
ရန်ကုန်၊ နိုဝင်ဘာ ၁၉




ဖားကန့် Sky KTV တွင် သောက်စားပျော်ပါးနေသည့် ဗိုလ်ကြီးဇော်ဝေစိုး နှင့်စစ်သား ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သား ၃ ဦးပြင်းထန်ဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ၊ Sky KTV တွင် ဗိုလ်ကြီး ဇော်ဝေစိုးနှင့် စစ်သား ၇ ဦး သောက်စား ပျော်ပါးနေစဉ် ပစ်ခတ်ခံရသဖြင့် ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် Sky TV တွင် ဗိုလ်ကြီးဇော်ဝေစိုးနှင့် စစ်သား ၇ ဦးက သောက်စားပျော်ပါးနေစဉ် ပစ်ခတ်ခံ ရခြင်းဖြစ်ပြီး ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန် စစ်သား ၃ ဦးမှာ ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း သိရှိရသည်

“မနေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် မှော်ဆီဆာ မှ Sky KTV အခင်း ဖြစ်စဉ်တွင်သောက်စားမူးယစ်ပျော်ပါးနေသော စစ်ခွေး ဗိုလ်ကြီး ဇော်ဝေစိုး နဲ့တကွ ၄ ဦး မသာပေါ်….၃ယောက်စာအုပ်ရောင်း လိုင်စင် ရရှိသွားတယ်” ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *