






လွန်ခဲ့တဲ့နှစ်ကာလတွေ ပြန်ကြည့်ရင် ရွှေဈေးက အတက်ဘက်မှာပဲတောက်လျှောက်ရှိတာကိုတွေ့ရတယ်။ ကိုဗစ်ကာလမတိုင်ခင် တစ်အောင်စ ဒေါ်လာ ၁၂၀၀ စွန်းစွန်းကနေစပြီးတောက်လျှောက်တက်လာတာ ၂၀၂၀ နဲ့ ၂၀၂၂ တွေမှာ

ဒေါ်လာ ၂၀၀၀ ကျော်ထိ အထွတ်ထိပ်ကိုရောက်ခဲ့ဘူးတာ တွေ့ရတယ်။ အတက်အကျ ရှိပေမဲ့ ၂၀၂၂ မှာ ထိပ်ဆုံးဈေးကနေ တောက်လျှောက် ပြန်ဆင်းလာတာ ဒေါ်လာ ၁၆၇၀ လောက်ထိ ရောက်နေတာ တွေ့ရပြန်တယ်

Investors တွေရဲ့ ရင်းနှိးမြှပ်နှံမှုမှာ ရွှေနဲ့ ဒေါ်လာကတော့ ပြောင်းပြန်သဘော ဆောင်တယ် ထင်ပါတယ်။ လက်ရှိဈေး နဲ့ပညာရှင်တွေရဲ့အပြောကို ချိန်ဆကြည့်ရင် ရွှေဈေးက…

နိုဝင်ဘာလလယ်လောက်ဆို $၁၅၈၀ ဝန်းကျင်လောက်ထိ ရှိမှာပေါ့နော်။ ဒီတော့အမြင့်ဆုံးဈေးနဲ့ အနိမ့်ဆုံး ဈေးကို ပြောပါဆိုရင် ဒေါ်လာ ၁၅၈၀ နဲ့ ဒေါ်လာ၂၀၀၀ လို့ ပြောရမှာပေါ့

လက်ထဲမှာ ပိုက်ဆံရှိမနေပေမဲ့ patterns တွေကိုလေ့လာရတာ ဝါသနာဖြစ်လို့ပါ။ တစ်ဒေါ်လာ ၃၀၀၀ နဲ့တွက်ရင် တစ်ကျပ်သား (၂၅)သိန်းကနေ (၃၂) သိန်းဝန်းကျင်လို့ပဲ ပြောရမယ်ထင်ပါ့ဗျာ

ဘာကိုကြည့်ပြီး ဘယ်လိုခန့်မှန်းချက် ထုတ်တယ်ဆိုတာ မသိပေမဲ့ ဆောင်းပါးရှင်တွေအဆိုအရတော့ နိုဝင်ဘာမှာ (ဒီနှစ်အတွက်) အနိမ့်ဆုံးဈေးကို ရောက်ပြီး ဒီဇင်ဘာထဲမှာ…

အမြင့်ဆုံးဈေးကိုပြန်ရောက်မယ်ဆိုသဗျ။ အဆုံးအဖြတ်က ပူတင်လည်း ဖြစ်နိုင်သေးတယ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူးပေါ့နော်ဗျာ Writer – Kyaw San

 

Leave a Reply

Your email address will not be published. Required fields are marked *