စစ္သားမ်ား၏ ဆိုင္ကယ္ခိုးသြားသူမွာ စစ္ေသြးႏွင့္ရဲေသြးျဖစ္ၿပီး ခိုးရာပါဆိုင္ကယ္ စီးလာသူ ရဲတပ္ၾကပ္မွတဆင့္ ျပန္လည္ဖမ္းဆီးမိ

CJ Platform

လွည္းကူးၿမိဳ႕နယ္ ဇရပ္ကြင္းေက်း႐ြာတြင္ စစ္ေကာင္စီတပ္သားမ်ား၏ ဆိုင္ကယ္ႏွစ္စီးကို ခိုးယူခဲ့သည့္ႏွစ္ဦးကို ယေန႔နံနက္ပိုင္းတြင္ ဖမ္းဆီးရမိခဲ့ရာ စစ္တပ္သတင္းေပးႏွင့္ရဲသတင္းေပးႏွစ္ဦးျဖစ္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

လွည္းကူးၿမိဳ႕နယ္ ဇရပ္ကြင္းလမ္းဆုံတြင္ ယမန္ေန႔ ညေနပိုင္းက ဆိုင္ကယ္သူခိုးမ်ားကို စစ္ေကာင္စီက ဆိုင္ကယ္ႏွစ္စီးျဖင့္ လိုက္လံဖမ္းဆီးရာ ေနအိမ္အား ဝင္ေရာက္စစ္ေဆးေနခ်ိန္တြင္ စီးလာသည့္ ဆိုင္ကယ္အခိုးခံရသည့္ျဖစ္စဥ္မွ ခိုးယူသူႏွစ္ဦးကို ယေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကို ေျပာသည္

“မိတာကဒီလို လွည္းကူး မင္းကုန္းဘက္က ရဲတပ္ ၾကပ္တစ္ဦးက ခိုးသြားတဲ့ဆိုင္ကယ္ကို စီးလာတာ လွည္းကူးတာဆုံမွာေတြ႕လို႔ စစ္တပ္က သြားစစ္ရာကေန ဖမ္းမိတာ”ဟုေျပာသည္

မင္းကုန္းေက်း႐ြာဘက္မွ လွည္းကူးတာဆုံဘက္သို႔ ဆိုင္ကယ္စီးႏွင္လာသည့္ ရဲတပ္ၾကပ္ႀကီးတစ္ဦးကို စစ္ေဆးခဲ့ရာ ခိုယူသြားသည့္ ဆိုင္ကယ္ႏွစ္စီးကို ျပန္လည္သိမ္းဆည္းရမိၿပီး ခိုးယူသူႏွစ္ဦးမွာ စစ္ တပ္ႏွင့္ရဲကို သတင္းေပးသူမ်ားျဖစ္ေနသည္ဟု စစ္တပ္ႏွင့္နီးစပ္သူတစ္ဦးက CJ Platform ကို ေျပာသည္

“အဲ့ဒီေန႔က ဇရပ္ကြင္းမွာ လုယက္သူေတြ ေရာက္ေနတယ္ဆိုၿပီး စစ္တပ္ကိုသတင္းေပးေနတဲ့ စစ္ေသြးဆိုတဲ့သူက ဖုန္းဆက္တယ္ စစ္တပ္က သြားစစ္ေတာ့ ေနာက္ေယာင္ခံလိုက္ၿပီး ဆိုင္ကယ္ယူသြားတာ ေနာက္တစ္ေယာက္က ရဲသတင္းေပး ရဲေသြး လို႔ေခၚတယ္”ဟု ေျပာသည္

လက္ရွိအေျခအေနတြင္ ျပစ္မႈးက်ဴးလြန္သူ စစ္ေသြး(ခ)ေက်ာ္ထက္ႏိူင္ႏွင့္ ရဲေသြး (ခ) ေအာင္ေမာ္ထြန္း တို႔ႏွစ္ဦးအား လွည္းကူးၿမိဳ႕မရဲစခန္းတြင္ ဖမ္း ဆီးထားသည္ဟုသိရသည္

