ကျဆုံးသူရဲကောင်းတွေကို ကျန်ရစ်သူမိသားစုဝင်တွေက အချိန်တိုင်းသတိရနေသလို ပြည်သူတွေရဲ့ရင်ထဲမှာလည်း ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။မတ်လ(၁၅)ရက်နေ့မှာ

သူငယ်ချင်းတစ်ယောက်ကိုကာကွယ်ပေးရင်းဦးခေါင်းကျည်ထိမှန်ကာကျဆုံးခဲ့တဲ့မောင်ခန့်အောင်ဖြိုးရဲ့မခင်ကလည်းတစ်ဦးတည်းသောသားလေးကိုအမြဲသတိရနေတာဖြစ်ပါတယ်။သားလေးကိုသတိရလာတိုင်းသူမရဲ့ခံစားချက်တွေပေါ့သွားအောင်လို့လူမှုကွန်ယက်စာမျက်နှာပေါ်မှာစာတွေရေးသားနေတာဖြစ်ပါတယ်

သားအမိနှစ်ယောက်တည်းရှိတဲ့ဘဝလေးကနေသားဖြစ်သူမရှိတော့တာကြောင့်မိခင်အနေနဲ့လည်းအမြဲတမ်းဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။သားလေးအတွက် ဝယ်ပေးထားတဲ့အိမ်အသစ်လေးမှာ အတူမနေရတော့ပေမယ့် သားလေးရဲ့ဆန္ဒတွေကို

ဖြည့်ဆည်းပေးထားတာဖြစ်ပါတယ်။သားလေးကြိုက်တတ်တဲ့သစ်ခွပင်လေးတွေကိုသူမလစာရမှပ်စိုက်ပေးမယ်လို့လည်းရေးသားထားတာဖြစ်ပါတယ်။ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို ပြည်သူတွေကကိုယ်ချင်းစာပေးနေကြတာဖြစ်ပါတယ်

အိမ်နံရံတွေမှာတော့သားလေးရဲ့ဓာတ်ပုံတွေကိုချိတ်ထားပြီးသားလေးပြောထားခဲ့တဲ့အတိုင်းစီစဉ်ပေးထားတာဖြစ်ပါတယ်။သားလေးကသူမနဲ့အတူနေထိုင်တယ်လို့မှတ်ယူပြီးသားအကြိုက်တွေဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။သူမရဲ့တစ်ဦးတည်းသောသားလေးကိုလည်းမသေခင်ထိချစ်သွားမယ်လိုလည်းရေးသားထားပါသေးတယ်။သားလေးသံသရာပါဖို့အတွက်မိခင်တစ်ယောက်အနေနဲ့တတ်နိုင်သလောက်လုပ်ဆောင်ပေးရင်း

Leave a Reply

Your email address will not be published.