ရန္ကုန္ၿမိဳ႕လယ္မွာ လူစည္ကားခ်ိန္ ဓားနဲ႔ထိုးၿပီး ေငြ နဲ႔ ဖုန္း လုယူ

C8 News

ရန္ကုန္၊ႏိုဝင္ဘာ(၁၉)

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ (၃၈) လမ္း (အလယ္ဘေလာက္) မွာမေန႔ကႏိုဝင္ဘာ(၁၈)ရက္ ညေန(၆)နာရီဝန္းက်င္ခ်ိန္မွာ လမ္းေလွ်ာက္လာသူတစ္ဦးကို ဓားနဲ႔ထိုးၿပီး ေငြ နဲ႔ ဖုန္း လုယူထြက္ေျပးမႈ ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္

” အထိုးခံရတဲ့လူက အသက္(၃၀)ေလာက္ရွိတယ္၊ ထိုးသြားတဲ့လူကိုေတာ့ မျမင္လိုက္ဘူး၊ ေအာ္သံေတြၾကားမွ ဓားနဲ႔ထိုးၿပီးထြက္ေျပးသြားမွန္းသိတာ၊ ျမင္တဲ့လူေတြေျပာတာေတာ့ ဓားနဲ႔မထိုးခင္ လက္ထဲမွာ ကိုင္လာတဲ့ ဖုန္းနဲ႔ ပိုက္ဆံအိပ္ကိုလုလို႔ ျပန္ခုခံတဲ့အခ်ိန္ ဓားနဲ႔ထိုးသြားတာ၊

ဖုန္း ေရာ ပိုက္ဆံအိပ္ေရာ မပါသြားဘူး၊ ၿမိဳ႕လယ္မွာေတာင္ အခုလိုျဖစ္ေနတာ၊ ရန္ကုန္ဟာ ေၾကာင္စရာေကာင္းတဲ့ ၿမိဳ႕ျဖစ္လာၿပီ၊ လုံၿခဳံမႈ မရွိေတာ့ဘူး” လို႔ အဲ့ဒီလမ္းအနီးမွာ ေနထိုင္သူ တစ္ဦးကေျပာပါတယ္

ဓားနဲ႔ ထိုးခံရၿပီး ျပင္းထန္စြာဒဏ္ရာရရွိခဲ့တဲ့ အဲ့ဒီအမ်ိဳးသားကိုေတာ့ လူမႈကူညီေရးအသင္းတစ္ခုက ေဆး႐ုံးပို႔ေဆာင္ခဲ့ေပးခဲ့တယ္လို႔ သိရပါတယ္

ဓားကိုင္လုယက္သူကို အနီးအနားဝန္းက်င္က ျပည္သူေတြ ဝိုင္းဝင္းဖမ္းဆီးမိခဲ့တယ္လို႔ ေဒသခံတခ်ိဳ႕ကေျပာဆိုေနေပမယ့္ သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိေသးပါဘူး

ရန်ကုန်မြို့လယ်မှာ လူစည်ကားချိန် ဓားနဲ့ထိုးပြီး ငွေ နဲ့ ဖုန်း လုယူ

C8 News

ရန်ကုန်၊နိုဝင်ဘာ(၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် (၃၈) လမ်း (အလယ်ဘလောက်) မှာမနေ့ကနိုဝင်ဘာ(၁၈)ရက် ညနေ(၆)နာရီဝန်းကျင်ချိန်မှာ လမ်းလျှောက်လာသူတစ်ဦးကို ဓားနဲ့ထိုးပြီး ငွေ နဲ့ ဖုန်း လုယူထွက်ပြေးမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်

” အထိုးခံရတဲ့လူက အသက်(၃၀)လောက်ရှိတယ်၊ ထိုးသွားတဲ့လူကိုတော့ မမြင်လိုက်ဘူး၊ အော်သံတွေကြားမှ ဓားနဲ့ထိုးပြီးထွက်ပြေးသွားမှန်းသိတာ၊ မြင်တဲ့လူတွေပြောတာတော့ ဓားနဲ့မထိုးခင် လက်ထဲမှာ ကိုင်လာတဲ့ ဖုန်းနဲ့ ပိုက်ဆံအိပ်ကိုလုလို့ ပြန်ခုခံတဲ့အချိန် ဓားနဲ့ထိုးသွားတာ၊

ဖုန်း ရော ပိုက်ဆံအိပ်ရော မပါသွားဘူး၊ မြို့လယ်မှာတောင် အခုလိုဖြစ်နေတာ၊ ရန်ကုန်ဟာ ကြောင်စရာကောင်းတဲ့ မြို့ဖြစ်လာပြီ၊ လုံခြုံမှု မရှိတော့ဘူး” လို့ အဲ့ဒီလမ်းအနီးမှာ နေထိုင်သူ တစ်ဦးကပြောပါတယ်

ဓားနဲ့ ထိုးခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ အဲ့ဒီအမျိုးသားကိုတော့ လူမှုကူညီရေးအသင်းတစ်ခုက ဆေးရုံးပို့ဆောင်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်

ဓားကိုင်လုယက်သူကို အနီးအနားဝန်းကျင်က ပြည်သူတွေ ဝိုင်းဝင်းဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတချို့ကပြောဆိုနေပေမယ့် သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး

 

Leave a Reply

Your email address will not be published. Required fields are marked *