ရဲသတင္းေပးထံမွ ဆိုင္ကယ္ႏွစ္စီးဝယ္ယူခဲ့သည့္ ရဲတပ္ၾကပ္ႏွင့္ ရဲတပ္သားတစ္ဦးကို စစ္ေကာင္စီတပ္မွ ဝိုင္းဝန္းထိုးႀကိတ္ခဲ့၍ ေဆးကုသမႈခံယူေနရသည္ဟု ရဲအသိုင္းအဝိုင္းက သိရသည္

🖋️ ကိုေပါက္

စစ်သားများ၏ ဆိုင်ကယ်ခိုးသွားသူမှာ စစ်သွေးနှင့်ရဲသွေးဖြစ်ပြီး ခိုးရာပါဆိုင်ကယ် စီးလာသူ ရဲတပ်ကြပ်မှတဆင့် ပြန်လည်ဖမ်းဆီးမိ

CJ Platform

လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ ဆိုင်ကယ်နှစ်စီးကို ခိုးယူခဲ့သည့်နှစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ရာ စစ်တပ်သတင်းပေးနှင့်ရဲသတင်းပေးနှစ်ဦးဖြစ်နေသည်ဟု မြို့ခံတွေဆီက သိရသည်

လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံတွင် ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ်သူခိုးများကို စစ်ကောင်စီက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လံဖမ်းဆီးရာ နေအိမ်အား ဝင်ရောက်စစ်ဆေးနေချိန်တွင် စီးလာသည့် ဆိုင်ကယ်အခိုးခံရသည့်ဖြစ်စဉ်မှ ခိုးယူသူနှစ်ဦးကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်

“မိတာကဒီလို လှည်းကူး မင်းကုန်းဘက်က ရဲတပ် ကြပ်တစ်ဦးက ခိုးသွားတဲ့ဆိုင်ကယ်ကို စီးလာတာ လှည်းကူးတာဆုံမှာတွေ့လို့ စစ်တပ်က သွားစစ်ရာကနေ ဖမ်းမိတာ”ဟုပြောသည်

မင်းကုန်းကျေးရွာဘက်မှ လှည်းကူးတာဆုံဘက်သို့ ဆိုင်ကယ်စီးနှင်လာသည့် ရဲတပ်ကြပ်ကြီးတစ်ဦးကို စစ်ဆေးခဲ့ရာ ခိုယူသွားသည့် ဆိုင်ကယ်နှစ်စီးကို ပြန်လည်သိမ်းဆည်းရမိပြီး ခိုးယူသူနှစ်ဦးမှာ စစ် တပ်နှင့်ရဲကို သတင်းပေးသူများဖြစ်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်

“အဲ့ဒီနေ့က ဇရပ်ကွင်းမှာ လုယက်သူတွေ ရောက်နေတယ်ဆိုပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ စစ်သွေးဆိုတဲ့သူက ဖုန်းဆက်တယ် စစ်တပ်က သွားစစ်တော့ နောက်ယောင်ခံလိုက်ပြီး ဆိုင်ကယ်ယူသွားတာ နောက်တစ်ယောက်က ရဲသတင်းပေး ရဲသွေး လို့ခေါ်တယ်”ဟု ပြောသည်

လက်ရှိအခြေအနေတွင် ပြစ်မှုးကျူးလွန်သူ စစ်သွေး(ခ)ကျော်ထက်နိူင်နှင့် ရဲသွေး (ခ) အောင်မော်ထွန်း တို့နှစ်ဦးအား လှည်းကူးမြို့မရဲစခန်းတွင် ဖမ်း ဆီးထားသည်ဟုသိရသည်

ရဲသတင်းပေးထံမှ ဆိုင်ကယ်နှစ်စီးဝယ်ယူခဲ့သည့် ရဲတပ်ကြပ်နှင့် ရဲတပ်သားတစ်ဦးကို စစ်ကောင်စီတပ်မှ ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဆေးကုသမှုခံယူနေရသည်ဟု ရဲအသိုင်းအဝိုင်းက သိရသည်

🖋️ ကိုပေါက်

 

Leave a Reply

Your email address will not be published. Required fields are marked *