ဆုတံဆိပ္ရထားတဲ့ အုပ္ခ်ဳပ္ေရးမႉး ဓားနဲ႔ထိုးခံရၿပီးေသဆုံး

ေပါက္ေခါင္း ၊ ႏိုဝင္ဘာ ၁၈ ၊ ၂၀၂၂

ပဲခူးတိုင္း ေပါက္ေခါင္းၿမိဳ႕နယ္က စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးတဦး ႏိုဝင္ဘာ ၁၆ ရက္က ဓားနဲ႔ထိုးၿပီး သတ္ခံလိုက္ရတယ္လို႔ ေပါက္ေခါင္း လြတ္ေျမာက္ေရးအင္အားစု အဖြဲ႕ဆီက သိရပါတယ္

မေန႔က ညေန ၅ နာရီေလာက္မွာ ေပါက္ခါင္းၿမိဳ႕နယ္ အိုင္ဝန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေ႐ႊကို အင္းၾကင္းေတာင္လမ္းစုံမွာ ဓားနဲ႔ထိုးခဲ့တာျဖစ္တယ္လို႔ ေပါက္ေခါင္းလြတ္ေျမာက္ေရးအင္အားစု တာဝန္ခံ ဗိုလ္ဒိုင္ႀကီးက ေျပာပါတယ္

“သူက စစ္ေကာင္စီနဲ႔ ေပါင္းတယ္။ ေပါင္းၿပီးသြားတဲ့အခါ ကာကြယ္ေရးတပ္ေတြနဲ႔ ေဒသခံေတြ ဆက္သြယ္တာေတြကိုဖ်က္ဆီးတယ္။ စစ္တပ္နဲ႔ေပါင္းၿပီး ႐ြာေတြရဲ႕ ေနအိမ္ေတြကို ဖ်က္တယ္။ ႐ြာေတြရဲ႕ပစၥည္းေတြ ခိုးယူတိုက္တာေတြ လုပ္တယ္” လို႔ ေျပာပါတယ္

ေသဆုံးသူ ဦေက်ာ္ေ႐ႊဟာ အုပ္စုအုပ္ခ်ဳပ္ေရးမႉးျဖစ္တာေၾကာင့္ အစည္အေဝးတခုမွာ စစ္ေကာင္စီက ဆုတံဆိပ္နဲ႔ ေငြသား ခ်ီးျမင့္ခံထားရသူတဦးျဖစ္ၿပီး ၃ လုံးေရာင္းတဲ့ စာရင္းအပ္ၿပီးအျပန္လမ္းမွာ သတ္ခံလိုက္ရတာ ျဖစ္တယ္လို႔ သိရပါတယ္

ႏိုဝင္ဘာ ၁၇ ရက္ မနက္ပိုင္းက်မွ အဲ့ဒီအုပ္ခ်ဳပ္ေရးမႉး သတ္ခံလိုက္ရတဲ့ အင္ၾကင္းလမ္းစုံကို ေပါက္ေခါင္းၿမိဳ႕က ရဲနဲ႔ စစ္သားေတြ အေလာင္းေကာက္ဖို႔ သြားရင္း အိုင္ဝန္း႐ြာကို စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ သိရပါတယ္

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၅ ရက္ကလည္း ေပါက္ေခါင္းၿမိဳ႕နယ္ လဝက ႐ုံးနဲ႔ စည္ပင္႐ုံးေတြကို ေပါက္ေခါင္းလြတ္ေျမာက္ေရးအင္အားစုကပဲ ဝင္ၿပီး မိုင္းခြဲခဲ့ပါေသးတယ္

သတင္း -ဒိန္းဂ်ား၊ စာတည္း- ဇို

ဆုတံဆိပ်ရထားတဲ့ အုပ်ချုပ်ရေးမှူး ဓားနဲ့ထိုးခံရပြီးသေဆုံး

ပေါက်ခေါင်း ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၂၂

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး နိုဝင်ဘာ ၁၆ ရက်က ဓားနဲ့ထိုးပြီး သတ်ခံလိုက်ရတယ်လို့ ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစု အဖွဲ့ဆီက သိရပါတယ်

မနေ့က ညနေ ၅ နာရီလောက်မှာ ပေါက်ခါင်းမြို့နယ် အိုင်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေကို အင်းကြင်းတောင်လမ်းစုံမှာ ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု တာဝန်ခံ ဗိုလ်ဒိုင်ကြီးက ပြောပါတယ်

“သူက စစ်ကောင်စီနဲ့ ပေါင်းတယ်။ ပေါင်းပြီးသွားတဲ့အခါ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေ ဆက်သွယ်တာတွေကိုဖျက်ဆီးတယ်။ စစ်တပ်နဲ့ပေါင်းပြီး ရွာတွေရဲ့ နေအိမ်တွေကို ဖျက်တယ်။ ရွာတွေရဲ့ပစ္စည်းတွေ ခိုးယူတိုက်တာတွေ လုပ်တယ်” လို့ ပြောပါတယ်

သေဆုံးသူ ဦကျော်ရွှေဟာ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် အစည်အဝေးတခုမှာ စစ်ကောင်စီက ဆုတံဆိပ်နဲ့ ငွေသား ချီးမြင့်ခံထားရသူတဦးဖြစ်ပြီး ၃ လုံးရောင်းတဲ့ စာရင်းအပ်ပြီးအပြန်လမ်းမှာ သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းကျမှ အဲ့ဒီအုပ်ချုပ်ရေးမှူး သတ်ခံလိုက်ရတဲ့ အင်ကြင်းလမ်းစုံကို ပေါက်ခေါင်းမြို့က ရဲနဲ့ စစ်သားတွေ အလောင်းကောက်ဖို့ သွားရင်း အိုင်ဝန်းရွာကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း ပေါက်ခေါင်းမြို့နယ် လဝက ရုံးနဲ့ စည်ပင်ရုံးတွေကို ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုကပဲ ဝင်ပြီး မိုင်းခွဲခဲ့ပါသေးတယ်

သတင်း -ဒိန်းဂျား၊ စာတည်း- ဇို

 

Leave a Reply

Your email address will not be published. Required fields are marked *