်မှလေးစားပြီး ဂုဏ်ယူ ၀င့်ကြွားမိပါတယ်ဆိုတာ ဒါကြောင့် ဒီလူမျိုးဟာ ဒီလိုစိတ်ထားရှိသူတွေပါလားဆိုတာ မြင်ရုံနဲ့ သိနိုင်ပြီး ကိုယ်၌ အားကျ လေးစား ဂုဏ်ယူမိပါသည်ဆိုတာ ပြောရင်း

အောင်လနိုင်ရမည် အရေးတော်ပုံ အောင်ရမည် ပြည်သူအားလုံး အောင်မြင် နိုင်ရမည် ✊🏻

#မင်းတော်၀င် Ⓜ️

 

Leave a Reply

Your email address will not be published. Required fields are marked *