

နိုဝင်ဘာလ ၁၉ ရက်







ယာဉ်ထိန်းရဲပ-စ်သ–တ်ခံရမှု မယားငယ်ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီး

ကိုကိုလေး/ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၉ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲရဲ့ မယားငယ်ဖြစ်သူကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက နေအိမ်ကိုလာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မယမုံ ဆိုသူဖြစ်ပြီး ယာဉ်ထိန်းရဲ စန်းမော်အောင် နဲ့အတူ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ချမ်းမြေ့ဆေးခန်းလမ်း နေအိမ်မှာပေါင်းသင်းနေထိုင်နေတာဖြစ်ပြီး ယာဉ်ထိန်းရဲပစ်သတ်ခံရမှုမှာ မယမုံနဲ့ဆက်စပ်နေတယ်ဆိုပြီး လာရောက်ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်

ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင်ဟာ နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက ၎င်းရဲ့မယားငယ်နေအိမ်မှာ သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး စစ်ဆေးရုံကိုပို့ဆောင်နေတုန်းသေဆုံးခဲ့တာပါ

“စစ်ဆေးစရာရှိတယ်ဆိုပြီး စကစ က လက်ထိပ်ခတ်ဖမ်းဆီးသွားတာပါ သူ့မယားငယ်နေအိမ်မှာပစ်သတ်ခံရတာဆိုတော့ သူ့ကိုသိပ်မသင်္ကာဘူးလို့ မြို့ပေါ်မှာ သတင်းတွေထွက်နေတယ် သူသတင်း ပေးလို့ ယာဉ်ထိန်းရဲစန်းမောင် အသတ်ခံရတယ်လို့ ပြောကြတယ် မြို့ထဲလည်း အဲဒီကျိစ်စနဲ့ပတျသကျပွီး အဖမ်းခံရတာတွေလည်းရှိတယ်” လို့ ကော့သောင်းမြို့ခံတစ်ဦးက ဧရာဝတီတျိုငျးမျကိုပွောပါတယျ

ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး သေဆုံးခဲ့ပြီးတဲ့နောက် လကျရျှိအခြိနျထိ သေဆုံးခဲ့တဲ့ ပိတောက်ရွှေဝါရပ်ကွက်၊ ချမ်းမြေ့ဆေးခန်းလမ်းမှာရှိတဲ့ ၎င်းတို့ရဲ့ နေအိမ်အနီး လမ်းတွေမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ချထားတယ် လို့ ဒေသခံတွေကပြောပါတယ်

ဒါ့ပြင် ယာဉ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးကော့သောင်းမြို့ပေါ်မှာ ဖမ်းဆီးခံရသူ အမ်ားအျပားရွိသလို စစ်မေးမြန်းပြီး ပြန်လွှတ်သူအချို့လည်းရှိတယ် လို့ ကော့သောင်းမြို့ခံတွေ ပြောပြချက်အရ သိရပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *